Connect with us

Europe

နိုင်ငံခြားကာကွယ်ရေးကုမ္ပဏီ ၂၅ ခုက ထုတ်လုပ်မှုကို ယူကရိန်း၌ ဆောင်ရွက်

ယူကရိန်းနိုင်ငံ Irpin မြို့၌ လမ်းနံဘေးတွင် ထိုင်နေသော ယူကရိန်းစစ်သည်တစ်ဦးကို ၂၀၂၂ ခုနှစ် မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ကမ္ဘာ့ကာကွယ်ရေးဆိုင်ရာထုတ်လုပ်ရေးကုမ္ပဏီကြီးများ အပါအဝင် နိုင်ငံခြားကုမ္ပဏီ ၂၅ ခုသည် ၎င်းတို့၏ ထုတ်လုပ်မှုကို လက်ရှိတွင် ယူကရိန်းနိုင်ငံ၌ လုပ်ဆောင်နေသည်ဟု ယူကရိန်းကာကွယ်ရေးဝန်ကြီး Denys Shmyhal က စက်တင်ဘာ ၂၀ ရက်၌ ကြေညာခဲ့သည်။
“ကျွန်တော်တို့က ကျွန်တော်တို့ရဲ့မိတ်ဖက်တွေကို ပူးပေါင်းဆောင်ရွက်မှု ပုံစံအမျိုးမျိုးနဲ့ ကမ်းလှမ်းပါတယ်… အဓိကကတော့ ကုမ္ပဏီရဲ့ ထုတ်ကုန်အများစုက ယူကရိန်းစစ်တပ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ပါ” ဟု Shmyhal က Telegram တွင် ရေးသားခဲ့သည်။
ရင်းနှီးမြှုပ်နှံသူများအတွက် စွန့်စားရမှုများ လျော့နည်းစေရန်နှင့် ဖက်စပ်လုပ်ငန်းများကို ပိုမိုဆွဲဆောင်နိုင်ရန် ယူကရိန်းသည် ကာကွယ်ရေးစက်မှုလုပ်ငန်းအတွက် ဆွဲဆောင်မှုများပေးမည့် အထူးယန္တရားတစ်ခုကို ထူထောင်နေကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
ထိုဆွဲဆောင်မှုများတွင် အခွန်လျှော့ခြင်းများ၊ ရိုးရှင်းသော အကောက်ခွန်လုပ်ထုံးလုပ်နည်းများ၊ ထုတ်လုပ်မှုကို ဘေးကင်းသော ဒေသများသို့ ရွှေ့ပြောင်းခြင်း၊ တိုးမြှင့်ထားသော နိုင်ငံတော်ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် ပို့ကုန်အခွင့်အလမ်းများ ပါဝင်သည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
25 foreign defense companies localize production in Ukraine
KIEV, Sept. 19 (Xinhua) — Ukrainian Defense Minister Denys Shmyhal announced on Friday that 25 foreign companies, including global defense production giants, are currently localizing their production in Ukraine.
“We offer partners various models of cooperation… The priority is that the majority of the company’s output serves the needs of the Ukrainian army,” Shmyhal wrote in a post on Telegram.
To minimize risks for investors and make joint ventures more attractive, Ukraine is establishing a special mechanism to provide incentives for the defense industry, the minister said.
He said that these incentives include tax breaks, simplified customs procedures, relocation of production to safer regions, increased state financial support and export opportunities. ■
English Caption
A Ukrainian soldier sits by the road in Irpin, Ukraine, on March 4, 2022. (Photo by Diego Herrera/Xinhua)