Connect with us

China

အဋ္ဌမ အကြိမ်မြောက် “တရုတ်တောင်သူလယ်သမားများ သီးနှံရိတ်သိမ်းရေးပွဲတော်” ရောက်ရှိလာသည့် အခါသမယတွင် ရှီကျင့်ဖိန်က နိုင်ငံတစ်ဝန်း တောင်သူလယ်သမားများနှင့် “လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်တောရွာနှင့် တောင်သူလယ်သမား ကဏ္ဍသုံးရပ်” ရှေ့တန်းတွင် လုပ်ကိုင်နေကြသည့် ရဲဘော်များအား ပွဲတော်ဂုဏ်ပြုနှုတ်ခွန်းဆက်စကား နွေးထွေးစွာ ပြောကြား

တရုတ်နိုင်ငံ ချုံချင့်မြို့ ချန်ကျန်းခရိုင် ဝူလီမြို့နယ်ရှိ စပါးခင်းတွင် စပါးစိုက်တောင်သူများက စပါးရိတ်သိမ်းနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
အဋ္ဌမ အကြိမ်မြောက် “တရုတ်တောင်သူလယ်သမားများ သီးနှံရိတ်သိမ်းပွဲတော်” ရောက်ရှိလာသည့် အခါသမယတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပါတီဗဟိုကော်မတီကိုယ်စား နိုင်ငံတစ်ဝန်း တောင်သူလယ်သမားများနှင့် “လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်တောရွာနှင့် တောင်သူလယ်သမား ကဏ္ဍသုံးရပ်” ရှေ့တန်းတွင် လုပ်ကိုင်နေကြသည့် ရဲဘော်များအား ပွဲတော်ဂုဏ်ပြု နှုတ်ခွန်းဆက်စကား နွေးထွေးစွာ ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က ယခုနှစ်တွင် မိမိတို့သည် မိုးခေါင်ရေရှားမှု၊ ရေကြီးရေလျှံမှု စသည့် သဘာဝကပ်ဘေးများ၏ သက်ရောက်မှုကို ကျော်လွှားကာ နွေရာသီ စားနပ်ရိက္ခာ တည်ငြိမ်စွာ ထုတ်လုပ်ရန်၊ ကောက်စောစပါး အထွက်နှုန်းတိုးရန် ဖော်ဆောင်ခဲ့ရာ စားနပ်ရိက္ခာ ထပ်မံသီးထွက်နှုန်းတိုးရန် မျှော်မှန်းနိုင်ခဲ့ကြောင်း ထောက်ပြပြောကြားခဲ့သည်။

တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးသည် လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်တောရွာ ခေတ်မီအသွင်ပြောင်းရေးနှင့် ကင်းကွာ၍မရကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။ ပါတီကော်မတီနှင့် အစိုးရ အဆင့်ဆင့်က ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ မူဝါဒဆုံးဖြတ်ချက် ဖြန့်ကြက်မှုများကို နက်ရှိုင်းစွာ လက်တွေ့ဖော်ဆောင်ရမည် ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်တောရွာ ဦးစားပေးဖွံ့ဖြိုးတိုးတက်မှုကို အခိုင်အမာလက်ကိုင်ထားရမည်ဖြစ်ကြောင်း၊ ကျေးလက်တောင်သူလယ်သမားများ အားကောင်းမှု၊ အကျိုးဖြစ်ထွန်းမှု၊ ချမ်းသာကြွယ်ဝမှုရှိစေသော မူဝါဒများကို ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ရမည်ဖြစ်သလို လယ်ယာစိုက်ပျိုးရေးလုပ်ငန်း သိပ္ပံနည်းပညာစက်ပစ္စည်းများ၏ ပံ့ပိုးမှုအင်အားကို ဖြည့်တင်းရမည်ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဘက်စုံထုတ်လုပ်ရေး စွမ်းရည်မြှင့်တင်ရန် အားထားဆောင်ရွက်ရမည်ဖြစ်ပြီး တောင်သူလယ်သမားများ အလုပ်အကိုင်ရရှိရေးနှင့် ဝင်ငွေတိုးပွားရေးကို အစီအမံများစွာ လုပ်ဆောင်ကာ မြှင့်တင်ရမည်ဖြစ်သလို ကျေးလက်တောရွာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ခိုင်ခိုင်မာမာ တွန်းအားပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကျယ်ပြန့်ကြီးမားလှသည့် တောင်သူလယ်သမားလူထုအနေဖြင့် ကိုယ်တိုင်ဆန်းသစ်ဖန်တီးမှုကို အပြည့်အဝဆောင်ရွက်ကြရန်၊ လူမှုအသိုက်အဝန်း နယ်ပယ်အသီးသီးက တက်ကြွစွာ အားပေးပါဝင်ကြရန်၊ နေထိုင်မှုနှင့် လုပ်ငန်းလုပ်ဆောင်မှု သင့်လျော်၍ သာယာလှပသော ကျေးလက်ဒေသအဖြစ် ကြိုးပမ်းတည်ဆောက်ကာ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေး၏ သာယာလှပသော အနာဂတ်ကို အတူတကွ တက်လှမ်းကြရန် မျှော်လင့်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
在第八个“中国农民丰收节”到来之际   习近平向全国广大农民和工作在“三农”战线上的同志们致以节日祝贺和诚挚问候   强调努力建设宜居宜业和美乡村   共同奔向中国式现代化的美好未来
新华社北京9月22日电 在第八个“中国农民丰收节”到来之际,中共中央总书记、国家主席、中央军委主席习近平代表党中央,向全国广大农民和工作在“三农”战线上的同志们致以节日祝贺和诚挚问候。
习近平指出,今年,我们克服干旱、洪涝等自然灾害影响,实现夏粮稳产、早稻增产,粮食有望再获丰收。
习近平强调,中国式现代化离不开农业农村现代化。各级党委和政府要深入贯彻党中央决策部署,坚持农业农村优先发展,完善强农惠农富农政策,强化农业科技装备支撑,着力提升农业综合生产能力,多措并举促进农民就业和增收,扎扎实实推进乡村全面振兴。希望广大农民群众充分发挥主动性创造性,社会各界积极支持参与,努力建设宜居宜业和美乡村,共同奔向中国式现代化的美好未来。(完)
1. 9月18日,稻农在重庆市黔江区五里镇的稻田里抢收稻谷(无人机照片)。新华社记者 唐奕 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.