Agriculture
မြန်မာနိုင်ငံတွင် ကော်ဖီသီးနှံ ဧက ၁၀၀,၀၀၀ အထိ လျာထားကာ စိုက်ပျိုးလျက်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတစ်ဝန်း တစ်နှစ်မှ နှစ်နှစ်အတွင်း ကော်ဖီသီးနှံ ဧက တစ်သိန်းအထိ လျာထားစိုက်ပျိုးရန် စီစဉ်လျက်ရှိကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ စက်တင်ဘာ ၂၂ ရက်၌ ပြောကြားခဲ့သည်။
လယ်ယာထွက်သီးနှံများကို ပြည်ပပို့ကုန်အဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရန်နှင့် စိုက်ပျိုးထုတ်လုပ်သူ လုပ်ငန်းရှင်တောင်သူများ စီးပွားရေးတွက်ခြေကိုက်၍ အကျိုးရလဒ်ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း စက်တင်ဘာ ၂၂ ရက်က နိုင်ငံပိုင်နေ့စဉ်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
လက်ရှိကာလအထိ ၆၃,၂၂၆ ဧကခန့် စိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိစိုက်ပျိုးသည့် ကော်ဖီသီးနှံအမျိုးအစား နှစ်မျိုးရှိရာ တောင်ပေါ်ကော်ဖီခေါ် (Aribiaca) မျိုးနှင့် မြေနိမ့်ကော်ဖီ (Robusta) မျိုးတို့ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။
ကော်ဖီသီးနှံ ဧက ၁၀၀,၀၀၀ ပြည့်မီစေရန် လျာထားစိုက်ပျိုးလျက်ရှိသည့် ဒေသများမှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့ဖြစ်ကြောင်း သိရသည်။
လျာထားချက် အောင်မြင်စေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီမျိုးစေ့များ၊ ပျိုးပင်များနှင့် နည်းပညာပိုင်းဆိုင်ရာတို့အား ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………..
(English Version )
Myanmar plans to cultivate up to 100,000 acres of coffee crops
YANGON, Sept. 22 (Xinhua) — Myanmar plans to cultivate up to 100,000 acres of coffee crops across the country within one to two years, an official from the Department of Agriculture told Xinhua on Monday.
The initiative aims to increase the production of agricultural products for export and ensure benefits for farmers, state-owned daily Myanma Alinn reported.
So far, about 63,226 acres of coffee crops have been planted across the country, the report said.
Currently, two types of coffee are being grown in Myanmar, Arabica coffee and Robusta coffee, it said.
The target areas for coffee cultivation to reach 100,000 acres include Nay Pyi Taw, Mandalay, Bago, Ayeyarwady, Mon, Tanintharyi, Sagaing, and Magway regions, it added.
To help achieve the target, the Department of Agriculture will provide coffee seeds, seedlings and technical support, the report said. ■