Connect with us

Agriculture

မြန်မာနိုင်ငံသည် ၈ လအတွင်း ပဲနှင့် ပဲမျိုးစုံ တန်ချိန် ၁ သန်းကျော် တင်ပို့နိုင်ခဲ့

ရှမ်းပြည်နယ်ရှိ ပဲစိုက်ခင်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၈ လတာကာလအတွင်း ပဲနှင့် ပဲမျိုးစုံ တန်ချိန် ၁.၀၅ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဒီဇင်ဘာ ၉ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံသည် ပဲနှင့်ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၉၅.၄၁၃ သန်းကျော်ကို ဝင်ငွေရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

အဆိုပါကာလအတွင်း ပဲနှင့် ပဲမျိုးစုံ ၉၂၄,၁၄၂ တန်ကျော်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပြီး ပဲမျိုးစုံ ၁၃၅,၂၃၉ တန်ကျော် နယ်စပ်မှ တင်ပို့ခဲ့ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။ပဲနှင့် ပဲမျိုးစုံသည် မြန်မာနိုင်ငံတွင် ဆန်ပြီးလျှင် ဒုတိယ အများဆုံး စိုက်ပျိုးသည့် သီးနှံဖြစ်ပြီး နိုင်ငံ၏ လယ်ယာထွက်ကုန် စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာမှ သိရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲနှင့် ပဲမျိုးစုံကို တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဥရောပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117