China
တရုတ်နိုင်ငံက သံမဏိလုပ်ငန်း အဆင့်မြှင့်ရန်နှင့် လုပ်ငန်းလည်ပတ်မှုတည်ငြိမ်စေရန် ထောက်ပံ့မည်

ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတာဝန်ရှိသူများသည် သံမဏိလုပ်ငန်းတွင် ဖွဲ့စည်းပုံအဆင့်မြှင့်ရန်နှင့် လုပ်ငန်းလည်ပတ်မှု တည်ငြိမ်စေရန် လုပ်ငန်းအစီအစဥ်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန (MIIT) ၏ စက်တင်ဘာ ၂၂ ရက် အဆိုအရသိရသည်။
၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ်ကာလတွင် တရုတ်နိုင်ငံ၏ သံမဏိလုပ်ငန်းတွင် တန်ဖိုးမြှင့်ထုတ်ကုန်များ နှစ်စဥ် ပျမ်းမျှ ၄ ရာခိုင်နှုန်းဝန်းကျင် ပိုမိုထုတ်လုပ်နိုင်စေရန် ရည်မှန်းချက်ထားကြောင်း၊ စီးပွားရေးစွမ်းဆောင်မှု တိုးတက်စေရန် ရောင်းလိုအားဝယ်လိုအားစျေးကွက် ထိန်းညှိရာတွင် ပိုမိုကောင်းမွန်စေရန် စက်မှုလုပ်ငန်းအခြေအနေ ပိုမိုကိုက်ညီအောင်ဆောင်ရွက်ရန် လုပ်ငန်းအစီအစဥ်တွင် ဖော်ပြထားသည်။ အဆိုပါအစီအစဥ်ကို MIIT နှင့် အစိုးရအဖွဲ့အစည်းလေးခုမှ ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သံမဏိကဏ္ဍတွင် စက်မှုလုပ်ငန်းစီမံခန့်ခွဲမှု အားကောင်းခိုင်မာစေပြီး အရည်အသွေးလျော့နည်းပြီး ခေတ်မမီတော့သည့်ထုတ်လုပ်မှုစွမ်းရည်ကိုဖယ်ထုတ်ပစ်ရန် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စီးပွားရေးလုပ်ငန်းများအား ထောက်ပံ့ရန်နှင့် စျေးကွက်ချိန်ညှိမှုမြှင့်တင်သင့်ကြောင်း အစီအစဥ်တွင် ထပ်လောင်းပြောကြားခဲ့သည်။
အဆင့်မြင့်ထုတ်ကုန်များထောက်ပံ့မှု မြှင့်တင်ရန် သံမဏိလုပ်ငန်း၏နည်းပညာဆန်းသစ်တီထွင်မှုကို မြှင့်တင်သင့်ကြောင်းနှင့် အကြီးစားကုန်ကြမ်းပစ္စည်းများအရည်အသွေးမြှင့်တင်ရန်နှင့် ကုန်ကြမ်းနှင့်လောင်စာပစ္စည်းများ ထောက်ပံ့မှုတည်ငြိမ်စေရန် လုပ်ငန်းအစီအစဥ်တွင် ဖော်ပြခဲ့သည်။
နည်းပညာအဆင့်မြှင့်ရန်နှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၊ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော ကူးပြောင်းမှုများ အရှိန်မြှင့်လုပ်ဆောင်ရန် သံမဏိလုပ်ငန်းတွင် ထိရောက်သည့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့လုပ်ဆောင်သင့်ကြောင်း အဆိုပါလုပ်ငန်းအစီအစဥ်တွင် ဖော်ပြခဲ့သည်။
သံမဏိလုပ်ငန်းကဏ္ဍတွင် တံခါးဖွင့်လှစ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိင်းခြင်း၏ အရေးကြီးကြောင်းလည်း လုပ်ငန်းအစီအစဥ်တွင် အလေးထားဖော်ပြခဲ့သည်။ (Xinhua)
……………………
(English Version)
China to support steel sector’s steady operation, structural upgrading
BEIJING, Sept. 22 (Xinhua) — Chinese authorities have issued a work plan to support the steady operation and structural upgrading of its steel industry, according to the Ministry of Industry and Information Technology (MIIT) on Monday.
For the 2025 to 2026 period, China’s steel industry should aim its value-added output growth at an average annual rate of around 4 percent, with improved economic performance, better balanced market supply and demand, and a more optimized industrial structure, the work plan says. It was jointly released by the MIIT and four other government organs.
Industry management of the steel sector should be strengthened to phase out backward and inefficient production capacity, support competitive enterprises and promote a balanced market, it adds.
Technological innovation in the steel industry should be enhanced to boost high-end product supply, upgrade the quality of bulk materials, and stabilize the supply of raw and fuel materials, the work plan states.
The work plan notes that effective investment in the steel industry should be expanded — to accelerate technological upgrades, digital transformation and green transition.
The work plan also stresses the importance of deepening opening up and cooperation in the steel sector.
Photo : Employees package wheel products at a workshop in China Baowu Group Masteel Rail Transit Materials Technology Co., Ltd. (MRT) in Ma’anshan, east China’s Anhui Province. (Photo by Luo Jisheng/Xinhua)