Connect with us

China

တရုတ်နိုင်ငံက ၅ နှစ်အတွင်း ဘွဲ့ကြိုသက်မွေးတက္ကသိုလ်အသစ် ၆၃ ခု တည်ထောင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် မြို့တော်ကွေ့ယန်၌ နိုင်ငံအဆင့် သက်မွေးပညာကျွမ်းကျင်မှုပြိုင်ပွဲတစ်ခု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လျှပ်စစ်ကျွမ်းကျင်သူများ ပြိုင်ပွဲတစ်ခုအတွင်း ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေပုံကို ၂၀၂၄ ခုနှစ် မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် လွန်ခဲ့သည့်ငါးနှစ်အတွင်း ဘွဲ့ကြိုသက်မွေးတက္ကသိုလ် ၆၃ ခုကို ထူထောင်ခဲ့ကြောင်း ပညာရေးဌာန ဒုတိယဝန်ကြီး ရှုန်စစ်ဟောက် က စက်တင်ဘာ ၂၃ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
တရုတ်နိုင်ငံတွင် ဘွဲ့ကြိုသက်မွေးတက္ကသိုလ် ၈၇ ခု၊ သက်မွေးအလယ်တန်းကျောင်း ၉,၃၀၂ ကျောင်းနှင့် သက်မွေးကောလိပ်ပေါင်း ၁,၅၆၂ ကျောင်းတို့ ရှိပြီး ကျောင်းသားဦးရေ စုစုပေါင်း ၃၄ သန်းအထိ ရှိလာခဲ့ကြောင်း Xiong က သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
ထိုအရေအတွက်များဖြင့် တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး သက်မွေးပညာရေးစနစ်ကို တည်ဆောက်လိုက်ပြီဖြစ်ကြောင်း ရှုန်က ပြောကြားခဲ့သည်။
အဆိုပါပညာရေးအဖွဲ့အစည်းများသည် ကုလသမဂ္ဂစက်မှုအမျိုးအစားခွဲခြားမှု၌ ဖော်ပြထားသောစက်မှုအမျိုးအစားတိုင်းနှင့် အကျုံးဝင်သည့် အဓိကဘာသာရပ် ၁,၄၃၄ ခုကို သင်ကြားပေးလျက်ရှိကြောင်း ရှုန်က ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့အပြင် တရုတ်နိုင်ငံသည် ဒေသတွင်းစီးပွားရေးနှင့် စက်မှုဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ စွမ်းရည်လေ့ကျင့်ပျိုးထောင်မှု ပိုမိုကောင်းမွန်စေရန် စက်မှုနှင့် ပညာရေး ပေါင်းစပ်မှုကိုလည်း မြှင့်တင်လျက်ရှိကြောင်း ရှုန် က ပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
China adds 63 new vocational undergraduate universities in 5 years
BEIJING, Sept. 23 (Xinhua) — China has established 63 vocational undergraduate universities in the past five years, Xiong Sihao, vice minister of education, announced Tuesday.
China is home to 87 vocational undergraduate universities, 9,302 secondary vocational schools and 1,562 vocational colleges, with the total number of students reaching 34 million, Xiong told a press conference.
With these figures, China has built the world’s largest vocational education system, Xiong said.
He added that these institutions offer 1,434 majors, covering every industrial category listed in the United Nations Industrial Classification.
In addition, China has also promoted the integration of industries and education to better align talent cultivation with regional economic and industrial development, Xiong said. ■
English Caption
Contestants compete during a contest of electricians, part of a national vocational skills competition, in Guiyang, capital of southwest China’s Guizhou Province, May 8, 2024. (Xinhua/Tao Liang)