China
ချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံမှုများကို တရုတ်နှင့် ဟန်ဂေရီ ထပ်လောင်းအတည်ပြု

ဘူဒါပက်စ်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပက်စ်ရှိ ဘူဒါပက်စ် တရုတ်ယဉ်ကျေးမှုစင်တာ၌ စက်တင်ဘာ ၂၃ ရက်က ကျင်းပပြုလုပ်ခဲ့သော “ယဥ်ကျေးမှုဆိုင်ရာ မဟာဟောပြောပို့ချပွဲ” အခမ်းအနား၌ တရုတ်နိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့မှ တာဝန်ရှိသူများနှင့် ပညာရှင်များက သမိုင်းဝင်နှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံမှုများ ပိုမိုနက်ရှိုင်းလာစေရန် မီးမောင်းထိုးပြခဲ့သည်။
ဟန်ဂေရီပါလီမန်အဖွဲ့ဝင် Imre Pesti က ကမ္ဘာ့ အရှေ့ခြမ်းနှင့် အနောက်ခြမ်းကြား တံတားတစ်စင်းအဖြစ် ဟန်ဂေရီနိုင်ငံ၏အခန်းကဏ္ဍနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအတွက် ဟန်ဂေရီနိုင်ငံ၏ ပံ့ပိုးမှုတို့ကို အလေးပေးပြောကြားခဲ့ပြီး ယခုအခါ အပတ်စဉ် လေကြောင်းခရီးစဉ် ၂၁ ခုက ဘူဒါပက်စ်နှင့် တရုတ်နိုင်ငံတို့ကို ချိတ်ဆက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတကာနားလည်မှုဆိုင်ရာ တရုတ်အသင်းဥက္ကဋ္ဌ ကျီပင်ရွှမ်း က နှစ်နိုင်ငံပြည်သူများအကြား ဆက်ဆံရေးခိုင်မာစေရန် ယဉ်ကျေးမှု၊ မီဒီယာနှင့် လူငယ်ရေးရာများ၌ ပိုမိုကျယ်ပြန့်စွာ ဖလှယ်ကြရန် တိုက်တွန်းခဲ့သည်။
ဟန်ဂေရီ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Judit Eva Nagy က ကွန်ဖြူးရှပ်အဖွဲ့အစည်းခြောက်ခု၊ ဟန်ဂေရီရှိ တရုတ်ကျောင်းသားဦးရေ ၃,၀၀၀ နှင့် တရုတ်တက္ကသိုလ် တစ်ဒါဇင်ကျော်၌ သင်ကြားလျက်ရှိသည့် ဟန်ဂေရီ သင်တန်းများကို တက်ကြွသော ယဉ်ကျေးမှုဖလှယ်မှုများ၏ သက်သေသာဓကများအဖြစ် ကိုးကားပြခဲ့သည်။
ဟန်ဂေရီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကုန်းထောင်း ကလည်း နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်မှုများမှာ ဆက်လက် နက်ရှိုင်းလာကာ ယူရေရှားယဉ်ကျေးမှုအတွက် တံတားတစ်စင်းကို တည်ဆောက်လျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပက်စ်ရှိ ဘူဒါပက်စ်တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည့် “ယဉ်ကျေးမှုဆိုင်ရာ မဟာဟောပြောပို့ချပွဲ” ၌ နိုင်ငံတကာနားလည်မှုဆိုင်ရာ တရုတ်အသင်းဥက္ကဋ္ဌ Ji Bingxuan ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပက်စ်ရှိ ဘူဒါပက်စ်တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည့် “ယဉ်ကျေးမှုဆိုင်ရာ မဟာဟောပြောပို့ချပွဲ” ၌ ဟန်ဂေရီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Gong Tao ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပက်စ်ရှိ ဘူဒါပက်စ်တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည့် “ယဉ်ကျေးမှုဆိုင်ရာ မဟာဟောပြောပို့ချပွဲ” ၌ ဟန်ဂေရီပါလီမန်အဖွဲ့ဝင် Imre Pesti ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………
(English Version)
China, Hungary reaffirm friendship, cultural ties
BUDAPEST, Sept. 23 (Xinhua) — Chinese and Hungarian officials and scholars highlighted deepening historical and cultural ties at the “Civilization Grand Lecture Series” held Tuesday at the Budapest China Cultural Center.
Imre Pesti, member of the Hungarian Parliament, emphasized Hungary’s role as a bridge between East and West and its support for the Belt and Road Initiative, noting 21 weekly flights now link Budapest and China.
Ji Bingxuan, president of the Chinese Association for International Understanding, called for broader exchanges in culture, media, and youth to strengthen bilateral people-to-people bonds.
Hungary-China Friendship Association chair Judit Eva Nagy cited six Confucius Institutes, 3,000 Chinese students in Hungary, and Hungarian courses at over a dozen Chinese universities as proof of vibrant cultural exchanges.
Chinese Ambassador to Hungary Gong Tao said bilateral cultural exchanges have continued to deepen, building a bridge for Eurasian civilizations. ■
English Caption 1
Hungary-China Friendship Association chair Judit Eva Nagy speaks at the “Civilization Grand Lecture Series” held at the Budapest China Cultural Center in Budapest, Hungary on Sept. 23, 2025. (Photo by Attila Volgyi/Xinhua)
English Caption 2
Ji Bingxuan, president of the Chinese Association for International Understanding, speaks at the “Civilization Grand Lecture Series” held at the Budapest China Cultural Center in Budapest, Hungary on Sept. 23, 2025. (Photo by Attila Volgyi/Xinhua)
English Caption 3
Chinese Ambassador to Hungary Gong Tao speaks at the “Civilization Grand Lecture Series” held at the Budapest China Cultural Center in Budapest, Hungary on Sept. 23, 2025. (Photo by Attila Volgyi/Xinhua)
English Caption 4
Imre Pesti, member of the Hungarian Parliament, speaks at the “Civilization Grand Lecture Series” held at the Budapest China Cultural Center in Budapest, Hungary on Sept. 23, 2025. (Photo by Attila Volgyi/Xinhua)