China
ထျန်းအန်းမန်ရင်ပြင်က “အမိမြေ ဂုဏ်ပြု” ပန်းခြင်းကြီး

ပေကျင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် “အမိမြေ ဂုဏ်ပြု” ဧရာမပန်းခြင်းကြီး၏ လုပ်ငန်းများသည် စက်တင်ဘာ ၂၅ ရက်တွင် တရားဝင်ပြီးစီးခဲ့ရာ တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်းအန်းမန် ရင်ပြင်တွင် ပြည်သူများနှင့်အတူ ပွဲတော်ကာလ အတူဖြတ်သန်းရန် ပြသထားပြီဖြစ်သည်။
ယခုနှစ် “အမိမြေ ဂုဏ်ပြု” ပန်းစင်သည် ပျော်ရွှင်ဖွယ် မင်္ဂလာပန်းခြင်းကို အဓိကမြင်ကွင်းအဖြစ် ထားရှိခြင်းဖြစ်ပြီး ပန်းစင်ထိပ်အမြင့် ၁၈ မီတာ၊ ပန်းခြင်းအမြင့် ၁၆ မီတာ၊ ပန်းခြင်း၏ အချင်း ၁၂ မီတာ ရှိပေသည်။ ပန်းခြင်းကိုယ်ထည် တောင်ဘက်ခြမ်းတွင် “အမိမြေအား ဂုဏ်ပြုခြင်း”၊ “၁၉၄၉-၂၀၂၅” ဟူသော စာသားရေးသားထားပြီး ပန်းခြင်းကိုယ်ထည် မြောက်ဘက်ခြမ်းတွင် “တရုတ်အမျိုးသားနေ့ ပျော်ရွှင်စွာ ဖြတ်သန်းကြမည်”၊ “၁၉၄၉-၂၀၂၅” ဟူသော စာသားများ ရေးသားထားသည်။ ပန်းခြင်းအတွင်း အတိတ်နိမိတ်ကောင်းသည့် ပန်းမန်များနှင့် ရွေးချယ်စီမံထားရာ ၎င်းတို့အနက် ကြာပန်း၏အနက်အဓိပ္ပာယ်မှာ “သင့်သင့်မြတ်မြတ် သာယာချမ်းမြေ့ခြင်း”၊ သံလွင်ခက်၏အနက်အဓိပ္ပာယ်မှာ “ဂုဏ်ရောင်ထွန်းပြောင်၍ ငြိမ်းချမ်းခြင်း” စသည်တို့ပါဝင်သည့်အပြင် ငြိမ်းချမ်းရေးခိုငှက် အကြောင်းအရာများဖြင့် ပေါင်းစည်းထားရာ “ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောခြင်း” ကို ဖော်ဆောင်ထားသည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်းအန်းမန်ရင်ပြင်တွင် “အမိမြေ ဂုဏ်ပြု” ပန်းခြင်းကြီးအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်းအန်းမန်ရင်ပြင်ရှိ “အမိမြေ ဂုဏ်ပြု” ပန်းခြင်းကြီးအား ခရီးသွားဧည့်သည်များ ရှုစားနေကြသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————
(Chinese Version)
“祝福祖国”大花篮亮相天安门广场
新华社照片,北京,2025年9月26日
9月25日,2025年“祝福祖国”巨型花篮正式完工,亮相天安门广场与市民共度佳节。今年“祝福祖国”花坛以喜庆的花篮为主景,花坛顶高18米,篮体高16米,篮盘直径12米。篮体南侧书写“祝福祖国”“1949-2025”字样,篮体北侧书写“欢度国庆”“1949-2025”字样。篮内选取了美好寓意的花卉,其中荷花寓意“和和美美”、橄榄枝寓意“荣耀和平”等,还结合和平鸽元素,体现“和平发展、欣欣向荣”。
1. 9月25日在天安门广场拍摄的“祝福祖国”大花篮夜景。新华社发
2. 9月25日在天安门广场拍摄的“祝福祖国”大花篮。新华社记者 鞠焕宗 摄
3. 游客在天安门广场观赏“祝福祖国”大花篮(9月25日摄)。新华社记者 鞠焕宗 摄