China
တရုတ်နိုင်ငံ၏ထီလက်မှတ်ရောင်းအား ရှစ်လအတွင်း ၁.၄ ရာခိုင်နှုန်းတက်လာ

ပေကျင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ထီလက်မှတ်ရောင်းအားသည် ယခုနှစ် ပထမရှစ်လတွင် ယမန်နှစ်ကထက် ၁.၄ ရာခိုင်နှုန်း တက်လာကာ ယွမ် ၄၂၃.၂ ဘီလီယံ(အမေရိကန်ဒေါ်လာ ၅၉.၅ ဘီလီယံခန့်) ဖိုး ရောင်းချခဲ့ရကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အချက်အလက်များအရ သိရသည်။
နိုင်ငံ၏ လူမှုဘဝဖူလုံရေးစနစ်ကို ထောက်ပံ့ပေးသည့် ထီလက်မှတ်ရောင်းချရမှုသည် ပထမရှစ်လတွင် ယွမ် ၁၄၂.၃၁ ဘီလီယံခန့်ရောက်ရှိခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၁.၄ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။
အားကစားလုပ်ငန်းနှင့်ဆက်စပ်နေသည့် ထီလက်မှတ်ရောင်းချရမှု အဆိုပါကာလအတွင်း ယမန်နှစ်အလားတူ ကာလထက် ၁.၄ ရာခိုင်နှုန်းတိုးမြင့်လာပြီး ယွမ် ၂၈၀.၈၉ ဘီလီယံ ရှိကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
သြဂုတ်လတွင်မူ နိုင်ငံတစ်ဝန်း ထီလက်မှတ်ရောင်းအား ယွမ် ၅၃.၄ ဘီလီယံဖိုး ရောင်းချခဲ့ရပြီး ယမန်နှစ် အလားတူထက် ၁.၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
တရုတ်နိုင်ငံ ထီလုပ်ငန်းစီမံခန့်ခွဲမှု စည်းမျဥ်းစည်းကမ်းများအောက်တွင် ထီလက်မှတ်ရောင်းချရမှုမှ ရန်ပုံငွေ မြင့်တက်လာခဲ့ပြီး စီမံခန့်ခွဲမှု ကုန်ကျစရိတ်များ၊ အများပြည်သူ လူမှုဘဝဖူလုံရေး စီမံကိန်းများနှင့် ဆုမဲများရန်ပုံငွေအတွက် ခွဲဝေသုံးစွဲလျက်ရှိကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
China’s lottery sales up 1.4 pct in first 8 months
BEIJING, Sept. 25 (Xinhua) — China’s lottery ticket sales rose 1.4 percent year on year to 423.2 billion yuan (about 59.5 billion U.S. dollars) in the first eight months of the year, data from the Ministry of Finance showed.
Sales of lottery tickets that support the country’s welfare system reached about 142.31 billion yuan in the first eight months, marking an increase of 1.4 percent from a year earlier.
Lottery ticket sales that are related to the sports industry rose 1.4 percent year on year to 280.89 billion yuan during the period, the ministry said.
In August, 53.4 billion yuan worth of lottery tickets were sold nationwide, down 1.8 percent year on year.
Under China’s lottery management rules, funds raised from ticket sales are allocated to administrative expenses, public welfare projects, and to fund prizes
Photo : File photo shows a staff member puts up posters at a lottery booth in Nantong, east China’s Jiangsu Province. (Xinhua/Xu Congjun)