Connect with us

Media

ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားတွင် အာရှဆင်ကြီး ညဘက် နိုင်ငံခြားသို့ အလည်အပတ်ထွက်

ရှစ်ဆောင်ပဏ္ဏား၊စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၂၈ ရက် နံနက် ၃ နာရီ ၁၅ မိနစ်က “အထူးခရီးသွားဧည့်သည်ကြီး” တစ်ဦး တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားရှိ မန့်ကျွမ်းလမ်းသို့ ရောက်ရှိလာသည်။ ယင်းမှာ အာရှတောရိုင်းဆင်ကြီး တစ်ကောင်ဖြစ်သည်။ ၎င်းက အေးအေးလူလူ လမ်းလျှောက်ကာ ယာဉ်များဖြတ်သန်းစစ်ဆေးရာနေရာ၌ ဟိုဟိုဒီဒီ ကြည့်ရှုလျက် အလိုအလျောက်နယ်စပ်ဂိတ်မှ ဖြတ်သန်းပြီး ဟန်ကြီးပန်ကြီးဖြင့် လာအိုနိုင်ငံဘက်သို့ ထွက်ခွာသွားခဲ့သည်။ လက်ရှိတွင် ဒေသန္တရဌာနများက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို သေချာစေရန်အတွက် ဆင်ရိုင်းကြီး၏လှုပ်ရှားမှုအခြေအနေကို စဉ်ဆက်မပြတ် ဂရုပြုစောင့်ကြည့်လျက်ရှိသည်။ (Xinhua)
——————
(Chinese Version)
云南西双版纳:亚洲象深夜出国溜达
【解说】9月28日凌晨3点15分,一位“重量级旅客”来到云南西双版纳曼庄通道。这是一头野生亚洲象,它不慌不忙地散步,在车辆查验通道上东逛西瞧,随后“自助通关”,大摇大摆地朝老挝方向走去。目前,当地各部门正持续关注野象动态,确保人民群众生命财产安全。
作者:孙敏、黄远飞、张雨晨、朱旭超、钱磊