Connect with us

China

တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုမှ ရုရှား အကျိုးကျေးဇူးရရှိလျက်ရှိဟု အဆင့်မြင့်အရာရှိ ဆို

ရုရှားနိုင်ငံ မြို့တော်မော်စကိုရှိ ရင်ပြင်နီ၌ မြင်တွေ့ရသော တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ အမျိုးသားအလံများ

မော်စကို၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုမှ အကျိုးကျေးဇူးအသီးအပွင့်များ ရရှိလျက်ရှိကြောင်း ရုရှားအဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ရုရှားသမ္မတရုံး ဒုတိယအမှုဆောင်အရာရှိချုပ် Maxim Oreshkin က ဆိုချီမြို့၌ စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ကျင်းပခဲ့သည့် Valdai International Discussion Club ၏ နှစ်ပတ်လည်အစည်းအဝေး၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“တရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံခြင်းက ကမ္ဘာပေါ်က ဘယ်နိုင်ငံအတွက်မဆို ကြီးမားတဲ့ အခွင့်အလမ်းတွေ ပေးပါတယ်။ ပြီးတော့လည်း ကျွန်တော်တို့ မြင်ရတဲ့အတိုင်းပဲ တရုတ်နိုင်ငံက BRICS နိုင်ငံတိုင်းနဲ့ ခြွင်းချက်မရှိ ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ တိုးချဲ့နေပါတယ်” ဟု Oreshkin က ဆင်ဟွာသတင်းဌာန၏ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့သည်။
ရုရှား-တရုတ် ဆက်ဆံရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် ၎င်းက နှစ်နိုင်ငံကုန်သွယ်မှုမှာ လွန်ခဲ့သည့် ငါးနှစ်မှ ၁၀ နှစ်အတွင်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံပြည်သူများအကြား ဖလှယ်မှုများလည်း သိသိသာသာ တိုးတက်လာခဲ့သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Russia benefits from cooperation with China, says senior official
MOSCOW, Oct. 2 (Xinhua) — Russia has reaped benefits from its cooperation with China, a senior Russian official has said.
Maxim Oreshkin, deputy chief of staff of the Russian Presidential Executive Office, made the remarks on the sidelines of the annual meeting of the Valdai International Discussion Club held from Monday to Thursday in Sochi.
“Engaging with China offers tremendous opportunities for any country in the world. And as we can see, China is actively expanding cooperation with every BRICS country without exception,” said Oreshkin in response to a question from Xinhua.
Speaking about Russia-China relations, he noted that bilateral trade has grown at a dynamic pace over the past five to 10 years, while investment and people-to-people exchanges have also advanced markedly. ■
English Caption
The national flags of China and Russia are seen on Red Square, Moscow.