China
ရှေးယခင်နှင့် ယနေ့ခေတ် အဆောက်အဦများ အတူယှဉ်တွဲတည်ရှိမှုဖြင့် “ချုံချင့်မြို့ သဟဇာတဖြစ်မှုအသစ်” ၏ တစ်မူထူးခြားသော ဆွဲဆောင်မှုအား ပေါ်လွင်စေ

ချုံချင့်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
နှစ်ပေါင်း သုံးထောင် ကျန်းကျိုးမြို့၊ နှစ်ပေါင်းရှစ်ရာ ချုံချင့်ပြည် ဖြစ်ပေသည်။ တရုတ်နိုင်ငံ ချုံချင့်မြို့သည် သမိုင်းကြောင်းကြာရှည်၍ သမိုင်းအနှစ်သာရ နက်ရှိုင်းလှကာ ပါးယွီယဉ်ကျေးမှု၊ မြစ်ကျဉ်းသုံးသွယ် ယဉ်ကျေးမှု၊ ခုခံတော်လှန်ရေးစစ်ပွဲ ယဉ်ကျေးမှု စသည်တို့ အပြန်အလှန် ထင်ဟပ်လျက်ရှိပေသည်။
လတ်တလောနှစ်ပိုင်းတွင် ချုံချင့်မြို့သည် စီးပွားရေး အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးသည့် တစ်ချိန်တည်းတွင် သမိုင်းအတိတ်အမှတ်တရအား ထိန်းသိမ်းမှု၊ သမိုင်းယဉ်ကျေးမှုအား လက်ဆင့်ကမ်းမှုတို့အား အလေးထားလုပ်ဆောင်ခဲ့သောကြောင့် “ရှေးယခင်နှင့် ယနေ့ခေတ် အဆောက်အဦများ အတူယှဉ်တွဲတည်ရှိမှု” ဟူသော ထူးခြားချက်ရှိသည့် မြင်ကွင်းများစွာ ပေါ်ထွက်လာပြီး “ချုံချင့်မြို့ သဟဇာတဖြစ်မှုအသစ်” ၏ တစ်မူထူးခြားသော ဆွဲဆောင်မှုအား ပေါ်လွင်စေခဲ့ပေသည်။
ယခုနှစ် တရုတ်အမျိုးသားနေ့ ပိတ်ရက်ကာလအတွင်း “ရှေးယခင်နှင့် ယနေ့ခေတ် အဆောက်အဦများ အတူယှဉ်တွဲတည်ရှိမှု” မြင်ကွင်းသည် မြို့သူ၊ မြို့သားနှင့် ခရီးသွားဧည့်သည်များစွာ လာရောက်လည်ပတ်ရန် ဆွဲဆောင်လျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ ချုံချင့်မြို့ နန်ပင်းလမ်းရှိ ချန်းဖော်ဘုရားကျောင်းနှင့် မြို့ပြအထင်ကရ အဆောက်အဦ Raffles City တို့အား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
古今建筑同框彰显“新韵重庆”独特魅力
新华社照片,重庆,2025年10月3日
三千年江州城,八百年重庆府。重庆历史悠久,文化底蕴深厚,巴渝文化、三峡文化、抗战文化等交相辉映。
近年来,重庆在推动经济高质量发展的同时,注重保护历史记忆、传承历史文脉,孕育出不少“古今建筑同框”的特色场景,彰显出“新韵重庆”的独特魅力。
今年国庆假期,“古今建筑同框”吸引众多市民和游客争相打卡。
1、这是10月3日拍摄的重庆鸿恩寺公园内的鸿恩阁及其周边城市风光(无人机照片)。 新华社记者 王全超 摄
2、这是9月30日拍摄的位于重庆南滨路的千佛寺与城市地标性建筑来福士。新华社记者 陈诚 摄