Connect with us

Europe

တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) နှင့် ရုရှား၏ ယူရေးရှားလုံခြုံရေး အတွေးအမြင်နှင့် နီးကပ်စွာချိတ်ဆက်မှုရှိဟု ပူတင် ဆို

ရုရှားနိုင်ငံ ဆိုချီမြို့၌ ကျင်းပသည့် ရုရှား Think Tank Valdai နိုင်ငံတကာ ဆွေးနွေးမှုကလပ် ၂၂ ကြိမ်မြောက် နှစ်ပတ်လည် မျက်နှာစုံညီအစည်းအဝေးအား ရုရှားသမ္မတ ပူတင် တက်ရောက်၍ အမှာစကား ပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုချီ၊ ရုရှား၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) သည် “ကျွန်တော်တို့ရဲ့ ယူရေးရှား လုံခြုံရေး အတွေးအမြင်နဲ့ နီးကပ်စွာ ချိတ်ဆက်နေ” ကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ “ချိန်ညှိမှု” သည် နှစ်ဖက်အသွင်နှင့် ကမ္ဘာလုံးဆိုင်ရာအသွင်ရှိသောကြောင့် အလွန်အရေးကြီးကြောင်း ရုရှားနိုင်ငံ ပူတင်က အောက်တိုဘာ ၂ ရက်တွင် ရုရှားနိုင်ငံ မြောက်ပိုင်း ဆိုချီမြို့၌ ပြောကြားခဲ့သည်။
ပူတင်သည် ထိုနေ့တွင် ရုရှား Think Tank Valdai နိုင်ငံတကာ ဆွေးနွေးမှုကလပ် ၂၂ ကြိမ်မြောက် နှစ်ပတ်လည် မျက်နှာစုံညီအစည်းအဝေးအား တက်ရောက်ရာ၌ ရုရှားအနေဖြင့် ထိုကဲ့သို့ “ချိန်ညှိမှု” ရလဒ်အား များစွာတန်ဖိုးထားသုံးသပ်ကြောင်း၊ ယင်းသည် ရုရှား-တရုတ်ဆက်ဆံရေး ရှေ့သို့ဖွံ့ဖြိုးတိုးတက်မှုအတွက် မှန်ကန်သောခြေလှမ်း လျှောက်လှမ်းလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှား-တရုတ် နှစ်နိုင်ငံအကြီးအကဲများက အပြန်အလှန်နိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားများအား အပြန်အလှန်တက်ရောက်ခြင်းသည် သာမန်မဟုတ်သော အနက်အဓိပ္ပာယ်ရှိကြောင်း ပူတင်က ပြောကြားခဲ့သည်။
နာဇီအား ခုခံတော်လှန်ခြင်းနှင့် ပခုံးချင်းယှဉ်၍ ဂျပန်စစ်ဝါဒအား တိုက်ဖျက်ခြင်းဖြင့် ရုရှား-တရုတ် နှစ်နိုင်ငံသည် ကြီးမားသော နစ်နာဆုံးရှုံးမှုများ ပေးဆပ်ခဲ့ရပြီး အရေးကြီး အကျိုးထမ်းဆောင်မှုများ အတူတကွ လုပ်ဆောင်ခဲ့ကြောင်း၊ ဂုဏ်ပြုအခမ်းအနား ကျင်းပစဉ်အတွင်း ရုရှား-တရုတ် နိုင်ငံအကြီးအကဲများက နိုင်ငံတကာအခြေအနေ၊ နှစ်နိုင်ငံက စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပညာရေး စသည့် ကဏ္ဍများ၌ နှစ်ဖက်ဆက်ဆံရေး တိုးတက်မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်သည် “တရုတ်-ရုရှား ယဉ်ကျေးမှုနှစ်” ဖြစ်ပေသည်။ ပူတင်က ရုရှား-တရုတ်အနေဖြင့် အနာဂတ်အား မျှော်မှန်း၍ လူငယ်ကဏ္ဍလုပ်ငန်းများ အတူတကွ လုပ်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံက ရုရှားနိုင်ငံသားများအပေါ် ဗီဇာကင်းလွတ်ခွင့် မူဝါဒ စမ်းသပ်ကျင့်သုံးမှုနှင့်စပ်လျဉ်း၍ ၎င်းက မိမိအနေဖြင့် တရုတ်နိုင်ငံအပေါ် တန်းတူညီမျှသည့် မူဝါဒ ကျင့်သုံးမည်ဟု ပြောကြားခဲ့ဖူးရာ ရုရှားဘက်က အဆိုပါလုပ်ငန်းစဉ်အား အစွမ်းကုန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပူတင်သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် လွှတ်တော်နှစ်ရပ်ထံသို့ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားရာ၌ အမေရိကန်နှင့် ၎င်း၏နောက်လိုက်နိုင်ငံများ၏ လှုပ်ရှားမှုကြောင့် ဥရောပလုံခြုံရေးစနစ် ပြိုကွဲမှုဖြစ်ကြောင်း၊ ရုရှားအနေဖြင့် ယူရေးရှားကုန်းမြေကြီးတွင် တန်းတူညီမျှ၍ ခွဲထုတ်မရသော လုံခြုံရေးစနစ် တည်ဆောက်မှု အတွေးအမြင်အား အဆိုပြုသင့်ကြောင်း ပြောကြားခဲ့သည်ဟု ရုရှားမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
ထို့နောက် ရုရှားဘက်က ၎င်းအနေဖြင့် BRICS နိုင်ငံများနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်၍ ယူရေးရှားလုံခြုံရေးဖွဲ့အစည်းပုံအသစ်အား တည်ဆောက်ရန်၊ ယူရေးရှား လုံခြုံရေးစနစ်သစ်အား တည်ဆောက်ခြင်းသည် နိုင်ငံစုံအပြန်အလှန်ဆက်ဆံမှုပုံစံ ဖြစ်နိုင်ပြီး ၎င်းအနက် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) ၊ စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့အစည်း (CSTO) နှင့် အခြားပါဝင်ရန် ဆန္ဒရှိသည့် ယူရေရှားနှင့် ဥရောပနိုင်ငံများ ပါဝင်ကြောင်း ပြောကြားခဲ့ဖူးပေသည်။ (Xinhua)

———————
(Chinese Version)
普京:中方全球治理倡议与俄方欧亚安全构想密切关联
新华社俄罗斯索契10月3日电(记者栾海 郝建伟)俄罗斯总统普京2日在俄西南部城市索契表示,中方提出的全球治理倡议“与我们的欧亚安全构想密切关联”,就此进行“对表”具有双边性和全球性,因而非常重要。
普京当天出席俄智库瓦尔代国际辩论俱乐部第22届年会全体会议时说,俄方高度评价这类“对表”结果,这是俄中关系向前发展迈出的正确步伐。
普京说,俄中两国元首相互出席对方国家举办的纪念世界反法西斯战争胜利庆典,意义非凡。通过抗击纳粹和并肩消灭日本军国主义,俄中两国付出了巨大牺牲,共同作出了重大贡献。在庆典活动期间,俄中元首讨论国际形势,探讨两国在经济、文化和教育等领域发展双边关系。
2024至2025年是“中俄文化年”。普京表示,俄中愿共同开展青年工作,着眼未来。谈及中国对俄公民试行免签政策,他表示自己说过将对中方实行对等政策,俄方将尽力推动这一进程。
据俄媒报道,普京2024年2月在向议会两院发表国情咨文时提出,美国及其附庸国的行动导致欧洲安全体系瓦解,俄应提出在欧亚大陆建立平等且不可分割的安全体系构想。此后俄方曾表示,俄准备与金砖国家和上合组织国家合作,构建新的欧亚安全架构;建立欧亚安全新体系可以是多边互动模式,其中可包括欧亚经济联盟、集体安全条约组织和有志加入的亚欧、欧洲国家。(完)
图说:10月2日,在俄罗斯索契,俄罗斯总统普京出席俄智库瓦尔代国际辩论俱乐部第22届年会全体会议并发表讲话。新华社记者 郝建伟 摄