Connect with us

China

တရုတ်နိုင်ငံ အမျိုးသားနေ့အားလပ်ရက်များ ရုပ်ရှင်လက်မှတ်‌‌ရောင်းချရငွေ ယွမ် ၁.၆ ဘီလီယံ ကျော်လွန်

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းရှိ ရုပ်ရှင်ရုံတစ်ခု၌ ရုပ်ရှင်ပိုစတာနောက်ခံထားကာ ဆယ်လ်ဖီဓာတ်ပုံ ရိုက်နေသူများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အမျိုးသားနေ့အားလပ်ရက်များအတွင်း ကြိုတင်လက်မှတ်ရောင်းချမှုများ အပါအဝင် ရုပ်ရှင်လက်မှတ်‌‌ ရောင်းချရငွေစုစုပေါင်းသည် အောက်တိုဘာ ၇ ရက် နေ့လယ်အချိန်တွင် ယွမ် ၁.၆ ဘီလီယံ (အမေရိကန်‌ဒေါ်လာ ၂၂၅ သန်းခန့်) ကျော်လွန်ခဲ့ကြောင်း အွန်လိုင်းပလက်ဖောင်းများမှ ရရှိသောအချက်အလက်များအရ သိရသည်။
အောက်တိုဘာ ၁ ရက်တွင် စတင်သည့် ရှစ်ရက်တာ အားလပ်ရက်များသည် ပရိသတ်အားပေးကြည့်ရှုမှု အများဆုံး ရုပ်ရှင်ရာသီချိန်ဖြစ်လေ့ရှိသည်နှင့်အညီ တရုတ်နိုင်ငံမှ ရုပ်ရှင်ရုံများအတွက် ယှဥ်ပြိုင်မှု မြင့်မားလှသော ကာလပင်ဖြစ်သည်။
လက်ရှိတွင်ယခုနှစ်အမျိုးသားနေ့ပိတ်ရက်ကာလ လက်မှတ်ရောင်းရငွေအနေဖြင့် ထိပ်တန်းကဦးဆောင်နေသည့် ရုပ်ရှင်ဇာတ်ကားမှာ ဒါရိုက်တာ Chen Kaige ရိုက်ကူးသည့် “The Volunteers” သုံးကားတွဲမှ နောက်ဆုံးဇာတ်ကား ဖြစ်သည့် ပြည်တွင်းစစ်ရုပ်ရှင်ဇာတ်ကား”The Volunteers: Peace at Last “ဖြစ်သည်။ အဆိုပါရုပ်ရှင်ဇာတ်ကားသည် အမေရိကန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကိုရီးယားစစ်ပွဲတပ်ကူများ (၁၉၅၀-၁၉၅၃ ခုနှစ်) အတွင်း စစ်မြေပြင်တိုက်ပွဲနှင့် တင်းမာသောသံတမန် စေ့စပ်ညှိနှိုင်းမှုများ ရှုပ်ထွေးရောယှက်နေမှုကို ပြန်လည်ပုံဖော် ရိုက်ကူးထားခြင်းဖြစ်သည်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ဇီဝစစ်ဆင်ရေးတပ်ဖွဲ့ ၇၃၁ ၏ တရုတ်နိုင်ငံတွင် ကျူးလွန်ခဲ့သည့် ကြမ်းကြုတ်ရက်စက်သည့်လုပ်ရပ်များကို သရုပ်ဖော်ရိုက်ကူးထားသည့် ပြည်တွင်းရုပ်ရှင်ဇာတ်ကား “Evil Unbound” က ဒုတိယနေရာတွင်ရှိနေသည်။ အဆိုပါဇာတ်ကားသည် တပ်ဖွဲ့ ၇၃၁ ၏ ဖမ်းဆီးခြင်းခံရကာ နှင်းကိုက်နာ၊ အဆိပ်ဓာတ်ငွေ့နှင့် အရှင်လတ်လတ်ခွဲစိတ်စမ်းသပ်မှုများ ခံခဲ့ရသည့် အပြစ်မဲ့လူတစ်စု၏ ကံကြမ္မာကို ရိုက်ကူးထားခြင်းဖြစ်သည်။
“A Writer’s Odyssey ” ရုပ်ရှင်က အားလပ်ရက်လက်မှတ်ရောင်းချမှုဇယားတွင် တတိယနေရာ၌ရှိနေသည်။ ၂၀၂၁ ခုနှစ်တွင်အောင်မြင်ခဲ့သည့် စိတ်ကူးယဥ်-အက်ရှင်ဇာတ်ကား၏ နောက်ဆက်တွဲရုပ်ရှင်ဇာတ်ကား ဖြစ်ပြီး လက်တွေ့ကမ္ဘာနှင့် စိတ်ကူးယဥ်ကမ္ဘာနှစ်ခုလုံးတွင်ဖြစ်ပေါ်နေသော အကျပ်အတည်းနှစ်မျိုးကို ဖြေရှင်းမည့် ဝတ္ထုစာရေးဆရာ၏ ခရီးစဥ်ကို အဓိကထား ရိုက်ကူးထားခြင်းဖြစ်သည်။
ယခုနှစ်အထိ နိုင်ငံတစ်ဝန်း၌ သမိုင်း၊ ဟာသ၊ အန်နီမေးရှင်းနှင့် ဒရာမာ အပါအဝင် ရုပ်ရှင်အမျိုးအစား စုံလင်ကျယ်ပြန့်သော ရုပ်ရှင်ဇာတ်ကားပေါင်း ၃၀၀ ကျော် ရုံတင်ပြသခဲ့ပြီး ဖြစ်ကြောင်းသိရသည်။ (Xinhua)
……………………
(English Version)
China’s National Day holiday box office exceeds 1.6 billion yuan
BEIJING, Oct. 7 (Xinhua) — As of Tuesday noon, the total box office of films screened during the 2025 National Day holiday, including presales, had exceeded 1.6 billion yuan (about 225 million U.S. dollars), according to data from online platforms.
The eight-day holiday, which kicked off on Oct. 1, is typically a bustling movie-going season for consumers and a highly competitive arena for the movie theater sector in China.
Currently leading this year’s National Day box office is domestic war epic “The Volunteers: Peace at Last,” the finale of director Chen Kaige’s “The Volunteers” trilogy. The film recreates the intertwined struggles of battlefield combat and tense diplomatic negotiation during the War to Resist U.S. Aggression and Aid Korea (1950-1953).
It is followed by “Evil Unbound,” a domestic production that depicts the atrocities that Japanese germ-warfare Unit 731 committed in China during World War II. The film revolves around the fates of a group of innocent victims who are imprisoned by Unit 731 and become subjects of inhumane torture experiments such as frostbite, poison gas and vivisection experiments.
“A Writer’s Odyssey Ⅱ,” a sequel to the 2021 fantasy-action hit, currently ranks third on the holiday chart. The film centers on a novelist’s journey to tackle a dual crisis taking place in both the real world and the virtual world of his artistic creation.
So far this year, more than 300 films have been released nationwide, covering a wide range of genres including history, comedy, animation and drama.
Photo : People take selfies with a movie poster at a cinema in north China’s Tianjin, Oct. 4, 2025. (Photo by Du Penghui/Xinhua)