Connect with us

International Organizations

အကြမ်းဖက်မှုများ ဖယ်ရှားရေးနှင့် စပ်လျဉ်း၍ အဆိုပြုချက်သုံးရပ်အား တရုတ်ကိုယ်စားလှယ် အဆိုပြု

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံ ကိန်းစွမ်က ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေး၌ ဆုံးဖြတ်ချက်မူကြမ်းအကြောင်း မိတ်ဆက်ပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
လက်ရှိတွင် အကြမ်းဖက်လှုပ်ရှားမှုများ ပျံ့နှံအဆင့်မြင့်တက်လာရာ အကြမ်းဖက် ခြိမ်းခြောက်မှုများသည် တစ်ကမ္ဘာလုံး၌ တစ်ဖန်ပြန်လည်ပေါ်ထွက်လာပြီး နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး အခြေအနေသည် ပိုမိုပြင်းထန်ရှုပ်ထွေးလာကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက်မှုများ ဖယ်ရှားရေးနှင့် စပ်လျဉ်း၍ အဆိုပြုချက်သုံးရပ်အား အဆိုပြုမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
ကိန်းစွမ်က ထိုနေ့တွင်ကျင်းပသည့် ၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆဋ္ဌမမြောက် ကော်မတီတွင် “နိုင်ငံတကာ အကြမ်းဖက်မှုများ ဖယ်ရှားရေး အစီအမံ” အကြောင်းအရာနှင့် စပ်လျဉ်း၍ ပါဝင်ဆွေးနွေးရာ၌ အကြမ်းဖက်မှု စသည့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို အတူတကွရင်ဆိုင်ရန် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) တို့ကို အဆိုပြုခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအမြင်အား အဆိုပြုခဲ့ကြောင်း၊ အထက်ပါအယူအဆများအား အရင်းခံ၍ တရုတ်နိုင်ငံအနေဖြင့် အောက်ပါအတိုင်း အဆိုပြုကြောင်း ပြောကြားခဲ့သည်။
ပထမအနေဖြင့် တစ်ပြေးညီစံနှုန်းကို လက်ကိုင်ထား၍ နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းအင်အားကို စုစည်းရမည်ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် အတူတကွဖြစ်မှု၊ ပေါင်းစပ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စဉ်ဆက်မပြတ်ဖြစ်မှု၏ လုံခြုံရေးအမြင်အား အရင်းခံထားသင့်ပြီး လုံခြုံရေးအား ခွဲထုတ်၍မရဟူသော အခြေခံမူကို လက်ကိုင်ထားကာ အကြမ်းဖက်မှု အသွင်ပုံစံနှင့် ဖော်ဆောင်မှုအားလုံးကို လက်တွဲတိုက်ဖျက်ရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရာ၌ စံနှုန်းနှစ်မျိုး ကျင့်သုံး၍ မရသလို ရွေးချယ်မှုဖြင့် အကြမ်းဖက်မှုအား တိုက်ဖျက်ရန် ပို၍မရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက်မှုအား အထူးသတ်မှတ်ထားသောနိုင်ငံ၊ လူမျိုး သို့မဟုတ် ဘာသာရေးဖြင့် ချိတ်ဆက်မှုအား ဆန့်ကျင်သလို အကြမ်းဖက်မှုတိုက်ဖျက်ရေးအား နိုင်ငံရေးအသွင်ပြောင်းခြင်း၊ ကိရိယာအသွင်ပြောင်းခြင်းကိုလည်း ဆန့်ကျင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို လက်ကိုင်ထား၍ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေမူဘောင်အား ကောင်းမွန်ပြည့်စုံအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ခြင်းသည် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ရည်ရွယ်ချက်နှင့် အခြေခံမူအား လိုက်နာသင့်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံ သက်ဆိုင်ရာ ဆုံးဖြတ်ချက်၊ “ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး မဟာဗျူဟာ” တို့အား အကောင်အထည်ဖော်ကာ လုံခြုံရေးကောင်စီက စာရင်းထည့်သွင်းထားသော အကြမ်းဖက်အဖွဲ့အစည်းနှင့် ပုဂ္ဂိလ်များအား တိုက်ဖျက်ပြီး ကုလသမဂ္ဂ၏ နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွင်း ဗဟိုညှိနှိုင်းသည့် အခန်းကဏ္ဍအား ကာကွယ်ထိန်းသိမ်း၍ မြှင့်တင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆဋ္ဌမမြောက်ကော်မတီက “နိုင်ငံတကာ အကြမ်းဖက်မှုဆိုင်ရာ ဘက်စုံကွန်ဗင်းရှင်း (CCIT)” ချမှတ်ရေးအား တွန်းအားပေးမှုကို ထောက်ခံအားပေးပါကြောင်း၊ ဘက်အသီးသီးအနေဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးအမည်ခံဖြင့် လက်နက်အင်အား အလွဲသုံးမှု၊ သူတစ်ပါးနိုင်ငံ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ ပြည့်စုံမှုအား ထိပါးမှု၊ အခြေခံလူ့အခွင့်အရေးအား ချိုးဖောက်မှုတို့အား အတူတကွ ကန့်ကွက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တတိယအနေဖြင့် စနစ်တကျအတွေးအမြင်ကို လက်ကိုင်ထားကာ နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပေါင်းစပ်လုပ်ဆောင်ချက်အား ကောင်းမွန်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရာ၌ လက်ငင်းအခြေအနေနှင့် ကိစ္စရပ်အရင်းအမြစ်ကိုပါ ကုစားခြင်း၊ ပေါင်းစပ်၍ မူဝါဒဖော်ဆောင်ခြင်းတို့ လုပ်ဆောင်သင့်ပြီး အကြမ်းဖက်ဝါဒ အရင်းအမြစ်အား သတိပြုဖယ်ရှားရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများ အခွင့်ကောင်းယူခွင့်မပေးရန် အငြင်းပွားမှုများအား ငြိမ်းချမ်းစွာဖြေရှင်း၍ ဒွိဟကွဲလွဲမှုများကို ပြေလည်အောင် ဆောင်ရွက်ကာ စစ်ပွဲပဋိပက္ခများကို ငြှိမ်းသတ်ရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု ပြဿနာအား အလေးထား၍ ဆင်းရဲနွမ်းပါးမှုနှင့် အကြမ်းဖက်ဝါဒကြား သံသရာဆိုးကြီးကို ထိုးဖောက်ရမည်ဖြစ်ကြောင်း၊ သိပ္ပံနည်းပညာဖြင့် အားဖြည့်မှုကို လက်ကိုင်ထား၍ “ဒစ်ဂျစ်တယ် အကြမ်းဖက်ဝါဒ” စသည့် ခြိမ်းခြောက်မှု အသစ်များအား ရင်ဆိုင်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိန်းစွမ်က တရုတ်နိုင်ငံသည် အကြမ်းဖက်မှု၏ ထိခိုက်သူဖြစ်ကြောင်း အ‌လေးထားပြောကြားခဲ့သည်။ အရှေ့တာကစ္စတန် အစ္စလာမ်မစ် လှုပ်ရှားမှုအဖွဲ့ (ETIM) သည် လုံခြုံရေးကောင်စီ၏ စာရင်းသွင်းခံထားရသည့် နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်ကာ တရုတ်နိုင်ငံပြည်တွင်း၌ အကြမ်းဖက်တိုက်ခိုက်မှုများစွာ လုပ်ဆောင်ခဲ့ဖူးပြီး ဆီးရီးယား၊ အာဖဂန်နစ္စတန် စသည့် ဒေသများ၌ ဆက်လက်တက်ကြွစွာ လှုပ်ရှားနေဆဲဖြစ်ကြောင်း၊ ဘက်အသီးသီးက ထိရောက်မှုရှိသောလှုပ်ရှားမှုများကို လုပ်ဆောင်ကာ အရှေ့တာကစ္စတန် အစ္စလာမ်မစ် လှုပ်ရှားမှုအဖွဲ့ (ETIM) စသည့် အကြမ်းဖက်အင်အားများကို အတူတကွ တိုက်ဖျက်ဖယ်ရှားရန်၊ အထူးသဖြင့် ဘလူချီစတန်လွတ်မြောက်ရေးတပ်ဖွဲ့ (BLA) နှင့် ၎င်း၏ Majeed Brigade တို့အား ပိတ်ဆို့အရေးယူမှုစာရင်းအတွင်း ထည့်သွင်းရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးနှင့်အတူ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း အယူအဆ၏ လမ်းညွှန်မှုအောက်တွင် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) တို့အား အကောင်အထည်ဖော်ကာ နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းကို အတူတကွ တွန်းအားပေးဖော်ဆောင်၍ ရေရှည်ငြိမ်းချမ်းသော၊ ယေဘုယျအားဖြင့် လုံခြုံသော ကမ္ဘာကြီး တည်ဆောက်ရန်အတွက် ကြိုးပမ်းမှုနှင့် အကျိုးထမ်းဆောင်မှုများ လုပ်ဆောင်သွားလိုကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
中国代表就消除恐怖主义提出三点主张
新华社联合国10月6日电 中国常驻联合国副代表耿爽6日表示,当前,恐怖主义活动蔓延升级,恐怖主义威胁在全球回潮,国际反恐形势更加严峻复杂,中方就消除恐怖主义提出三点主张。
耿爽当天在第80届联合国大会第六委员会“消除国际恐怖主义的措施”议题下发言时说,中方提出全球安全倡议、全球治理倡议,倡导国际社会践行共商共建共享的全球治理观,共同应对恐怖主义等全球性挑战。本着上述理念,中方主张:
第一,坚持统一标准,凝聚国际反恐合力。各国应秉持共同、综合、合作、可持续的安全观,坚持安全不可分割原则,携手打击一切形式和表现的恐怖主义。反恐不能采取双重标准,更不能选择性反恐。中方反对将恐怖主义与特定国家、民族或宗教挂钩,反对将反恐问题政治化、工具化。
第二,坚持国际法治,完善反恐法律框架。反恐应遵循《联合国宪章》宗旨和原则,落实安理会和联大相关决议以及《联合国全球反恐战略》,打击所有被安理会列名的恐怖组织和个人,维护和加强联合国在国际反恐合作中的中心协调作用。中方支持联大六委推进制定《关于国际恐怖主义的全面公约》。各方应共同反对打着反恐旗号滥用武力、侵犯他国主权和领土完整、侵犯基本人权。
第三,坚持系统观念,打好国际反恐组合拳。消除恐怖主义应标本兼治、综合施策,注重铲除恐怖主义根源。要和平解决争端,化解矛盾分歧,平息战争冲突,不给恐怖分子以乘乱之机。要重视发展问题,打破贫穷与恐怖主义之间的恶性循环。要坚持科技赋能,加强应对“数字恐怖主义”等新威胁。
耿爽强调,中国是恐怖主义的受害者。“东伊运”是安理会列名的国际恐怖组织,曾在中国境内制造多起恐怖袭击,仍在叙利亚、阿富汗等地持续活跃。中方呼吁各方采取有效行动,共同打击并铲除“东伊运”等恐怖势力,特别是要将“俾路支解放武装”及其“马吉德旅”列入制裁名单。
耿爽表示,中方愿与各方一道,在人类命运共同体理念指引下,落实全球安全倡议、全球治理倡议,共同推进国际反恐事业,为建设持久和平、普遍安全的世界作出努力与贡献。(完)
图说:9月5日,在位于纽约的联合国总部,中国常驻联合国代表团临时代办耿爽在联大全会介绍决议草案。新华社记者 谢锷 摄