China
လီချန် ပြုံယမ်းမြို့သို့ သွားရောက်၍ ကိုရီးယားအလုပ်သမားပါတီ တည်ထောင်ခြင်း နှစ် ၈၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်ပြီး မြောက်ကိုရီးယားနိုင်ငံချစ်ကြည်ရေးခရီးစဉ် တရားဝင်စတင်

ပြုံယမ်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
ကိုရီးယားအလုပ်သမားပါတီ (WPK) ဗဟိုကော်မတီနှင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ကိုရီးယားအလုပ်သမားပါတီ တည်ထောင်ခြင်း နှစ် ၈၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်ပြီး မြောက်ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် တရားဝင် စတင်ရန်အတွက် တရုတ်နိုင်ငံ ပါတီနှင့်အစိုးရ ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက အထူးလေယာဉ်ဖြင့် ပေကျင်းမြို့မှ ပြုံယမ်းမြို့သို့ ထွက်ခွာခဲ့သည်။
လီချန် လိုက်ပါသည့် အထူးလေယာဉ်သည် ပြုံယမ်းဆူနန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် အောက်တိုဘာ ၉ ရက် နေ့လယ်ပိုင်းတွင် ရောက်ရှိခဲ့သည်။ ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ ဝန်ကြီးချုပ် Pak Thae-song ဦးဆောင်သော ပါတီနှင့် အစိုးရ အဆင့်မြင့် အရာရှိများသည် လေဆိပ်တွင် ကြိုဆိုခဲ့ပြီး လီချန်အတွက် ကြိုဆိုပွဲအခမ်းအနား ကျင်းပခဲ့သည်။ လီချန်သည် Pak Thae-song နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးကြည့်ရှုခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ရာကျွင်းလည်း လေဆိပ်တွင် ကြိုဆိုခဲ့သည်။
လီချန်က တရုတ်-မြောက်ကိုရီးယားနှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်နေသည့် ဆိုရှယ်လစ်ဝါဒ အိမ်နီးချင်းနိုင်ငံဖြစ်ရာ နက်ရှိုင်းသော အစဉ်အလာချစ်ကြည်ရေးရှိကြကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်များတွင် အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်နှင့် အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်း၏ မဟာဗျူဟာ ဦးဆောင်မှုနှင့် ကိုယ်တိုင်တွန်းအားပေးမှုအောက်တွင် တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေးသည် တက်ကြွသော ရှင်သန်စွမ်းအားသစ်များ ပွင့်လန်းလာကြောင်း၊ ယခုနှစ် စက်တင်ဘာလတွင် အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်းသည် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အခမ်းအနား တက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်ရာတွင် ပါတီနှစ်ရပ်၊ နှစ်နိုင်ငံ ထိပ်တန်းအကြီးအကဲများ အောင်မြင်စွာ ထပ်မံတွေ့ဆုံခဲ့ရာ အရေးကြီးသဘောတူညီချက်များစွာ ရရှိခဲ့ပြီး တရုတ်-မြောက်ကိုရီးယားဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲ့ကိုင်လမ်းညွှန်ပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့်အတူ နှစ်ပါတီ၊ နှစ်နိုင်ငံ ထိပ်တန်းအကြီးအကဲများ ရရှိခဲ့သော အရေးကြီးသဘောတူညီချက်များကို ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်သွားလိုကြောင်း၊ မဟာဗျူဟာညှိနှိုင်းဆွေးနွေးမှုကို မြှင့်တင်ရန်၊ နီးကပ်သည့် ကူးလူးဖလှယ်မှုများကို ထိန်းသိမ်းရန်၊ တရုတ်-မြောက်ကိုရီးယား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်၊ ဒေသတွင်းသာမက ကမ္ဘာ၏ ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စည်ပင်ဝပြောရေးကို မြှင့်တင်ရန်အတွက် ပိုမိုကြီးမားသည့် အကျိုးများ ဆောင်ကြဉ်းသွားလိုကြောင်း လီချန်က ထောက်ပြ ပြောကြားခဲ့သည်။
နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးချုပ် ဝူကျိန့်လုန် စသည်တို့လည်း အဆိုပါ အထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)
———————
(Chinese Version)
李强赴平壤出席朝鲜劳动党建党80周年庆祝活动并对朝鲜进行正式友好访问
新华社平壤10月9日电(记者王超 邰背平)应朝鲜劳动党中央委员会和朝鲜民主主义人民共和国政府邀请,中共中央政治局常委、国务院总理李强10月9日上午率中国党政代表团乘包机离开北京,赴平壤出席朝鲜劳动党建党80周年庆祝活动并对朝鲜进行正式友好访问。
当地时间10月9日中午,李强乘包机抵达平壤顺安国际机场。朝鲜劳动党中央政治局常委、内阁总理朴泰成率党和政府高级官员到机场迎接,并为李强举行欢迎仪式。李强在朴泰成陪同下检阅了仪仗队。中国驻朝鲜大使王亚军也到机场迎接。
李强表示,中朝两国是山水相连的社会主义邻邦,有着深厚的传统友谊。近年来,在习近平总书记和金正恩总书记战略引领和亲自推动下,中朝关系焕发出新的蓬勃生机。今年9月,金正恩总书记赴华出席纪念中国人民抗日战争暨世界反法西斯战争胜利80周年活动,两党两国最高领导人再度成功会晤,达成一系列重要共识,为中朝关系发展把舵定向。
李强指出,中方愿同朝方落实好两党两国最高领导人达成的重要共识,加强战略沟通,保持密切交往,推进中朝友好合作,为促进地区乃至世界的和平稳定与发展繁荣作出更大贡献。
国务委员兼国务院秘书长吴政隆等同机抵达。(完)
1. 当地时间10月9日中午,李强乘包机抵达平壤顺安国际机场。朝鲜劳动党中央政治局常委、内阁总理朴泰成率党和政府高级官员到机场迎接,并为李强举行欢迎仪式。这是李强在朴泰成陪同下检阅仪仗队。 新华社记者 翟健岚 摄