Connect with us

Africa & Middle East

တရုတ်ဆေးအဖွဲ့က ဆီရာလီယွန်တွင် ပထမဆုံး လက်ချောင်းပြန်ဆက်ခွဲစိတ်ကုသမှု ပြုလုပ်

ဆီရာလီယွန်နိုင်ငံ ဖရီးတောင်းမြို့တွင် လက်ချောင်းပြန်ဆက်ခွဲစိတ်ကုသမှု လုပ်ဆောင်နေသော ဆီရာလီယွန်ရှိ ၂၆ သုတ်မြောက် တရုတ်ဆေးအဖွဲ့၊ အဖွဲ့ဝင်များကို ၂၀၂၅ ခုနှစ် ‌အောက်တိုဘာ ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- The 26th batch of the Chinese medical team in Sierra Leone/Handout via Xinhua)

ဖရီးတောင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
ဆီရာလီယွန်နိုင်ငံရှိ ၂၆ သုတ်မြောက် တရုတ်ဆေးအဖွဲ့သည် ယင်းနိုင်ငံအတွင်း တရုတ်ဆေးအဖွဲ့က ဆီရာလီယွန်တွင် ပထမဆုံး လက်ချောင်းပြန်ဆက်ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေသခံလျှပ်စစ်ပညာရှင်တစ်ဦးဖြစ်သော Sallieu Sorious Yusifu Conteh သည် ဆီရာလီယွန်နိုင်ငံ North West ပြည်နယ်၊ ပေါ့သ်လိုကိုခရိုင်ရှိ သတ္တုတူးဖော်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေစဉ် ဆိုးဆိုးရွားရွား လက်ချောင်းပြတ်တောက်သွားခဲ့ပြီးနောက် အောက်တိုဘာ ၃ ရက်တွင် အဆိုပါ ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“တော်တော်လေး အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ သိလိုက်ရတယ်” ဟု တရုတ်ဆေးအဖွဲ့၊ အရိုးကုသမှုဌာနမှ ဒုတိယအကြီးအကဲ သမားတော် ကျန်းလေက ပြောကြားခဲ့ပြီး ဒဏ်ရာအား အကဲဖြတ်ခြင်းများ၊ အနာသန့်စင်ဆေးကြောခြင်းများ၊ ခွဲစိတ်ကုသရေး အသေးစိတ်အစီအစဉ်များ ရေးဆွဲခြင်း စသည်တို့အပါအဝင် ခွဲစိတ်ကုသမှု စတင်ရေးအတွက် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။
စစ်ဆေးမှုများ စေ့စေ့စပ်စပ်လုပ်ဆောင်ပြီးနောက် ဆေးအဖွဲ့က Conteh ၏ ညာဘက်လက်တွင် အရေပြားတဲတဲလေးသာ တွဲလောင်းကျန်ရှိနေသော ၎င်း၏ ညာဘက် လက်သန်းကြွယ် အပါအဝင် ဒဏ်ရာအများအပြားကို တွေ့ရှိခဲ့ရသည်။ အချိန်နှစ်နာရီကျော်ကြာ ကြိုးပမ်းအားထုတ်လုပ်ဆောင်ကြပြီးနောက် ခွဲစိတ်မှုမှာ အောင်မြင်စွာပြီးစီးခဲ့သလို ပြန်ဆက်လိုက်သောလက်ချောင်းမှာ သွေးလည်ပတ်မှု ကောင်းမွန်သည့် လက္ခဏာများနှင့် အပြည့်အဝနီးပါး လှုပ်ရှားလုပ်ဆောင်နိုင်ကြောင်း သိရသည်။
ခွဲစိတ်ကုသမှုပြီးနောက် Conteh က “တရုတ်ဆရာဝန်တွေက တကယ့်ကို အံ့ဩဖွယ်စွမ်းဆောင်နိုင်ခဲ့ကြတယ်” ဟု မျက်ရည်များဝဲလျက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သလို ယခင်က အလားတူအခြေအနေများဖြင့် လူနာများမှာ မကြာခဏ ထိုကဲ့သို့ပြတ်တောက်မှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း ပြောပြခဲ့သည်။
တရုတ်ဆေးအဖွဲ့၏ ကျွမ်းကျင်ပိုင်နိုင်မှုကို ဒေသခံကျန်းမာရေးဝန်ထမ်းများက ချီးကျူးပြောကြားခဲ့ကြပြီး ယင်းသို့ အောင်မြင်သော ခွဲစိတ်ကုသမှုက ဆီရာလီယွန်နိုင်ငံနှင့် တရုတ်နိုင်ငံကြား ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကြောင်းလည်း မှတ်ချက်ပြုခဲ့ကြသည်။ (Xinhua)

ဆီရာလီယွန်နိုင်ငံ ဖရီးတောင်းမြို့တွင် လက်ချောင်းပြန်ဆက်ခွဲစိတ်ကုသမှု ခံယူထားသော လူနာအား အကြောဆေးထိုးပေးနေသော ဆီရာလီယွန်ရှိ ၂၆ သုတ်မြောက် တရုတ်ဆေးအဖွဲ့၊ အဖွဲ့ဝင်တစ်ဦးကို ၂၀၂၅ ခုနှစ် ‌အောက်တိုဘာ ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- The 26th batch of the Chinese medical team in Sierra Leone/Handout via Xinhua)

……………………………………..
(English Version)
Chinese medical team performs Sierra Leone’s first finger replantation
FREETOWN, Oct. 8 (Xinhua) — The 26th batch of the Chinese medical team in Sierra Leone has performed the West African country’s first-ever finger replantation surgery.
The operation took place on Friday after a local electrician, Sallieu Sorious Yusifu Conteh, suffered a severe finger amputation while working at a mining site in Port Loko District in Sierra Leone’s North West Province.
“We knew time was of the essence,” said Zeng Lei, deputy chief physician of the orthopedics department with the Chinese medical team, as preparations for the surgery began, involving assessments, wound sterilizations, and formulating a meticulous surgical plan.
Following thorough examinations, the team discovered multiple injuries to Conteh’s right hand, with his ring finger hanging precariously by a small piece of skin. After more than two hours of intense effort, the surgery was successfully completed, with positive signs of blood circulation and a likelihood of full functionality for the replanted finger.
Conteh tearfully expressed his gratitude after the operation, saying, “The Chinese performed a true miracle,” and noting that patients with similar conditions often faced amputations in the past.
Local medical staff lauded the Chinese team’s professional competence and noted that the successful surgery could deepen medical cooperation between Sierra Leone and China.
Photo 1: Members of the 26th batch of the Chinese medical team in Sierra Leone perform the finger replantation surgery in Freetown, Sierra Leone, Oct. 3, 2025. (The 26th batch of the Chinese medical team in Sierra Leone/Handout via Xinhua)
Photo 2: A member of the 26th batch of the Chinese medical team in Sierra Leone administers intravenous infusion to a patient after he received the finger replantation surgery in Freetown, Sierra Leone, Oct. 3, 2025. (The 26th batch of the Chinese medical team in Sierra Leone/Handout via Xinhua)