Connect with us

China

နှစ်တစ်ရာပုံရိပ်များဖြင့် တရုတ်ရှေးဟောင်းနန်းတော်၏ ယခင်နှင့်ယခုအကြောင်း တင်ဆက်ခြင်း

အပေါ်ပုံမှာ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ရှေးဟောင်းနန်းတော် ရှန်ဝူမန်မုခ်ဦးအား ၂၀ ရာစုနှစ် အစောပိုင်းက မြင်တွေ့ရစဉ် (ဓာတ်ပုံ - Palace Museum) ၊ အောက်ပုံမှာ ရှန်ဝူမန်မုခ်ဦးအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်က မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ရှေးဟောင်းနန်းတော်ပြတိုက် နှစ် ၁၀၀ ပြည့်မွေးနေ့ ကျရောက်ခဲ့သည်။ ရှေးဟောင်းနန်းတော်သည် ကမ္ဘာပေါ်တွင် အရွယ်အစားအကြီးဆုံး၊ ထိန်းသိမ်းထားမှု အပြည့်စုံဆုံး သစ်သားဖြင့်ဖွဲ့စည်းထားသည့် နန်းဆောင်အဆောက်အဦအုပ်စုဖြစ်ပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်လည်း ဖြစ်သည်။
နှစ်ပေါင်း ၁၀၀ အတွင်း စတင်ပေါက်ဖွားရှင်သန်လာမှုမှသည် အကျပ်အတည်းများဖြင့် တိုးတက်လာမှုအထိ၊ အခက်အခဲများကို ကျော်ဖြတ်လာမှုမှသည် ခြေလှမ်းကျယ်ဖြင့် ရှေ့သို့လှမ်းချီလာနိုင်သည်အထိ၊ စူးစမ်းရှာဖွေမှုမှသည် ထက်မြက် ဆန်းသစ်တီထွင်လာသည်အထိ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ဖြင့် ရှေးဟောင်းနန်းတော်သည် “လူ့ဘုံလောက ပြောင်းလဲသွားသည့်အလား” နှစ်တစ်ရာပန်းချီကားချပ်ကို တဖြည်းဖြည်း တင်ဆက်လျက်ရှိသည်။
နှစ်ပေါင်းတစ်ရာ ကျော်ဖြတ်လာရာတွင် ပြောင်းလဲသွားသည်မှာ အချိန်ကာလ၏အသွင်သဏ္ဌာန်ဖြစ်ပြီး မပြောင်းမလဲတည်ရှိနေသည်မှာ ယဉ်ကျေးမှုလက်ဆင့်ကမ်းသည့်အင်အား ဖြစ်ပေသည်။ (Xinhua)

အပေါ်ပုံမှာ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ရှေးဟောင်းနန်းတော် ထိုက်ဟယ်နန်းဆောင်အား ၂၀ ရာစုနှစ် အစောပိုင်းက မြင်တွေ့ရစဉ် (ဓာတ်ပုံ – Palace Museum) ၊ အောက်ပုံမှာ ထိုက်ဟယ်နန်းဆောင်အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်က မြင်တွေ့ရစဉ် (ဆင်ဟွာ)

————————
(Chinese Version)
百年光影 对话故宫今昔
新华社照片,北京,2025年10月10日
2025年10月10日,故宫博物院迎来百岁生日。故宫是世界上规模最大、保存最完整的木结构宫殿建筑群,是世界文化遗产。一百年来,从萌芽诞生到曲折成长、从步履维艰到阔步前行、从探寻求索到锐意创新的发展历程,故宫徐徐铺陈一幅“换了人间”的百年画卷。
百年光影流转,变的是岁月风貌,不变的是文明传承的力量。
1、拼版照片:上图为20世纪前期拍摄的神武门(故宫博物院供图);下图为2025年10月10日拍摄的神武门(新华社记者金良快摄)。
2、拼版照片:上图为20世纪初拍摄的太和殿(故宫博物院供图);下图为2025年10月10日拍摄的太和殿(新华社记者金良快摄)。