Connect with us

China

ဇန့်လူမျိုး အမျိုးသမီး “ကောင်းကင်မိန်းကလေး” ၏ အရောင်အသွေးစုံလင်သော ဘဝခရီး

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ရာအန်းမြို့ ပေါင်ရှင်းခရိုင် ချောင်းချိ ဇန့်လူမျိုးရွာရှိ အလုပ်ရုံတွင် စာမရီနွားအမွေးဖြင့် ရက်လုပ်နည်းအား သရုပ်ပြနေသည့် နမ်ခါမန့်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိန်တူး၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
“ကျွန်မက သိပ်ကံကောင်းတဲ့ အမျိုးသမီးတစ်ဦးပါ။ ဒီလိုကံကောင်းတယ်ဆိုတာက မိသားစုဝင်နဲ့ မိတ်ဆွေတွေက ကျွန်မကို တစ်လျှောက်လုံး ပံ့ပိုးကူညီမှုနဲ့ အားပေးမှုတွေကြောင့် သာမက ပိုအရေးကြီးတာက ကျွန်မဟာ ကိုယ်တိုင်စိတ်အားထက်သန်မြတ်နိုးမှုကို ရှာ‌တွေ့ခဲ့လို့ပဲ ဖြစ်ပါတယ်”
မိမိ၏ အတွေ့အကြုံအကြောင်း ပြောကြားရာတွင် နမ်ခါမန့်က “ကံကောင်းသည်” ဟူသော စကားလုံးကို စဉ်းစားမိခဲ့သည်။
ယခုနှစ်တွင် အသက် ၄၀ ရှိပြီဖြစ်သည့် နမ်ခါမန့်သည် တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ရာအန်းမြို့ ပေါင်ရှင်းခရိုင် ချောင်းချိ ဇန့်လူမျိုးရွာမှ ကျားရုံဇန့်လူမျိုး အမျိုးသမီးတစ်ဦးဖြစ်သည်။ ၎င်း၏အမည်သည် ဇန့်ဘာသာစကားအရ “ကောင်းကင်မိန်းကလေး” ဟု အဓိပ္ပာယ်ရသည်။
၂၀၀၇ ခုနှစ်တွင် နမ်ခါမန့်နှင့် ၎င်း၏အမျိုးသား အားထိုက်တို့သည် နေအိမ်၌ ဇန့်လူမျိုးတည်းခိုခန်းအား ဖွင့်လှစ်ခဲ့ပြီး မိတ်ဆွေ၏မိတ်ဆက်ပေးမှုဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သင်ကြားရေးလုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့သည်။ ၎င်းတို့သည် သုတေသနသင်ကြားရေးခရီးစဉ် လာရောက်သည့် ကလေးငယ်များကို ရွှေ့ပြောင်းမွေးမြူရေးကွင်းသို့ ခေါ်ဆောင်ကာ သဘာဝပတ်ဝန်းကျင်အတွင်း ခရီးဝေးလမ်းလျှောက်မှု၊ ငှက်များ လေ့လာကြည့်ရှုမှုတို့ လုပ်ဆောင်ရင်း လမ်းခရီးတစ်လျှောက် ကောက်ယူရရှိသည့် အပင်များကို နမူနာပစ္စည်းအဖြစ် ပြုလုပ်ပေးသည်။
၂၀၁၄ ခုနှစ်တွင် နမ်ခါမန့်သည် မိမိ၏ ဓာတ်ပုံရိုက်ကူးသည့်ခရီးကို စတင်ခဲ့ပြီး ဒေသတွင်းပြည်သူများ၏ လက်ဗလာဖြင့် စာမရီနွားအားလှဲချခြင်း၊ စာမရီနွားအမွေးညှပ်ပေးခြင်း စသည်တို့ကို ရိုက်ကူးရင်း ကင်မရာဖြင့် ဇာတိရွာ၏ နေထိုင်မှုဘဝနှင့် ယဉ်ကျေးမှုကို မှတ်တမ်းတင်ခဲ့သည်။
ထိုကဲ့သို့မှတ်တမ်းတင်သည့် ဖြစ်စဉ်အတွင်း၌ပင် နမ်ခါမန့်က လူမှုအသိုက်အဝန်း တိုးတက်လာသည်နှင့်အမျှ တစ်ချိန်က ဒေသခံအမျိုးသမီးများ မဖြစ်မနေတတ်မြောက်ရသည့် စာမရီနွားအမွေးဖြင့် ရက်လုပ်သည့် လက်မှုပညာနှင့် ချောင်းချိပန်းခါးပတ် ရက်လုပ်မှု နည်းပညာသည် တဖြည်းဖြည်းနှင့် လုပ်ကိုင်လိုသူမရှိသည့် အခြေအနေ ရောက်ရှိနေသည်ကို သတိပြုလာခဲ့သည်။ ထို့ကြောင့်လည်း ၎င်းက အဆိုပါလက်မှုပညာများကို ကာကွယ်ထိန်းသိမ်း၍ လက်ဆင့်ကမ်းရန် ဆုံးဖြတ်လိုက်ပေသည်။
၂၀၁၆ ခုနှစ်တွင် ၎င်းသည် နမ်ခါမန့် ရက်လုပ်မှု လက်မှုပညာအလုပ်ရုံကို ထူထောင်ဖွင့်လှစ်ခဲ့ပြီး သမားရိုးကျလက်မှုပညာဖြင့် ဆန်းသစ်တီထွင်သော ဒီဇိုင်းများပေါင်းစပ်ကာ ကျောပိုးအိတ်၊ ခြုံပဝါ၊ ခါးပတ် စသည့် လက်မှုပစ္စည်းများကို ပြုလုပ်ခဲ့သည့်အပြင် ဈေးပွဲတော်များတွင် ပါဝင်ခြင်း၊ အွန်လိုင်းတွင် ရောင်းချခြင်းတို့လည်း လုပ်ဆောင်ခဲ့သည်။
အဆိုပါထုတ်ကုန်ပစ္စည်းအမှာစာ များလာသည်နှင့်အမျှ နမ်ခါမန့်သည် အမှာစာကို ရွာထဲမှ အမျိုးသမီးများကိုလည်း ခွဲဝေပေးသောကြောင့် အားလုံးက စိုက်ပျိုးရေးအလုပ်အားချိန်တွင်လည်း ဝင်ငွေတိုးလာခဲ့သည်။ လက်ရှိတွင် အမျိုးသမီးပေါင်း ၅၀ ကျော်က နမ်ခါမန့်၏ဦးဆောင်မှုအောက်တွင် သင့်တင့်လျောက်ပတ်စွာ လုပ်ငန်းခွင်ဝင်နေပြီဖြစ်ရာ တစ်ဦးချင်း ပျမ်းမျှနှစ်စဉ်ဝင်ငွေသည် ယွမ် ၃,၀၀၀ မှ ၃၀,၀၀၀ အထိ အသီးသီးရှိကြသည်။
ယနေ့အခါ နမ်ခါမန့်သည် “ချောင်းချိ ပန်းခါးပတ် ရက်လုပ်နည်းပညာ” မြို့အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်ဆင့်ကမ်းသူ ဖြစ်လာပြီဖြစ်သည်။ ၎င်း၏အလုပ်ရုံသည်လည်း စီချွမ်းပြည်နယ်၏ ထူးချွန် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အလုပ်ရုံအဖြစ် အကဲဖြတ်ခံရသောကြောင့် စာသင်ကျောင်းနှင့် လက်မှုပညာ ချစ်မြတ်နိုးသူများစွာ လာရောက်စူးစမ်း လက်တွေ့လုပ်ဆောင်ရန် ဆွဲဆောင်လျက်ရှိသည်။
ဇန့်လူမျိုးတည်းခိုခန်းတွင် နမ်ခါမန့်ဖန်တီးထားသော ယဉ်ကျေးမှုနေရာလေးမှာ ကနဦးအသွင်ပုံပေါ်လာပြီဖြစ်သောကြောင့် ပိုမိုများပြားသော မိတ်ဆွေများလာရောက်ရန် ကြိုဆိုလျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ရာအန်းမြို့ ပေါင်ရှင်းခရိုင် ချောင်းချိ ဇန့်လူမျိုးရွာရှိ နေအိမ်ရှေ့တွင် အမှတ်တရဓာတ်ပုံရိုက်နေသော နမ်ခါမန့်နှင့် ၎င်း၏အမျိုးသား အားထိုက်တို့အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
“她”力量丨“天空女孩”的多样人生
新华社照片,成都,2025年10月10日
“我是一个很幸运的女性,这份幸运不单是家人和朋友一路给我的支持和鼓励,更重要的是我找到了自己的热爱!”谈起自己的经历,能卡曼想到了“幸运”这个词。
今年40岁的能卡曼来自四川省雅安市宝兴县硗碛藏族乡,是一名嘉绒藏族妇女,在藏语里,她的名字意为“天空女孩”。
2007年,能卡曼和丈夫阿泰在家里经营起藏家乐,并在朋友的介绍下,开始从事自然教育,带领前来参与研学的孩子们走进牧场,在大自然中徒步、观鸟,把沿途捡到的植物做成标本。
2014年,能卡曼开始了自己的摄影之路,拍摄当地群众徒手扳倒牦牛、剪牦牛毛等等,用相机记录下家乡的生活和文化。也正是在记录的过程中,能卡曼发现随着社会发展,曾是当地妇女必备技能的牦牛毛纺织技艺和硗碛花腰带编织技艺正逐渐面临无人愿做的情况,于是她决心保护并传承这些技能。
2016年,她创立能卡曼纺织手作工作室,利用传统技艺,结合创新设计,制作背包、围巾、腰带等手工艺品,并参加集市、开展线上销售。随着订单变多,能卡曼把订单分享给村里的妇女,大家在农闲时也多了一份收入。目前已有50余名妇女在能卡曼的带动下实现灵活就业,人均年收入3千至3万元不等。
如今,能卡曼已是“硗碛花腰带编织技艺”市级非遗传承人,她的工作室也被评为四川省优秀非遗工坊,吸引不少学校和手工艺爱好者前来探访体验。藏家乐里,能卡曼创立的文化空间已初具雏形,欢迎更多朋友的到来。
1、10月7日,能卡曼在工作室演示牦牛毛编织。新华社记者 胥冰洁 摄
2、10月8日,能卡曼和丈夫阿泰在自家门前留影。 新华社记者 胥冰洁 摄