Connect with us

China

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှု အဆင့်မြှင့်တင်ခြင်းက နိုင်ငံတကာအသိုင်းအဝိုင်း၏ ဘုံတာဝန်ပင်ဖြစ်ကြောင်း ရှီ ပြော

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ တရုတ် အမျိုးသားကွန်ဗင်းရှင်းစင်တာတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်က ကျင်းပသော ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား တက်ရောက်ကာ အရေးကြီးမိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
နိုင်ငံတကာအသိုင်းအဝိုင်း၏ ဘုံတာဝန်မှာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုကို အဆင့်မြှင့်တင်ပေးရန်ပင် ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အောက်တိုဘာ ၁၃ ရက်၌ ပြောကြားခဲ့သည်။
အမျိုးသမီးများသည် အရေးပါသော လူသားမျိုးနွယ် ယဉ်ကျေးမှုကို ဖန်တီးသူများ၊ မြှင့်တင်ပေးသူများနှင့် အမွေဆက်ခံသူများဖြစ်ကြောင်း သမ္မတ ရှီက ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
ယနေ့ ‌အောက်တိုဘာ ၁၃ ရက်၌ ကျင်းပသည့် အစည်းအဝေးသည် ပေကျင်းမြို့တွင် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးများကွန်ဖရင့် နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပခြင်း ဖြစ်ကြောင်း ရှီက ဆိုသည်။
လွန်ခဲ့သော ဆယ်စုနှစ် သုံးခုအတွင်း ၁၉၉၅ ခုနှစ် ကွန်ဖရင့် စိတ်ဓာတ် လမ်းညွှန်မှုဖြင့် ကမ္ဘာ့အမျိုးသမီးများကဏ္ဍသည် တိုးတက်အောင်မြင်လျက်ရှိပြီး လူသားမျိုးနွယ် ယဉ်ကျေးမှု တိုးတက်ရေးကို အကျိုးဆောင်လျက်ရှိကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီက ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Xi says advancing women’s development is int’l community’s shared responsibility
BEIJING, Oct. 13 (Xinhua) — Chinese President Xi Jinping on Monday said that it is the international community’s shared responsibility to advance the development of women.
Addressing the opening ceremony of the Global Leaders’ Meeting on Women held in Beijing, Xi said that women are important creators, promoters and inheritors of human civilization.
Monday’s meeting was held to commemorate the 30th anniversary of the Fourth World Conference on Women in Beijing, according to Xi.
The Chinese president said that over the past three decades, guided by the spirit of the 1995 conference, the global women’s cause has flourished, contributing to the progress of human civilization.
Photo: Chinese President Xi Jinping attends the opening ceremony of the Global Leaders’ Meeting on Women and delivers a keynote speech at the China National Convention Center in Beijing, capital of China, Oct. 13, 2025. (Xinhua/Ding Haitao)