China
တရုတ်နိုင်ငံအနေဖြင့် အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွင် သမိုင်းဝင် အောင်မြင်မှုများ ရရှိခဲ့ဟု သမ္မတရှီ ပြောကြား

ပေကျင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် ခေတ်မီအသွင်ပြောင်းမှုကို ရှေ့ဆက်ဖော်ဆောင်နေသည့် ကြိုးပမ်းအားထုတ်မှုများတွင် အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ တစ်ပေါင်းတစ်စည်းတည်း ဖော်ဆောင်ခဲ့ရာ သမိုင်းဝင် အောင်မြင်မှုများကို ရရှိခဲ့သည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အောက်တိုဘာ ၁၃ ရက်၌ ပြောကြားခဲ့သည်။
ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ရှီက တရုတ်နိုင်ငံအနေဖြင့် လူ့သမိုင်းတွင် အကျယ်ပြန့်ဆုံးဖြစ်သည့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး အစီအစဉ်၌ အောင်မြင်မှုများ ရရှိခဲ့ကာ အတန်သင့် ကြွယ်ဝချမ်းသာသော လူ့အဖွဲ့အစည်း ဘက်စုံတည်ဆောက်ရေးဆီသို့ အတူတကွ ချီတက်ရာတွင် အမျိုးသမီး သန်း ၆၉၀ အား ဦးဆောင်လမ်းပြပေးခဲ့ပြီး ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ၂၀၃၀ ပြည့်နှစ် လုပ်ငန်းစဉ်တွင် ချမှတ်ထားသည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရည်မှန်းချက်ပန်းတိုင်အား အချိန်ဆောလျင်စွာ ပြည့်မြောက်အောင်မြင်ခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထို့အတူ တရုတ်နိုင်ငံမှာ အဓိက အညွှန်းကိန်းများဖြစ်သော မိခင်နှင့် ကလေးငယ်များ၏ ကျန်းမာရေးနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် အလယ်အလတ်ဝင်ငွေ အမြင့်ပိုင်းအဆင့် နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း၊ တရုတ်နိုင်ငံတွင် ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးမွေးဖွားစဉ် မိခင်များ၏ သေဆုံးမှုနှုန်းမှာလည်း ၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် ၈၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်။ (Xinhua)
………………
(English Version)
Xi says China achieves historic progress in women’s development
BEIJING, Oct. 13 (Xinhua) — Chinese President Xi Jinping on Monday said that China has integrated women’s development into its efforts to advance Chinese modernization and has achieved historic progress in the cause.
Addressing the opening ceremony of the Global Leaders’ Meeting on Women, Xi said that China had secured victory in the most extensive anti-poverty campaign in human history and led its 690 million women in marching together into a moderately prosperous society, achieving the poverty reduction goal outlined in the UN 2030 Agenda for Sustainable Development ahead of schedule.
China also ranks among the top in upper-middle-income countries globally with regard to core indicators of maternal and child health, Xi said, adding that the maternal mortality rate in the country has dropped by nearly 80 percent since 1995.
English Caption
Chinese President Xi Jinping attends the opening ceremony of the Global Leaders’ Meeting on Women and delivers a keynote speech at the China National Convention Center in Beijing, capital of China, Oct. 13, 2025. (Xinhua/Shen Hong)