Europe
တစ်ကမ္ဘာလုံး မျှော်မှန်းသက်တမ်းသည် ၁၉၅၀ ပြည့်နှစ်ထက် နှစ် ၂၀ ကျော် တိုးလာဟု အစီရင်ခံစာအသစ် ဆို

လန်ဒန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
တစ်ကမ္ဘာလုံးတွင် အသက်အရွယ်အား စံနှုန်းဖြင့်သတ်မှတ်ပြီးနောက် စုစုပေါင်းသေဆုံးမှုနှုန်းသည် ကျဆင်းလာလျက်ရှိရာ ၂၀၂၃ ခုနှစ် တစ်ကမ္ဘာလုံး မျှော်မှန်းသက်တမ်းသည် ၁၉၅၀ ပြည့်နှစ်ထက် နှစ် ၂၀ ကျော် တိုးလာကြောင်း ဗြိတိန် ဆေးပညာဂျာနယ် The Lancet က အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန်သော နောက်ဆုံးဗားရှင်း “ကမ္ဘာလုံးဆိုင်ရာ ရောဂါဝန်ထုပ်ဝန်ပိုး” (Global Burden of Disease) အစီရင်ခံစာက ထောက်ပြထားသည်။
အမေရိကန် ဝါရှင်တန်တက္ကသိုလ် ကျန်းမာရေးတိုင်းတာမှုနှင့် အကဲဖြတ်မှုဌာန အကြီးအကဲ Christopher Murray သည် အဖွဲ့အားဦးဆောင်၍ တစ်ကမ္ဘာလုံးမှ သိပ္ပံသုတေသနဝန်ထမ်းပေါင်း ၁၆,၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော The Global Disease Burden (GBD) Collaborator Network နှင့်ပူးပေါင်းကာ ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်ကြား အချက်အလက်များကို စုဆောင်းအကဲဖြတ်ခဲ့ပြီး ရောဂါနှင့်ထိခိုက်ဒဏ်ရာရမှု အမျိုးအစားပေါင်း ၃၇၅ မျိုးနှင့် အန္တရာယ်ရှိမှုအချက်အလက် ၈၈ မျိုးကို သုံးသပ်မှုလုပ်ဆောင်ခဲ့ရာ ယင်းသည် တစ်ကမ္ဘာလုံး နိုင်ငံနှင့်ဒေသပေါင်း ၂၀၄ ခုကို လွှမ်းခြုံထားကြောင်း သိရသည်။
၁၉၅၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက အချက်အလက်လွှမ်းခြုံထားသော နိုင်ငံနှင့်ဒေသ ၂၀၄ ခုလုံး၏ တင်ပြသော သေဆုံးမှုနှုန်းသည် ကျဆင်းလာပြီး အသက်အရွယ်အား စံနှုန်းဖြင့်သတ်မှတ်ပြီးနောက် သေဆုံးမှုနှုန်းသည် ၆၇ ရာခိုင်နှုန်း ကျဆင်းလာကြောင်း၊ ၂၀၂၃ ခုနှစ် တစ်ကမ္ဘာလုံး အမျိုးသမီးများ၏ မျှော်မှန်းသက်တမ်းသည် ၇၆.၃ နှစ်ခန့် ဖြစ်ပြီး အမျိုးသားများမှာ ၇၁.၅ နှစ်ခန့်ဖြစ်ရာ ၁၉၅၀ ပြည့်နှစ် အချက်အလက်ထက် နှစ် ၂၀ ကျော် မြင့်တက်လာကြောင်း၊ သို့သော် တစ်ကမ္ဘာလုံး မျှော်မှန်းသက်တမ်းသည် သိသာထင်ရှားသည့် ဒေသအရ ကွာခြားမှုရှိနေဆဲဖြစ်ကြောင်း၊ ဝင်ငွေမြင့်မားသောဒေသ နေထိုင်သူများ၏ မျှော်မှန်းသက်တမ်းသည် ၈၃ နှစ်ခန့်ဖြစ်ပြီး ဆာဟာရ တောင်ပိုင်း အာဖရိကဒေသများတွင် မျှော်မှန်းသက်တမ်းသည် ၆၂ နှစ်သာရှိကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။
တစ်ကမ္ဘာလုံး၌ ကလေးသူငယ် သေဆုံးသူဦးရေသည် များစွာ ကျဆင်းလာကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အာဟာရ ရရှိမှုများ မြင့်တက်လာမှု၊ ကာကွယ်ဆေးထိုးနှံသောက်သုံးမှုနှင့် ကျန်းမာရေးစနစ် အားကောင်းလာမှု အကျိုးကျေးဇူးများကြောင့် အရှေ့အာရှဒေသ အသက် ၅ နှစ်နှင့်အောက် ကလေးသူငယ်များ သေဆုံးမှုနှုန်းသည် ၆၈ ရာခိုင်နှုန်း ကျဆင်းလာခဲ့ပြီး ကျဆင်းမှုပမာဏ အများဆုံးဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။
သို့သော် တစ်ကမ္ဘာလုံး၌ လူငယ်အုပ်စု သေဆုံးမှုနှုန်းသည် မြင့်တက်လာသည့် အလားအလာရှိကြောင်း၊ မြောက်အမေရိကနှင့် လက်တင်အမေရိကတိုက်တို့တွင် လူငယ်နှင့် လူလတ်ပိုင်း သေဆုံးမှုနှုန်း မြင့်တက်လာစေသည့် အဓိကအကြောင်းရင်းမှာ မိမိကိုယ်ကိုအဆုံးစီရင်ခြင်း၊ မူးယစ်ဆေးဝါး လွန်ကဲစွာ အသုံးပြုခြင်းနှင့် အရက်အလွန်အကျွံ သောက်သုံးခြင်း တို့ဖြစ်ကြောင်း၊ ဆာဟာရ တောင်ပိုင်း အာဖရိကဒေသမှ လူငယ်များနှင့် လူလတ်ပိုင်း သေဆုံးမှုနှုန်း မြင့်တက်လာခြင်း၏ အဓိကအကြောင်းရင်းကမူ ကူးစက်ရောဂါနှင့် မတော်တဆ ထိခိုက်မှုကြောင့်ဖြစ်သည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။
သေဆုံးမှုဖြစ်စေသည့် အကြောင်းရင်းသည် ကူးစက်ရောဂါမှ မကူးစက်နိုင်သောရောဂါများအဖြစ် ပြောင်းလဲလာနေပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစိန်ခေါ်မှုအသစ် ဖြစ်လာနေကြောင်း၊ ထိပ်ဆုံးဖြစ်နေသည့် အကြောင်းရင်း ၃ ခုမှာ အစီအစဉ်အရ နှလုံးရောဂါ၊ လေဖြတ်မှုနှင့် ဆီးချိုရောဂါများဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာအတွင်း၌ စိတ်ကျန်းမာရေးရောဂါ ဝန်ထုပ်ဝန်ပိုးသည်လည်း အဆက်မပြတ် များပြားစွာ တိုးပွားလာနေကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။
တစ်ကမ္ဘာလုံး၏ ရောဂါဝန်ထုပ်ဝန်ပိုး တစ်ဝက်နီးပါးကို ကြိုတင်ကာကွယ်နိုင်ပြီး ၎င်းတို့သည် သွေးတိုး၊ လေထုညစ်ညမ်းမှု၊ ဆေးလိပ်သောက်မှုနှင့် အဝလွန်မှု စသည်တို့ အပါအဝင် ကြိုတင်ကာကွယ်နိုင်သော အန္တရာယ်အချက် ၈၈ မျိုးဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း အစီရင်ခံစာက အလေးထား ဖော်ပြထားသည်။
တစ်ကမ္ဘာလုံးတွင် သက်ကြီးသူလူဦးရေ လျင်မြန်စွာ တိုးတက်လာခြင်းနှင့် အဆက်မပြတ် ပြောင်းလဲနေသော အန္တရာယ် အကြောင်းအချက်များက တစ်ကမ္ဘာလုံး ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှု၏ ခေတ်သစ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း Christopher Murray က ထောက်ပြပြောကြားခဲ့သည်။
“ကမ္ဘာလုံးဆိုင်ရာ ရောဂါဝန်ထုပ်ဝန်ပိုး” (Global Burden of Disease) အစီရင်ခံစာက တင်ပြထားသည် သက်သေများသည် သတိပေး ခေါင်းလောင်းသံပင်ဖြစ်ကာ အစိုးရနှင့် ဆေးကုသရေး ကျန်းမာရေးကဏ္ဍမှ ဦးဆောင်သူများက အဆိုပါ အများပြည်သူကျန်းမာရေးလိုအပ်ချက် ပြန်လည်တည်ဆောက်နေသည့် အလားအလာအပေါ် လျင်မြန်စွာ တုံ့ပြန်မှုလုပ်ဆောင်ရန် တိုက်တွန်းလျက်ရှိပေသည်။ (Xinhua)
——————-
(Chinese Version)
新报告:全球预期寿命比1950年水平高出20多岁
新华社伦敦10月13日电 英国医学期刊《柳叶刀》网站12日发布的最新版《全球疾病负担》报告指出,全球经年龄标准化后的总死亡率正在下降,2023年全球预期寿命比1950年高出20多岁。
美国华盛顿大学健康指标与评估研究所主任克里斯托弗·默里带领团队,与超过1.6万名全球科研人员组成的“全球疾病负担合作者网络”合作,收集和分析了1990年至2023年间的数据,针对375种疾病和伤害以及88种风险因素进行了评估,覆盖全球204个国家和地区。
报告发现,与1950年相比,数据覆盖的204个国家和地区都报告死亡率下降,年龄标准化后死亡率降低67%;2023年全球女性预期寿命约为76.3岁,男性约为71.5岁,比1950年的数值高出20岁以上,但全球预期寿命仍存在明显的地域差异,高收入地区人们预期寿命约为83岁,而撒哈拉以南非洲地区的预期寿命只有62岁。
报告说,全球婴幼儿死亡人数大幅下降。从2011年到2023年,得益于营养改善、疫苗接种和卫生体系加强,东亚地区5岁以下儿童死亡率下降68%,降幅最大。不过,全球年轻人群死亡率出现上升趋势。在北美和拉丁美洲,导致青少年和青壮年死亡率升高的主要原因是自杀、药物过量和酗酒,撒哈拉以南非洲的青少年和青壮年死亡率升高则主要归因于传染病和意外伤害。
报告指出,导致死亡的原因正在从传染性疾病转向非传染性疾病,形成新的全球卫生挑战,排在前三的依次是缺血性心脏病、中风和糖尿病。全球范围内精神障碍疾病负担也在继续激增。
报告强调,近一半的全球疾病负担是可以预防的,由88种可预防的风险因素造成,包括高血压、空气污染、吸烟和肥胖等。
默里指出,全球老龄人口的迅速增长和不断变化的风险因素已经开启了全球卫生挑战的新时代。《全球疾病负担》报告提出的证据敲响了警钟,敦促政府和医疗卫生领域的领导者对这一正在重塑公共卫生需求的趋势迅速作出回应。(完)
图说:2023年4月23日,一名男子在韩国首尔广场上阅读图书。新华社记者王益亮摄