Connect with us

China

ကိုလိုနီဝါဒ အတွေးအခေါ်ကို ဖယ်ရှားရန်မှာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ကောင်းမွန်ပြည့်စုံရေး၏ မရှိမဖြစ် အစိတ်အပိုင်းဖြစ်သည်ဟု တရုတ်နိုင်ငံ ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ် ပြင်ပမြင်ကွင်းအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
ယခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) ကို အဆိုပြုခဲ့ရာ ပို၍ တရားမျှတမှု၊ ကျိုးကြောင်းဆီလျော်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တည်ဆောက်ရန် တိုက်တွန်းခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်းက အောက်တိုဘာ ၁၃ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံ စတုတ္ထအကြိမ်မြောက်ကော်မတီ အစည်းအဝေး ကိုလိုနီအသွင်ဖယ်ရှားရေး ပုံမှန်အချေအတင်ဆွေးနွေးပွဲ၌ ဆွေးနွေးပြောကြားခဲ့သည်။

ယင်းမှာ ကိုလိုနီအသွင်ဖယ်ရှားရေးဖြစ်စဉ်ကို တွန်းအားပေး၍ ကိုလိုနီအသွင်ဖယ်ရှားရေးလုပ်ငန်း ပြီးမြောက်စေရန်ဖြစ်ပြီး ကိုလိုနီဝါဒအတွေးအခေါ် ဖယ်ရှားရေးသည် ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု၏ မရှိမဖြစ် အစိတ်အပိုင်း ဖြစ်သည်မှာ မေးခွန်းထုတ်ရန် မလိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၆၅ နှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် “ကိုလိုနီနိုင်ငံများနှင့် ပြည်သူများအား လွတ်လပ်ရေးပေးသည့် ကြေညာချက်” ကို အတည်ပြုခဲ့ရာ ကိုလိုနီဝါဒဖယ်ရှားရေး တိုက်တွန်းသံနှင့် ဟစ်ကြွေးသံကို ထုတ်ဖော်ခဲ့သလို ကိုလိုနီနိုင်ငံများနှင့် ပြည်သူများ၏ လွတ်လပ်မှု၊ တန်းတူညီမျှရှိရေး၊ သီးခြားရပ်တည်ရေး၏ သဘောဆန္ဒကို နိုးကြားစေခဲ့ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။
၆၅ နှစ်ကြာကာလအတွင်း ယင်းကြေညာချက်၏ လမ်းညွှန်မှုအောက်တွင် ကမ္ဘာတစ်ဝန်း ကိုလိုနီအသွင် ဖယ်ရှားရေးဖြစ်စဉ်များ အလုံးအရင်းနှင့် ပေါ်ပေါက်လာပြီး အာရှ၊ အာဖရိက၊ လက်တင်အမေရိက နိုင်ငံများက ကိုလိုနီကြိုးချည်နှောင်မှုမှ ရုန်းထွက်ခဲ့ကြရာ လွတ်လပ်ရေးဆီသို့ လျှောက်လှမ်း၍ ဘဝသစ်ကို အောင်မြင်စွာ ရရှိခဲ့သောကြောင့် ကမ္ဘာ့မြေပုံကို ပြင်ဆင်ရေးသားနိုင်ခဲ့ကြောင်း၊ ၆၅ နှစ်နောက်ပိုင်း ယနေ့အခါတွင် ကိုလိုနီသိမ်းပိုက်မှုများ အဆုံးသတ်ပြီး ကိုလိုနီစနစ်ပြိုကွဲသွားပြီ ဖြစ်သော်လည်း ကိုလိုနီဝါဒအတွေးအခေါ်များ လွင့်ပြယ်မသွားသေးဘဲ ကိုလိုနီဝါဒမှဆင်းသက်လာသည့် ဗိုလ်ကျစိုးမိုးရေးဝါဒ၊ အာဏာအင်အားနိုင်ငံရေးများသည် ထကြွသောင်းကျန်းလျက်ရှိဆဲဖြစ်ကြောင်း၊ ကိုလိုနီဝါဒကို အမြစ်ဖြတ်ခြင်းသည် မြင်နိုင်သည့် စစ်ရေးသိမ်းပိုက်မှုနှင့် ခေါင်းပုံဖြတ်ဖိနှိပ်မှုအား အဆုံးသတ်သည့် အနက်အဓိပ္ပာယ်ဆောင်ရုံသာမက ပို၍အရေးကြီးသည်မှာ အတွေးအခေါ်၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စသည့် ကဏ္ဍစုံ၌ မမြင်နိုင်သော ကိုလိုနီဝါဒ အတွေးအခေါ်ကို တွန်းလှန်ခြင်း၊ ကိုလိုနီဝါဒမှ ကျန်ရစ်သည့် အဆိပ်အတောက်များအားဖယ်ရှားခြင်း၊ အချုပ်အခြာအာဏာ တန်းတူညီမျှမှု အခြေခံမူအား ကာကွယ်ထိန်းသိမ်းခြင်း၊ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုအား ကာကွယ်ခြင်းပင် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မကြာမီရက်များက “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ကာကွယ်ခြင်း ချစ်ကြည်ရေးအဖွဲ့ငယ်” ကိုယ်စား ဗင်နီဇွဲလားကိုယ်စားလှယ်က ကုလသမဂ္ဂ အထွေထွေညီလာခံ စတုတ္ထအကြိမ်မြောက်ကော်မတီထံသို့ “မြင်နိုင်သောပုံစံနှင့် ဖော်ပြသည့် ကိုလိုနီဝါဒမှန်သမျှအား ဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာနေ့” ဟူသော အမည်ရှိ ဆုံးဖြတ်ချက်မူကြမ်းကို တင်သွင်းခဲ့ကြောင်း၊ ယင်းမူကြမ်းသည် အပြည်ပြည်ဆိုင်ရာနေ့သတ်မှတ်မှုကို အခွင့်အလမ်းအဖြစ်ထားရှိကာ နိုင်ငံတကာအသိုက်အဝန်းက ကိုလိုနီဝါဒဘေးဒုက္ခအန္တရာယ်ကို မှတ်သားရေးကို တွန်းအားပေးရန်၊ လက်ရှိ ကိုလိုနီအသွင်ဖယ်ရှားရေးဖြစ်စဉ်ကို အရှိန်မြှင့်တင်ရန်၊ မြင်နိုင်သောပုံစံနှင့် ဖော်ပြသည့် ကိုလိုနီဝါဒ မှန်သမျှကို အဆုံးသတ်ရေးကို ကြိုးပမ်းအားထုတ်ရန် ရည်ရွယ်ကြောင်း၊ ယင်းမူကြမ်းအား အဖွဲ့ဝင်နိုင်ငံများအတူတကွ အားပေးထောက်ခံကာ ကိုလိုနီအသွင်ပြောင်းမှု ဖယ်ရှားရေးလုပ်ငန်းပြီးမြောက်ရန်၊ နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင်၊ တရားဥပဒေစိုးမိုးရေး အသွင်ပြောင်းရေး တွန်းအားပေးရန်အတွက် အကျိုးဆောင်သွားမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မဟုတ်သောနယ်မြေ ၁၇ ခု ကိုလိုနီအသွင်ဖယ်ရှားရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်တွန်းအားပေးဆောင်ရွက်ရန် ထောက်ခံသလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်မဟုတ်သောနယ်မြေများရှိ ပြည်သူများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် မဆုတ်မနစ် ကြိုးပမ်းမှုများကို ထောက်ခံအားပေးကြောင်း ၊ နိုင်ငံတကာ အသိုက်အဝန်းနှင့်အတူ ကိုလိုနီဝါဒတိုက်ဖျက်ရေး စတုတ္ထမြောက် အပြည်ပြည်ဆိုင်ရာ ဆယ်စုနှစ် (၂၀၂၁-၂၀၃၀) ကို အခါအခွင့်အဖြစ် ထားရှိကာ အပြည်ပြည်ဆိုင်ရာ ဆယ်စုနှစ်လှုပ်ရှားမှုအစီအစဉ် ဖော်ဆောင်ရေးကို အရှိန်မြှင့်တင်ဆောင်ရွက်ရန်၊ ကိုလိုနီဝါဒ အန္တရာယ်ဆိုးများကို အတူတကွ ရှင်းလင်းရန်၊ ပို၍ တရားမျှတမှုနှင့် ကျိုးကြောင်းဆီလျော်မှုရှိသော နိုင်ငံတကာစည်းစနစ်ကို အတူတကွ တည်ဆောက်သွားရန်၊ လူသားမျိုးနွယ် လူမှုအသိုက်အဝန်း၏ ပိုမိုသာယာလှပသောအနာဂတ်ကို အတူတကွ ဖွင့်လှစ်သွားရန် ဆန္ဒရှိကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။

ဖော့ကလနကျွန်းစု အရေးကိစ္စသည် ကိုလိုနီဝါဒ၏ သမိုင်းအရကျန်ရစ်ခဲ့သည့် ပြဿနာဖြစ်ကြောင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူများအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် နိုင်ငံအချင်းချင်း နယ်မြေအငြင်းပွားမှုကို ဖြေရှင်းရန် တရုတ်နိုင်ငံက အစဉ်သဖြင့် အဆိုပြုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာဘက်ပေါင်းစုံက ကုလသမဂ္ဂ သက်ဆိုင်ရာဆုံးဖြတ်ချက်များအရ ငြိမ်းချမ်းသော၊ တရားမျှတသော၊ ရေရှည်ဖြစ်သော ဖြေရှင်းရေးနည်းလမ်းကို ရှာဖွေစေလိုကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ (Xinhua)

————————-
(Chinese Version)
中方:消除殖民主义思维是完善全球治理不可或缺的组成部分
新华社联合国10月13日电 中国常驻联合国副代表耿爽13日在联合国大会第四委员会(联大四委)非殖化议题一般性辩论上发言时表示,今年9月,中方提出全球治理倡议,呼吁构建更加公正合理的全球治理体系。毫无疑问,推进非殖化进程、完成非殖化事业,消除殖民主义思维是完善全球治理不可或缺的组成部分。
耿爽说,65年前,联大通过《给予殖民地国家和人民独立宣言》,发出了消除殖民主义的呼声与呐喊,激发了殖民地国家和人民对自由、平等、独立的向往与渴望。65年来,在《宣言》指引下,全球非殖化进程风起云涌,众多亚非拉国家挣脱殖民枷锁,走向独立,赢得新生,改写了世界版图。65年后的今天,殖民占领虽已结束,殖民体系虽已瓦解,但殖民主义思维仍未消散,由殖民主义衍生出的霸权主义、强权政治仍十分猖獗。根除殖民主义不仅意味着结束有形的军事占领与剥削压迫,更重要的是在思想、政治、经济、文化等各领域抵制无形的殖民主义思维,铲除残留的殖民主义遗毒,维护主权平等原则,捍卫国际公平正义。
耿爽说,日前,委内瑞拉代表“捍卫《联合国宪章》之友小组”向联大四委提交了名为“反对一切形式和表现的殖民主义国际日”的决议草案。该草案旨在以设立国际日为契机,推动国际社会铭记殖民主义危害,加速现有非殖化进程,致力于终结一切形式和表现的殖民主义。中方期待会员国共同支持该草案,为完成非殖化事业,推进国际关系民主化、法治化作出贡献。
耿爽表示,中方支持加快推动联合国17个非自治领土的非殖化进程,支持非自治领土人民争取自决权利的不懈努力,愿与国际社会一道,以第四个铲除殖民主义国际十年(2021-2030)为契机,加快执行国际十年行动计划,共同清算殖民主义危害,共同构建更加公正合理的国际秩序,共同开辟人类社会更加美好的未来。
耿爽说,马尔维纳斯群岛问题是殖民主义的历史遗留问题。中方一贯主张根据《联合国宪章》的宗旨和原则,通过和平谈判解决国与国之间的领土争端。中方希望有关各方根据联合国有关决议,找到和平、公正、持久的解决办法。(完)
1. 这是位于纽约的联合国总部外景(9月18日摄)。新华社记者 李睿 摄