North America
နေ့စဉ်အသုံးပြုမှု ကျဆင်းလာသည်နှင့်အမျှ ChatGPT အက်ပ်အသုံးပြုသူဦးရေ တိုးတက်မှု နှေးကွေး

ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
ChatGPT ၏ ၎င်း၏မိုဘိုင်းအက်ပ်တွင် ကမ္ဘာလုံးဆိုင်ရာ နေ့စဉ် လက်ရှိအသုံးပြုသူဦးရေ (DAU) တိုးတက်မှုမှာ လွန်ခဲ့သည့်လအတွင်း စတင်၍ နှေးကွေးခဲ့ကြောင်း အမေရိကန်အွန်လိုင်းနည်းပညာ မီဒီယာ TechCrunch က အောက်တိုဘာ ၁၇ ရက်၌ ဖော်ပြခဲ့သည်။
ပြင်ပအဖွဲ့အစည်း (တတိယပါတီ) ဖြစ်သည့် ဆန်းစစ်လေ့လာခွဲခြမ်းစိတ်ဖြာရေးကုမ္ပဏီ Apptopia မှ အချက်အလက်များကို ကိုးကား၍ TechCrunch က အောက်တိုဘာလသည် လမ်းတစ်ဝက်သာရှိသော်လည်း ChatGPT အား ကမ္ဘာတစ်ဝန်းမှ ဒေါင်းလုတ်ပြုလုပ်မှုများမှာ ယင်းမတိုင်မီလကထက် ၈.၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း TechCrunch က ဖော်ပြခဲ့သည်။
ထိုသို့ကမ္ဘာလုံးဆိုင်ရာဒေါင်းလုတ်ပြုလုပ်မှုများ၏ လစဉ်ရာခိုင်နှုန်းပြောင်းလဲမှုဖြင့် တိုင်းတာသော အက်ပ်၏အသုံးပြုသူအသစ်တိုးတက်မှုမှာ ဧပြီလနောက်ပိုင်းတွင် နှေးကွေးသွားကာ အက်ပ်၏ အလုံးစုံချဲ့ထွင်မှုမှာ လျော့နည်းသွားနိုင်ကြောင်း ညွှန်ပြနေသည်ဟု Apptopia မှ ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံတွင် ၎င်းအက်ပ်၏အသုံးပြုသူများ၏ ထိတွေ့ဆက်ဆံမှုမှာလည်း အားနည်းလာခဲ့သည်။ DAU တစ်ဦးလျှင် ပျမ်းမျှအသုံးပြုသည့်အချိန်မှာ ဇူလိုင်လမှစ၍ ၂၂.၅ ရာခိုင်နှုန်း ကျဆင်းသွားပြီး သုံးစွဲသူတစ်ဦးလျှင် ပျမ်းမျှအသုံးပြုသည့်အကြိမ်များကလည်း ၂၀.၇ ရာခိုင်နှုန်း ကျဆင်းသွားသည်။
ထိုသို့နှေးကွေးကျဆင်းနေသော်ငြားလည်း ChatGPT ၏ မိုဘိုင်းအက်ပလီကေးရှင်းမှာမူ ၎င်း၏နှုန်းအတိုင်း ဆက်လက်အားကောင်းစွာ လုပ်ဆောင်နေပြီး ကမ္ဘာတစ်ဝန်းတွင် နေ့စဉ် ထည့်သွင်းတပ်ဆင်မှုအသစ် သန်းပေါင်းများစွာ ရှိဆဲဖြစ်သည်ဟု ဆန်းစစ်ချက်က ဆိုခဲ့ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
ChatGPT app user growth slows as daily use declines
SAN FRANCISCO, Oct. 17 (Xinhua) — Growth in ChatGPT’s global daily active users (DAU) on its mobile app has begun to level off over the past month, U.S. online technology media TechCrunch said Friday.
Citing data from third-party analytics firm Apptopia, TechCrunch said that although October is only halfway through, ChatGPT’s global downloads are on track to decline by 8.1 percent month over month.
Apptopia said that the app’s new user growth, measured by the monthly percentage change in global downloads, slowed after April, suggesting that the app’s overall expansion may be tapering off.
In the United States, its user engagement has weakened. Average time spent per DAU has fallen 22.5 percent since July, while average sessions per user are down by 20.7 percent.
Despite the slowdown, ChatGPT’s mobile app continues to perform strongly in absolute terms, adding millions of new installations worldwide each day, the analysis said. ■