China
ဟယ်လိဖုန်းနှင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent ၊ ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer ဗီဒီယိုဖြင့် ဆက်သွယ်ဆွေးနွေး

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍဆွေးနွေးမှုဆိုင်ရာ တရုတ်နိုင်ငံဘက် ဦးဆောင်သူ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် ဟယ်လိဖုန်းသည် အမေရိကန်ဘက် ဦးဆောင်သူ၊ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Scott Bessent၊ ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer တို့နှင့် ပေကျင်းစံတော်ချိန် အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက ဗီဒီယိုဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ ထိုသို့ ဆက်သွယ်ရာ၌ နှစ်ဖက်သည် ယခုနှစ်တွင် နှစ်နိုင်ငံအကြီးအကဲများ ဖုန်းဖြင့် အကြိမ်များစွာ ဆက်သွယ်၍ ရရှိထားသော အရေးကြီးသဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်ကုန်သွယ်စီးပွားဆက်ဆံရေးအတွင်း အရေးကြီးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပွင့်လင်းရိုးသားသော၊ နက်ရှိုင်းသော၊ အပြုသဘောဆောင်သော ဖလှယ်မှုများ ပြုလုပ်ခဲ့ကြရာ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍစေ့စပ်ဆွေးနွေးပွဲ အသစ်တစ်ကြိမ် အမြန်ဆုံးကျင်းပရန် သဘောတူညီခဲ့ကြောင်း သိရသည်။ (Xinhua)
——————-
(Chinese Version)
何立峰与美国财政部长贝森特、贸易代表格里尔举行视频通话
新华社北京10月18日电 北京时间10月18日上午,中美经贸中方牵头人、国务院副总理何立峰与美方牵头人、美国财政部长贝森特和贸易代表格里尔举行视频通话,双方围绕落实今年以来两国元首历次通话重要共识,就双边经贸关系中的重要问题进行了坦诚、深入、建设性的交流,同意尽快举行新一轮中美经贸磋商。(完)
1. 当地时间9月15日,中美双方在西班牙马德里就有关经贸问题举行的会谈进入第二天。 图为9月14日双方在进行会谈。 新华社记者 邢广利 摄