Connect with us

China

တရုတ်နိုင်ငံ၏စက်မှုထုတ်လုပ်မှုပမာဏ စက်တင်ဘာတွင် ၆.၅ ရာခိုင်နှုန်း မြင့်တက်

တရုတ်နိုင်ငံအ‌ရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ Diehl Controls ၏ အဆင့်မြင့် ဉာဏ်ရည်တု အိမ်သုံးပစ္စည်း electronic control panel ထုတ်လုပ်ရေးလိုင်းတစ်ခုကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက် ကတွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ တန်ဖိုးမြှင့်စက်မှုထုတ်လုပ်မှုပမာဏသည် ယမန်နှစ်အလားတူကာလထက် ၆.၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်သည့် တရားဝင် အချက်အလက်များ၌ ဖော်ပြထားသည်။
အဆိုပါတိုးတက်မှုအရှိန်အဟုန်သည် သြဂုတ်လ ကာလတူကထက် ၅.၂ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း အမျိုးသားစာရင်းအင်ဗျူရို၏ထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ်၏ပထမကိုးလတွင် ယမန်နှစ်ကာလတူနှင့်နှိုင်းယှဥ်လျှင် တရုတ်နိုင်ငံ၏စက်မှုထုတ်လုပ်မှုပမာဏ ၆.၂ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်သည်။
စက်မှုထုတ်လုပ်မှုပမာဏဆိုသည်မှာ နှစ်စဥ်စီးပွားရေး အဓိကလည်ပတ်ငွေအနည်းဆုံး ယွမ် သန်း ၂၀ (အမေရိကန်ဒေါ်လာ ၂.၈၂ သန်းခန့်) ရှိသော စီးပွားရေးလုပ်ငန်းကြီးများ၏လုပ်ဆောင်မှုများကို တိုင်းတာရာတွင် အသုံးပြုခြင်းဖြစ်သည်။
ပြီးခဲ့သည့်လတွင် ယမန်နှစ်အလားတူကာလထက် ထုတ်လုပ်မှုကဏ္ဍတွင် တန်ဖိုးမြှင့်ထုတ်လုပ်မှုပမာဏ ၇.၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ သတ္တုတူးဖော်‌ရေး လုပ်ငန်းတွင် ၆.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး လျှပ်စစ်ဓာတ်အား၊ အပူ၊ဓာတ်ငွေ့နှင့် ရေထုတ်လုပ်ရေးနှင့် ပေးဝေရေးကဏ္ဍတို့တွင် ၀.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အချက်အလက်များ၌ ဖော်ပြထားသည်။ (Xinhua)
……………………..
(English Version)
China’s industrial output  6.5 pct in September
BEIJING, Oct. 20 (Xinhua) — China’s value-added industrial output expanded 6.5 percent year on year in September, official data showed on Monday.
The growth accelerated from a 5.2-percent rise in August, according to data released by the National Bureau of Statistics.
In the first nine months of this year, China’s industrial output increased by 6.2 percent compared to the same period last year.
The industrial output is used to measure the activity of large enterprises, each with an annual main business turnover of at least 20 million yuan (about 2.82 million U.S. dollars).
A breakdown of the data showed that the manufacturing sector’s value-added output increased by 7.3 percent year on year last month, while that of mining grew by 6.4 percent. The value-added output of the electricity, heat, gas, and water production and supply sector rose by 0.6 percent.
Photo : This photo taken on Oct. 1, 2025 shows a high-end intelligent home appliance electronic control panel production line of Diehl Controls in Qingdao, east China’s Shandong Province. (Xinhua)