China
၂၃ ကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာလူရည်ချွန် နှီးနှောဖလှယ်ပွဲညီလာခံ ဖွင့်လှစ်၊ ရှန့်ရီချင် ဗီဒီယိုဖြင့် အမှာစကားပြောကြား

ရှန်ဟိုင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ရှန့်ရီချင်သည် အောက်တိုဘာ ၂၁ ရက်က ၂၃ ကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာလူရည်ချွန် နှီးနှောဖလှယ်ပွဲညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ဗီဒီယိုဖြင့် အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။
ထိုသို့အမှာစကား ပြောကြားရာတွင် ရှန့်ရီချင်က ခေတ်သစ်ကာလတွင် ရဲဘော် ရှီကျင့်ဖိန်အား ဗဟိုပြုသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ခိုင်မာအားကောင်းသော ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် ပင်လယ်ပြင်ပမာ ကြီးမားသည့်သဘောထားဖြင့် ကမ္ဘာတစ်ဝန်း ထူးချွန်ထက်မြက်သည့် လူရည်ချွန်များကို စုစည်းထွေးပွေ့ခဲ့ကြောင်း၊ ကျယ်ပြန့်များပြားလှသော နိုင်ငံခြားပညာရှင်များနှင့် ထူးချွန်ထက်မြက်သည့် လူရည်ချွန်များသည် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးတည်ဆောက်မှုနှင့် တရုတ်ပြည်တွင်းပြည်ပ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဖလှယ်ရေးအတွက် ပုံစံအမျိုးမျိုးဖြင့် အရေးကြီးသော အခန်းကဏ္ဍမှ အကျိုးဆောင်ခဲ့ကြကြောင်း ထောက်ပြ ပြောကြားခဲ့သည်။
၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်းကာလသည် တရုတ်နိုင်ငံအနေဖြင့် ဆိုရှယ်လစ်ဝါဒ ခေတ်မီအသွင်ပြောင်းရေး ခိုင်မာသော အခြေခံကို အခြေခံအားဖြင့် ဖော်ဆောင်မည့်၊ ဘက်စုံအားမာန်အပြည့်ဖြင့် ဆောင်ရွက်မည့် အချက်အချာကျသည့်ကာလဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အဆင့်မြင့်တံခါးဖွင့်လှစ်မှုကို မမှိတ်မသုန် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သလို လူရည်ချွန်တိုးတက်ရေးပတ်ဝန်းကျင်ကို စဉ်ဆက်မပြတ် ကောင်းမွန်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံအသီးသီး လူရည်ချွန်များအတွက် ပို၍ကောင်းမွန်သော တိုးတက်ရေးပလက်ဖောင်းနှင့် ဝန်ဆောင်မှုအာမခံချက်များ ပံ့ပိုးကာ ပို၍များပြားသော ပြည်ပအဆင့်မြင့်လူရည်ချွန်များ တရုတ်နိုင်ငံသို့လာရောက်၍ လုပ်ငန်းဆောင်ရွက်ရန်၊ ဆန်းသစ်တီထွင်မှုနှင့် လုပ်ငန်းတည်ထောင်ရန် ဆွဲဆောင်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံအသီးသီး လူရည်ချွန်များသည် တရုတ်ပြည်သူများနှင့်အတူ လုပ်ငန်းတိုးတက်ရေး အတူကြိုးပမ်းရန်၊ သာယာလှပသော အနာဂတ်ကို အတူဖန်တီးရန် လှိုက်လှဲပျူငှာစွာ ကြိုဆိုပါကြောင်း၊ နိုင်ငံခြားပညာရှင်များနှင့် ဝန်ထမ်းခန့်အပ်သည့်ဌာနများ ထဲထဲဝင်ဝင် ပူးပေါင်းဖလှယ်ဆောင်ရွက်ကာ လက်တွေ့အောင်မြင်မှုရလဒ်များရရှိရန်၊ လူသားတစ်ရပ်လုံး၏ အကျိုးစီးပွားကို မြှင့်တင်ရန်၊ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ကိုင်တွယ်စီမံရန်အတွက် ပို၍ကြီးမားသော အကျိုးကို ဆောင်ကြဉ်းပေးကြရန် မျှော်လင့်ကြောင်း ရှန့်ရီချင်က ပြောကြားခဲ့သည်။
ယခုအကြိမ်ညီလာခံကို “ကမ္ဘာ့လူရည်ချွန်များစုစည်းခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပခြင်း ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန (နိုင်ငံတော် နိုင်ငံခြားပညာရှင်ရေးရာဌာန) နှင့် ရှန်ဟိုင်းမြို့ ပြည်သူ့အစိုးရတို့မှ ပူးတွဲကြီးမှူးကျင်းပခြင်း ဖြစ်ရာ နိုင်ငံနှင့်ဒေသပေါင်း ၁၁၀ ကျော်မှ နိုင်ငံခြားပညာရှင် ၂,၆၀၀ ကျော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ (Xinhua)
——————
(Chinese Version)
第23届中国国际人才交流大会开幕 谌贻琴视频致辞
新华社上海10月21日电 国务委员谌贻琴21日以视频方式向第23届中国国际人才交流大会开幕式发表致辞并宣布开幕。
谌贻琴指出,新时代以来,在以习近平同志为核心的中共中央坚强领导下,中国以海纳百川的胸怀广聚天下英才。广大外国专家和优秀人才以各种方式为中国式现代化建设和中外友好交流合作作出了重要贡献。
谌贻琴表示,“十五五”时期是中国基本实现社会主义现代化夯实基础、全面发力的关键时期,我们将坚定不移扩大高水平开放,持续优化人才发展环境,为各国人才提供更好的发展平台和服务保障,吸引更多海外高层次人才来华发展、创新创业。热忱欢迎各国人才与中国人民一起,共谋事业发展、共创美好未来。希望外国专家和用人单位深入交流合作,取得务实成果,为增进全人类福祉、应对全球性挑战作出更大贡献。
此次大会以“聚天下英才、谋合作共赢”为主题,由人力资源社会保障部(国家外国专家局)和上海市人民政府联合主办,来自110多个国家和地区的2600多名外国专家出席开幕式。(完)
1. 2021年4月24日,在中国国际人才交流大会设立的海归人才招聘会上,求职人员与企业招聘人员交流。