Connect with us

China

တရုတ်နိုင်ငံ၏ AI နည်းပညာကဏ္ဍက ဒစ်ဂျစ်တယ်စီးပွားရေးကို အရှိန်အဟုန်ဖြည့်တင်းပေး

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏မြို့တော် နန်နင်းရှိ နန်နင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ AI နည်းပညာ အသုံးပြုထားသော မီးသတ်စက်ကိရိယာများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် ဉာဏ်ရည်တုနည်းပညာ (AI) တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာမှုက နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အကူပေးလျက်ရှိကာ အဓိက နည်းပညာများတွင် ထိုးဖောက်အောင်မြင်မှုများနှင့် ခိုင်မာသော မူဝါဒပိုင်း ပံ့ပိုးမှုတို့က စက်မှုလုပ်ငန်းများနှင့် နေ့စဉ်ဘဝတွင် AI ကဏ္ဍ၏ လျင်လျင်မြန်မြန် ပေါင်းစည်းမှုကို အားဖြည့်ထောက်ကူပေးလျက်ရှိသည်။
ကမ္ဘာလုံးဆိုင်ရာ AI မူပိုင်ခွင့် မှတ်ပုံတင်မှုများ၏ ၆၀ ရာခိုင်နှုန်း ရှိနေခြင်းက မီးမောင်းထိုးပြနေသော တရုတ်နိုင်ငံ၏ AI ကဏ္ဍ လျင်လျင်မြန်မြန် ကျယ်ပြန့်လာခြင်းမှာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ တစ်ဟုန်ထိုး တိုးပွားလာခြင်း၊ နည်းပညာဖြင့် ကုန်ထုတ်လုပ်မှု တိုးမြှင့်ခြင်း၊ DeepSeek ကဲ့သို့ ဘာသာစကား နားလည်နိုင်စွမ်း မြင့်မားသော ပြည်တွင်းထုတ် AI များ တီထွင်ဆန်းသစ်ခြင်းတို့၏ အမှတ်သင်္ကေတပင်ဖြစ်သည်။
အချက်အလက် အရင်းအမြစ် ပေါကြွယ်ဝမှုနှင့် ပြီးပြည့်စုံသော စက်မှုလုပ်ငန်းစနစ်တို့ ကျောထောက်နောက်ခံပြုထားသည့် တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးမှာ အားကောင်းသော အရှိန်အဟုန်ကို လက်တွေ့ပြသခဲ့ပြီးဖြစ်သည်။ အချက်အလက် စီမံခန့်ခွဲရေးလုပ်ငန်း အရေအတွက်မှာ ၂၀၂၄ ခုနှစ်တွင် ၄၀၀,၀၀၀ ကျော် ရှိလာခဲ့ပြီး ယင်းလုပ်ငန်းနယ်ပယ်၏ ပမာဏမှာ ယွမ် ၅.၈၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈၂၆ ဘီလီယံခန့်) ရှိလာခဲ့ရာ ၂၀၂၀ ပြည့်နှစ်ကထက် ၁၁၇ ရာခိုင်နှုန်းအထိ တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။
ထို့အတူ လယ်ယာစိုက်ပျိုးရေးမှသည် ကုန်ထုတ်လုပ်ငန်းနှင့် အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများအထိ AI အက်ပလီကေးရှင်းများက ကုန်ထုတ်လုပ်မှု မြှင့်တင်ခြင်းနှင့် သမားရိုးကျ လုပ်ငန်းများကို အသွင်ပြောင်းလဲခြင်းတို့တွင် လက်ဆုပ်လက်ကိုင်ပြနိုင်သော ရလဒ်များကို ထင်ထင်ရှားရှား ပြသလျက်ရှိသည်။
တရုတ်နိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးကို စမတ်စီးပွားရေးနှင့် ဉာဏ်ရည်တုနည်းပညာဖြင့် ချိတ်ဆက်ပေးထားသော လူမှုအဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းမှုအား မြှင့်တင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ခဲ့သည်။ ယခုနှစ် အစောပိုင်းတွင် တရုတ်နိုင်ငံက နိုင်ငံတစ်ဝန်း “AI Plus” အစီအမံတစ်ရပ်အား ထုတ်ပြန်ကြေညာခဲ့ကာ AI အထောက်အကူပြု အခြေခံအဆောက်အအုံကဏ္ဍ ခိုင်မာအားကောင်းစေရေး၊ စီးပွားရေးနှင့် လူမှုရေးနယ်ပယ်တို့တွင် AI နည်းပညာ ပေါင်းစပ်မှုကို အရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
China’s AI drive injects momentum to digital economy
BEIJING, Oct. 21 (Xinhua) — The artificial intelligence (AI) boom in China is catalyzing growth in the country’s digital economy, as breakthroughs in key technologies and strong policy support fuel its rapid integration into industries and daily life.
China’s rapid AI expansion, underscored by its 60-percent share of global AI patents, is marked by a surge in enterprises, industrial scaling, and innovations in homegrown large models such as DeepSeek.
Backed by abundant data resources and a complete industrial system, the country’s digital economy has demonstrated strong momentum. By 2024, the number of data enterprises exceeded 400,000, with the data industry scale reaching 5.86 trillion yuan (about 826 billion U.S. dollars), marking a 117-percent surge from 2020.
Meanwhile, from agriculture to manufacturing and public service, AI applications are demonstrating tangible results in boosting productivity and transforming traditional industries.
China has made sustained efforts to promote the digital economy’s transformation into a smart economy and an intelligent society. Earlier this year, the country rolled out a nationwide “AI Plus” initiative, aiming to strengthen AI-supportive infrastructure and accelerate the integration of AI technology across economic and social domains.
English Caption
AI-powered firefighting devices are seen at Nanning International Convention and Exhibition Center in Nanning, capital of south China’s Guangxi Zhuang Autonomous Region, Sept. 17, 2025. (Xinhua/Cao Yiming)