China
ကမ္ဘာ့အမြန်ဆုံးကျည်ဆန်ရထား၏ ဝန်ဆောင်မှုအကြိုစမ်းသပ်မှုတွင် အမြန်နှုန်း တစ်နာရီ ၄၅၃ ကီလိုမီတာအထိ မှတ်တမ်းတင်မောင်းနှင်နိုင်ခဲ့

ပေကျင်း၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံရှိ မြန်နှုန်းမြင့်ရထားလမ်းတစ်ခုပေါ်တွင် ကမ္ဘာ့အမြန်ဆုံးကျည်ဆန်ရထားစီးရီးဖြစ်သည့် CR450 မှ ရထားတစ်စင်း၏အမြန်နှုန်းကို တစ်နာရီ ၄၅၃ ကီလိုမီတာအထိ မောင်းနှင်နိုင်သည့် ဝန်ဆောင်မှုအကြိုစမ်းသပ်မှုတစ်ခုကို ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
CR450 ကျည်ဆန်ရထားစီးရီးကို စမ်းသပ်မှုအမြင့်ဆုံး အမြန်နှုန်း တစ်နာရီ ၄၅၀ ကီလိုမီတာနှင့် စီးပွားဖြစ် ဝန်ဆောင်မှုအမြန်နှုန်း တစ်နာရီ ၄၀၀ ကီလိုမီတာအထိမောင်းနှင်နိုင်ရန် ပုံစံထုတ် တည်ဆောက်ထားခြင်းဖြစ်သည်။ လက်ရှိတွင် တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ရှန်ဟိုင်းမြို့နှင့် အနောက်ပိုင်းရှိ ကုန်းတွင်းပိုင်းမြို့ တစ်မြို့ဖြစ်သော ချိန်တူးမြို့ကို ချိတ်ဆက်ထားသော မြန်နှုန်းမြင့်ရထားလမ်းပေါ်တွင် အရည်အသွေး စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိပ္ပံနှင့် နည်းပညာနေ့စဉ်သတင်းစာတွင် အောက်တိုဘာ ၂၀ ရက်က ရေးသားဖော်ပြခဲ့သည်။
အဆိုပါ မြန်နှုန်းမြင့်ကျည်ဆန်ရထားမှာ ရထားရပ်ထားရာမှ အချိန် ၄ မိနစ် ၄၀ စက္ကန့်အတွင်း၌ပင် တစ်နာရီ ၃၅၀ ကီလိုမီတာနှုန်းအထိ တစ်ဟုန်ထိုးမောင်းနှင်၊ ထွက်ခွာနိုင်စွမ်းရှိကြောင်း၊ ရထား နှစ်စင်း တစ်စင်းနှင့် တစ်စင်း မျက်နှာချင်းဆိုင်ဖြတ်သန်းချိန်တွင် ပေါင်းစပ်အမြန်နှုန်း တစ်နာရီ ၈၉၆ ကီလိုမီတာအထိ ရှိသည့်စံချိန်ကို တင်ထားနိုင်ခဲ့ကြောင်း သိရသည်။
ယခု မြန်နှုန်းမြင့်ရထားစီးရီးမတိုင်မီ တည်ဆောက်ခဲ့သော CR 400 စီးရီးနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက CR 450 ကျည်ဆန်ရထားက အလျားပိုရှည်၍ ဦးပိုင်းပို၍ကျစ်လျစ်ကြော့မော့ကာ အမိုးလိုင်း ၂၀ စင်တီ မီတာပိုနိမ့်ပြီး ရထားအလေးချိန်ကလည်း တန် ၅၀ ပိုနည်းခြင်းကြောင့် လေခွင်းအား တုံ့ပြန်တွန်းကန်မှုကို ၂၂ ရာခိုင်နှုန်းအထိ လျှော့ချနိုင်စွမ်းရှိကြောင်း သိရသည်။
CR 400 Fuxing မြန်နှုန်းမြင့်ရထားများကို လက်ရှိတွင် အမြန်နှုန်း တစ်နာရီ ၃၅၀ ကီလိုမီတာအထိ မောင်းနှင်ပြီး စီမံခန့်ခွဲ ဝန်ဆောင်မှုပေးလျက်ရှိသည်။
CR 450 ကျည်ဆန်ရထားကိုမူ ခရီးသည်များ တင်ဆောင်မောင်းနှင်ခွင့်မပြုမီ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားမှုမရှိသည့် ခရီးအကွာအဝေး ၆၀၀,၀၀၀ ကီလိုမီတာအထိ စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်ရဦး မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
World’s fastest high-speed train blazes to 453 km/h in pre-service trials
BEIJING, Oct. 21 (Xinhua)
The world’s fastest bullet train, the CR450, has begun a battery of pre-service trials on a high-speed line in China, clocking a single-train speed of 453 kilometers per hour.
The CR450 series, engineered for a top test speed of 450 km/h and a commercial service speed of 400 km/h, is now undergoing qualification trials on the high-speed rail linking the eastern city of Shanghai and a western inland one of Chengdu, Science and Technology Daily reported on Monday. The high-speed train can sprint from standstill to 350 km/h in just 4 minutes 40 seconds, and two trains have set a record by passing each other at a combined speed of 896 km/h.
Compared with its predecessor CR400, the CR450 features a longer, sleeker nose, a 20-centimeter lower roofline, and a 50-tonne weight reduction, thereby cutting aerodynamic drag by 22 percent.
The CR400 Fuxing high-speed trains currently in service operate at a speed of 350 km/h.
The CR450 will log 600,000 trouble-free kilometers before it is cleared to carry passengers. ■
Photo:
This photo shows a prototype of CR450 bullet train undergoing tests in Beijing, capital of China, Feb. 25, 2025. (Xinhua/Xing Guangli)