China
ယဉ်ကျေးမှု တရုတ်ခရီးစဉ် – စူးယွိခို ကြွေထည်ဖို ရှေးဟောင်းအမွေအနှစ်နေရာသို့ သွားရောက်လေ့လာခြင်း

ရင်ချွမ်း၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
စူးယွိခို ကြွေထည်ဖို ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နေရာသည် တရုတ်နိုင်ငံ နင်းရှ ဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟယ့်လန်တောင်တန်း စူးယွိခို ချိုင့်ဝှမ်းနက်ထဲတွင် တည်ရှိရာ ၂၀၁၇ ခုနှစ် ရှေးဟောင်းသုတေသန စစ်တမ်းပြုလုပ်ချိန်တွင် ပထမဆုံးအကြိမ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်တွင် နင်းရှ ဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း ရှေးဟောင်းသုတေသနဌာနနှင့် ဖုသန့်တက္ကသိုလ်က ယင်းနေရာတွင် စနစ်တကျ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုများ ပြုလုပ်ခဲ့သည်။
လက်ရှိ တူးဖော်တွေ့ရှိရသော ကြွေထည်ဖို ၈ ခု ရှိပြီး ယင်းမီးဖိုများအနီးတွင် ယင်းကာလတစ်ခုက ကြွေထည်ပြုလုပ်သည့်မြေစေး၊ ကျောက်မီးသွေး၊ သလင်းကျောက်၊ ထုံး စသည်တို့အား တူးဖော်သည့် သတ္တုတွင်း အကြွင်းအကျန်များကိုလည်း တွေ့ရှိခဲ့ရာ ယင်းမှာ တရုတ်နိုင်ငံ ကြွေထည်၊ မြေထည် ရှေးဟောင်းသုတေသနတွင် ပထမဆုံးအကြိမ် ဖြစ်သည်။ ယင်းရှေးဟောင်းသုတေသနစီမံကိန်းသည် “တရုတ်နိုင်ငံ လူမှုသိပ္ပံအကယ်ဒမီ ရှေးဟောင်းသုတေသနဖိုရမ် – ၂၀၂၂ ခုနှစ် တရုတ်ရှေးဟောင်းသုတေသန တွေ့ရှိမှုအသစ်များ” အဖြစ် ချီးမြှင့်ခံခဲ့ရသည်။
၅ နှစ်နီးပါးကြာ စနစ်တကျ ရှင်းလင်းတူးဖော်ပြီးနောက် ယင်းနေရာမှ လက်ရာအနုစိတ်ပြောင်မြောက်သော ကြွေထည်ဖြူထုတ်ကုန်ပစ္စည်းများနှင့် မီးဖိုသုံးကိရိယာမျိုးစုံ များစွာ ပေါ်ထွက်လာသည်။ ကြွေထည်ထုတ်ကုန်ပစ္စည်း ပုံစံအမျိုးမျိုးရှိရာ ပန်းကန်လုံး၊ ပန်းကန်ပြား၊ ခွက်၊ ပန်းကန်ပြားငယ် စသည့် နေ့စဉ်သုံးပစ္စည်းများအပြင် ပန်းပွင့်သဏ္ဌာန် နှုတ်ခမ်းဝရှိသော ပန်းအိုး၊ မက်မံပန်းအိုး၊ ခရားအိုး၊ ဘူး စသည့် အကြီးစား ပစ္စည်းကိရိယာတန်ဆာပလာနှင့် ကြွေထည်ဖြူ အုတ်ကြွပ် စသည့် ဆောက်လုပ်ရေးသုံးပစ္စည်းများလည်း တွေ့ရှိရသည်။
ပစ္စည်းကိရိယာများ၏ ဖော်ထုတ်ရရှိသည့် မြေလွှာအရ သုံးသပ်ပိုင်းခြားရာတွင် ယင်းရှေးဟောင်းကြွေထည်ဖိုသည် အနောက်ရှမင်းဆက်ကာလ အစောပိုင်းတွင် စတင်အသုံးပြုခြင်း ဖြစ်ပြီး အနောက်ရှမင်းဆက်ကာလ နှောင်းပိုင်းတွင် အသုံးပြုထုတ်လုပ်မှု ရပ်တန့်ခဲ့ခြင်းဖြစ်ရာ ၎င်းသည် လက်ရှိ ရှာဖွေတွေ့ရှိရသည့် အစောဆုံး ရှမင်းဆက်ကာလ ကြွေထည်ဖိုနေရာ ဖြစ်သည်။
ဤနေရာတွင် မီးဖုတ်ထုတ်လုပ်သည့် ကြွေဖြူထည်များသည် ဖြူစင်ညက်ညောခြင်း၊ အဖြူရောင်စဉ့်တွင် စိမ်းပြာရောင်ဖျော့ဖျော့ရှိကာ စဉ့်ရည်သုတ်ထားသည်မှာ ညီညာမျှတမှုရှိကြောင်း နင်းရှ ဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း ရှေးဟောင်းသုတေသနဌာန ဒုတိယ လက်ထောက်သုတေသနမှူး၊ စူးယွိခို ကြွေထည်ဖိုနေရာ ရှေးဟောင်းသုတေသနအဖွဲ့ အမှုဆောင်အဖွဲ့ ခေါင်းဆောင် ချိုင်ဖိန်ဖိန်က မိတ်ဆက် ပြောကြားခဲ့သည်။
အထူးသဖြင့် တူးဖော်တွေ့ရှိရသော အမွေအနှစ်ပစ္စည်းများတွင် တရုတ်စာလုံး “ကွမ်း(官)” ပုံစံပါသည့် ကြွေထည်မီးဖုတ်ရာ၌ အသုံးပြုသည့်ဘူးကို တွေ့ရှိရသည်။ အနောက်ရှမင်းဆက်ဂူဗိမာန်၊ ဟယ့်လန် အရှေ့ဘက်တောင်ခြေရှိ အနောက်ရှမင်းဆက် လီကုန်းနန်းဆောင်၊ ဘုရားကျောင်း စသည့် ရှေးဟောင်းအမွေအနှစ်နေရာများ၌ တူးဖော်တွေ့ရှိရသော အနုစိတ်လက်ရာမြောက် ကြွေဖြူထည်များနှင့်ပေါင်းစပ်၍ သုံးသပ်ပိုင်းခြားကြည့်သည့်အခါ ယင်းကြွေထည်ဖိုမှာ အနောက်ရှမင်းဆက် နန်းတော်သုံး ကြွေထည်များ မီးဖုတ်ပြုလုပ်ရာ နေရာ ဖြစ်ပြီး အနောက်ရှမင်းဆက် တော်ဝင်ကြွေထည်ဖို၏ လက္ခဏာရှိပေသည်။
စူးယွိခိုကြွေထည်ဖို၏ မီးဖိုနည်းပညာနှင့် ရှုပ်ထွေးသည့် မီးဖိုလုပ်ငန်းအသွင်အပြင်က ယင်းကြွေထည်ဖိုသည် မြောက်ပိုင်းရိုးရာ မီးဖိုနည်းပညာအခြေခံပေါ်တွင် တောင်ပိုင်း ကျင်တယ်ကျန့် ဟူထျန်ဖို စသည့် ကြွေထည်ဖိုများ၏ ခေတ်ရှေ့ပြေးနည်းပညာနှင့် အနုရသကို လေ့လာထည့်သွင်းကာ တစ်မူထူးခြားသည့် မီးဖိုလုပ်ငန်းအမျိုးအစား ဖန်တီးခြင်းကို ပြသနေရာ တောင်၊ မြောက် စုန့်မင်းဆက် ခေတ်ကာလနှစ်ခု၏ အမျိုးသားယဉ်ကျေးမှု အသွားအလာ၊ ကူးလူးဖလှယ်ခြင်း၊ ပေါင်းစည်းခြင်းဟူသော သမိုင်းဖြစ်ရပ်မှန်ကို အပြည့်အဝ ထင်ဟပ်ပြသခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ စူးယွိခို ကြွေထည်ဖိုရှိ ရှေးဟောင်းသုတေသနအဖွဲ့ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း ဂိုဒေါင်ခန်းတွင် တူးဖော်ရရှိသည့် ကြွေထည်များကို လေ့လာနေသည့် ရှေးဟောင်းသုတေသနပညာရှင်များအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ စူးယွိခို ကြွေထည်ဖိုရှိ ရှေးဟောင်းသုတေသနအဖွဲ့ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း ဂိုဒေါင်ခန်းတွင် တူးဖော်ရရှိသည့် ကြွေထည်များကို လေ့လာနေသည့် ရှေးဟောင်းသုတေသနပညာရှင်များအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ နင်းရှ ဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟယ့်လန်တောင် စူးယွိခို၌ ရှိသော အနောက်ရှမင်းဆက် ကြွေထည်ဖို၏ မြင်ကွင်းကျယ်အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ နင်းရှ ဟွေလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟယ့်လန်တောင် စူးယွိခို၌ ရှိသော အနောက်ရှမင်းဆက် ကြွေထည်ဖို၏ မြင်ကွင်းကျယ်အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————
(Chinese Version)
文化中国行丨走进苏峪口瓷窑址
新华社照片,银川,2025年10月22日
苏峪口瓷窑址位于宁夏回族自治区贺兰山苏峪口深处,于2017年考古调查时首次被发现。2021至2025年,宁夏回族自治区文物考古研究所与复旦大学对该处遗址展开系统考古发掘。目前共发掘窑炉8座,在窑场周围还发现了同时期开采瓷土、煤炭、石英、石灰等矿坑遗迹,这在我国陶瓷考古中尚属首次。该考古项目获评“中国社会科学院考古学论坛·2022年中国考古新发现”。
经过近5年来系统性的清理发掘,该遗址出土大量的精细白瓷产品和各类窑具。瓷器产品器型多样,除碗、盘、盏、碟等日用品外还发现有花口瓶、梅瓶、执壶、罐等大型器物以及白瓷板瓦等建筑材料。根据出土器物结合地层判断,该窑址始烧于西夏早期,停烧于西夏晚期,是目前所发现最早的西夏瓷窑址。据宁夏回族自治区文物考古研究所副研究馆员、苏峪口瓷窑址考古队执行领队柴平平介绍,这里烧制的白瓷器胎质洁白细腻、釉色白中微泛青,施釉均匀。特别是出土遗物中发现带有“官”字款匣钵,综合西夏陵、贺兰山东麓的西夏离宫、寺庙等遗址出土的精细白瓷判断,该瓷窑是西夏宫廷用瓷的烧造地,具有西夏官窑的性质。
苏峪口瓷窑址独特的窑业技术和复杂的窑业面貌揭示出该瓷窑在北方传统窑业技术基础上大量吸收南方景德镇湖田窑等瓷窑的先进技术和审美趣向,创造出别具一格的窑业类型,充分反映了两宋时期民族文化交往、交流、交融的史实。 新华社记者 李贺 摄
1. 一位工作人员在苏峪口瓷窑址考古队文物库房内展示遗址出土的带有“官”字款的匣钵残片(10月13日摄)。
2,3. 考古学家们在苏峪口瓷窑址考古队文物库房内对出土瓷器进行考察(10月13日摄)。
4,5. 这是位于宁夏回族自治区贺兰山苏峪口内的西夏瓷窑址全景(无人机照片,10月13日摄)。