China
၁၃၈ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပြပွဲ ဒုတိယအဆင့်အား ဖွင့်လှစ်ကျင်းပ

ကွမ်ကျိုး၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
၁၃၈ ကြိမ်မြောက် တရုတ်ပို့ကုန်သွင်းကုန်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ) ဒုတိယအဆင့်ကို အောက်တိုဘာ ၂၃ ရက်တွင် “အရည်အသွေးမြင့်သော အိမ်သုံးပစ္စည်းများ” ခေါင်းစဉ်ဖြင့် အိမ်သုံးပစ္စည်း၊ လက်ဆောင်ပစ္စည်းနှင့် အလှဆင်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းနှင့် အိမ်ထောင်ပရိဘောဂ ဟူ၍ အပိုင်း ၃ ပိုင်းခွဲကာ တစ်စုတစ်စည်းတည်း ပြသခဲ့သည်။ ဒုတိယအဆင့် အော့ဖ်လိုင်းပြပွဲ၏ စုစုပေါင်းဧရိယာသည် စတုရန်းမီတာ ၅၁၅,၀၀၀ ရှိပြီး ပြခန်းနေရာ ၂၅,၀၀၀ ရှိကာ ပါဝင်ပြသသည့် လုပ်ငန်းကုမ္ပဏီပေါင်း ၁၀,၀၀၀ ကျော် ရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ ကျင်းပသည့် ၁၃၈ ကြိမ်မြောက် တရုတ်ပို့ကုန်သွင်းကုန်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ) ဒုတိယအဆင့်ပြပွဲတွင် ပြည်ပမှ လာရောက်ဝယ်ယူသူကုန်သည်များက အလှဆင်ပန်းအတုပြခန်းအား လေ့လာကြည့်ရှုနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ ကျင်းပသည့် ၁၃၈ ကြိမ်မြောက် တရုတ်ပို့ကုန်သွင်းကုန်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ) ဒုတိယအဆင့်ပြပွဲတွင် ပြည်ပမှ လာရောက်ဝယ်ယူသူကုန်သည်များက နေ့စဉ်သုံး ကြွေထည်ပစ္စည်းကုမ္ပဏီပြခန်း၌ ဆွေးနွေးနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
第138届广交会第二期开幕
新华社照片,广州,2025年10月23日
10月23日,第138届广交会第二期开幕,以“品质家居”为主题,集中展示家庭用品、礼品及装饰品、建材及家具3大板块。二期线下展览总面积51.5万平方米,展位2.5万个,参展企业超1万家。
1、10月23日,境外采购商在钟表展台洽谈。 新华社记者 邓华 摄
2、10月23日,境外采购商观看仿真花展台。新华社记者 邓华 摄
3、10月23日,境外采购商在日用瓷器企业展台洽谈。新华社记者 邓华 摄