Europe
တရုတ်-ဆားဘီးယား ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကို ဘဲလ်ဂရိတ်မြို့တွင် ကျင်းပ
ဘဲလ်ဂရိတ်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်-ဆားဘီးယား ချစ်ကြည်ရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကို ဘဲလ်ဂရိတ်မြို့ရှိ သမိုင်းဝင် ကိုလာရက်စ် ဖျော်ဖြေရေးခန်းမ၌ အောက်တိုဘာ ၂၁ ရက် ညနေခင်းက ကျင်းပခဲ့ကြောင်း သိရသည်။
တရုတ်အမျိုးသား အော်ပရာပြဇာတ်ရုံနှင့် ဘဲလ်ဂရိတ်မြို့ရှိ အမျိုးသားကဇာတ်ရုံတို့မှ အနုပညာရှင်များက တရုတ်ဂန္ထဝင်ကဗျာနှင့် ဥရောပ အော်ပရာပြဇာတ်မှ စိတ်ဝင်စားဖွယ်ရာများကို စုစည်းသရုပ်ဖော်ထားသော အစီအစဉ်ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ တရုတ်နိုင်ငံနှင့် ဆားဘီးယားနိုင်ငံတို့မှ ပရိသတ်များကလည်း အဆိုပါဖျော်ဖြေတင်ဆက်မှု အစမှ အဆုံးထိတိုင်အောင် လှိုက်လှိုက်လှဲလှဲ လက်ခုပ်ဩဘာပေးခဲ့ကြောင်း သိရသည်။
ယင်းဂီတဖျော်ဖြေပွဲမှာ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် အခြေခံတည်ဆောက်ထားသော ချစ်ကြည်ရင်းနှီးမှုဖြစ်သည့် ဆားဘီးယားနှင့် တရုတ်ပြည်သူများ၏ ချစ်ကြည်ရေး နှစ် ၇၀ ပြည့်မြောက်သော အခါသမယ၏ အထင်ကရ အခိုက်အတန့်တစ်ခုပင်ဖြစ်ကြောင်း ဆားဘီးယား ယဉ်ကျေးမှုဝန်ကြီး နစ်ကိုလာ ဆယ်လာကိုဗစ်က ဆိုသည်။ ယဉ်ကျေးမှုဆိုသည်မှာ နှစ်နိုင်ငံဆက်ဆံရေး၏ ပဓာနကျသော အတိုင်းအတာကို ကိုယ်စားပြုသည်ဟု ၎င်းက အလေးအနက်ပြောကြားခဲ့ကာ ဆားဘီးယားအနေဖြင့် ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဖလှယ်မှုဖြင့် အေးအတူပူအမျှ အသိုက်အဝန်းအား အတူတကွ ထူထောင်သွားမည်ဟု ထပ်လောင်းကတိပြုခဲ့သည်။
ဆားဘီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီမိန်ကလည်း အဆိုပါ ဂီတဖျော်ဖြေပွဲမှာ ဆယ်စုနှစ် ခုနစ်ခုတိုင်တိုင် အခိုင်အမာတည်ဆောက်ခဲ့သည့် နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုအတွက် လှိုက်လှဲဝမ်းမြောက်စွာ ဂုဏ်ပြုခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထိုအခမ်းအနားက မကြုံဖူးလောက်သော အဆင့်သစ်အထိ တိုးတက်လာသည့် နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးကို ထင်ဟပ်နေသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ တေးဂီတဖျော်ဖြေပွဲကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ ဆားဘီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ဆားဘီးယားနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနတို့က ပူးပေါင်းစီစဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့ရှိ ကိုလာရက်စ် ဖျော်ဖြေရေးခန်းမ၌ ကျင်းပသည့် တရုတ်-ဆားဘီးယား ချစ်ကြည်ရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲ၌ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ဓာတ်ပုံရိုက်နေသည့် ပရိသတ်များအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………….
(English Version)
Concert in Belgrade marks 70th anniversary of China-Serbia ties
BELGRADE, Oct. 22 (Xinhua) — A concert celebrating the 70th anniversary of friendship between China and Serbia was held on Tuesday evening at Belgrade’s historic Kolarac Concert Hall.
Artists from the China National Opera House and the National Theatre in Belgrade presented a program that combined Chinese classical poetry and highlights from European opera. Audiences from both China and Serbia responded with warm applause throughout the performance.
Serbian Minister of Culture Nikola Selakovic said the concert was “one of the highlights in the year when we mark the 70th anniversary of friendship between the peoples of Serbia and China – a friendship built on mutual respect, trust, and cooperation.” He stressed that culture “represents an essential dimension of the bilateral relations” and reaffirmed Serbia’s commitment to “building a shared future together” through cultural exchange.
Chinese Ambassador to Serbia Li Ming described the concert as “a heartfelt tribute to the deep friendship forged over seven decades.” He said the event reflected the growing partnership between the two nations, which “has reached an unprecedented new height.”
The concert was jointly organized by China’s Ministry of Culture and Tourism, the Chinese Embassy in Serbia, and Serbia’s Ministry of Culture.
English Caption 1
Artists perform during a concert celebrating the 70th anniversary of friendship between China and Serbia at Kolarac Concert Hall in Belgrade, Serbia, Oct. 21, 2025. (Photo by Wang Wei/Xinhua)
English Caption 2
People take photos as artists perform during a concert celebrating the 70th anniversary of friendship between China and Serbia at Kolarac Concert Hall in Belgrade, Serbia, Oct. 21, 2025. (Photo by Wang Wei/Xinhua)
