Connect with us

China

တရုတ်နိုင်ငံက ထိုင်ဝမ် ပြန်လည်ရရှိခြင်း အထိမ်းအမှတ်နေ့ သတ်မှတ်ခြင်းက ကမ္ဘာပေါ်တွင် တရုတ်တစ်နိုင်ငံတည်းသာရှိသည်ဟူသော နိုင်ငံတကာသဘောတူညီချက်ကို အားကောင်းခိုင်မာစေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ထိုင်ဝမ် ပြန်လည်ရရှိခြင်း အထိမ်းအမှတ်နေ့ သတ်မှတ်ခြင်းသည် ကမ္ဘာပေါ်တွင် တရုတ်တစ်နိုင်ငံတည်းသာရှိခြင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲခြား၍မရသော တစ်စိတ်တစ်ပိုင်းဖြစ်ခြင်း ဟူသော နိုင်ငံတကာသဘောတူညီချက်များကို အားကောင်းစွာ ခိုင်မာစေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက အောက်တိုဘာ ၂၇ ရက်က ပြောကြားခဲ့သည်။

မကြာသေးမီရက်က တရုတ်နိုင်ငံသည် အောက်တိုဘာ ၂၅ ရက်ကို ထိုင်ဝမ် ပြန်လည်ရရှိခြင်းအထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ရာ နိုင်ငံတကာ မီဒီယာများ၏ အထူးအာရုံစိုက်မှုကိုခံခဲ့ရကြောင်း၊ ပြောရေးဆိုခွင့်ရှိသူအနေဖြင့် ယင်းအခြေအနေအား တစ်ဆင့်တိုး မိတ်ဆက်ပြောကြားပေးနိုင်မည်လော၊ ယင်းအပေါ် မည်သို့မှတ်ချက်ပြုလိုပါသနည်း ဟူ၍ သတင်းထောက်တစ်ဦးက ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။

၁၉၄၅ ခုနှစ်တွင် တရုတ်ပြည်သူများသည် ၁၄ နှစ်ကြာ အနိုင်မခံ အရှုံးမပေးဘဲ သွေးချောင်းစီး တိုက်ပွဲဝင်ခဲ့ကြပြီးနောက် ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ ကြီးမြတ်သော အောင်နိုင်ခြင်း ရရှိခဲ့ကြောင်၊ ထိုနှစ် အောက်တိုဘာ ၂၅ ရက်တွင် တရုတ်စစ်ဒေသ ထိုင်ဝမ်ပြည်နယ် လက်နက်ချ အခမ်းအနားကို ထိုင်ပေတွင် ကျင်းပခဲ့ကြောင်း၊ ထိုအချိန်မှစ၍ ထိုင်ဝမ်နှင့် ဖုန်ဟူကျွန်းစုသည် တရုတ်၏ အချုပ်အခြာအာဏာ စီမံခန့်ခွဲမှုအောက်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ ထိုင်ဝမ် ပြန်လည်ရရှိခြင်းသည် ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း၏ အရေးပါသော ရလဒ်၊ တရုတ်အစိုးရက ထိုင်ဝမ်အပေါ် အချုပ်အခြာအာဏာ ပြန်လည်ရရှိခဲ့သည့် အရေးပါသော သံမဏိပမာ ခိုင်မာသည့် သက်သေအထောက်အထား၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟူသော သမိုင်းဝင်ဖြစ်ရပ်မှန်နှင့် ဥပဒေအရ ဆက်နွှယ်မှု စသည့် အရေးကြီးသော ကွင်းဆက်၊ တရုတ်လူမျိုးတစ်ရပ်လုံး၏ ဘုံအမျိုးသားရေး အမှတ်ရမှုလည်း ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။

ထိုင်ဝမ် ပြန်လည်ရရှိခြင်း နှစ် ၈၀ ပြည့် အခါသမယတွင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီသည် ထိုင်ဝမ် ပြန်လည်ရရှိခြင်း အထိမ်းအမှတ်နေ့ သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ပြီး တစ်နိုင်ငံလုံး တိုင်းရင်းသားပြည်သူအသီးသီး၏ တရုတ်တစ်နိုင်ငံတည်း မူဝါဒ အခိုင်အမာ လက်ကိုင်ထားခြင်း၊ နိုင်ငံ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်သည့် ခိုင်မာသော ရပ်တည်ချက်ကို ပြသခဲ့ပြီး ထိုင်ဝမ်သွေးချင်းများ အပါအဝင် ပြည်တွင်းပြည်ပ တရုတ်လူမျိုးများ၏ ဘုံမျှော်မှန်းချက်ကို ထင်ဟပ်စေခဲ့သလို တရုတ်ကွန်မြူနစ်ပါတီ၏ သမိုင်းတာဝန်ကို မယိမ်းယိုင် ထမ်းဆောင်ခြင်း၊ အမိမြေ အပြည့်အဝ ပြန်လည်ပေါင်းစည်းရေးကို မမှိတ်မသုန် အကောင်အထည်ဖော်မည့် ခိုင်မာအားကောင်းသော သန္နိဋ္ဌာန်ကို ထင်ပေါ်စေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်ဝမ် ပြန်လည်ရရှိခြင်းသည် ဒုတိယ ကမ္ဘာစစ် အောင်နိုင်ခြင်း ရလဒ်နှင့် စစ်အပြီး နိုင်ငံတကာ စည်းစနစ်၏ အရေးပါသော အစိတ်အပိုင်းဖြစ်ကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကျယ်ပြန့်သည့် သဘောတူညီချက်နှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံမူဖြစ်ကြောင်း၊ တရုတ်နိုင်ငံက ထိုင်ဝမ် ပြန်လည်ရရှိခြင်း အထိမ်းအမှတ်နေ့ သတ်မှတ်ခြင်းသည် ကမ္ဘာပေါ်တွင် တရုတ်တစ်နိုင်ငံတည်းသာရှိခြင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲခြား၍မရသော တစ်စိတ်တစ်ပိုင်းဖြစ်ခြင်း ဟူသော နိုင်ငံတကာသဘောတူညီချက်များကို အားကောင်းစွာ ခိုင်မာစေကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
“နိုင်ငံအသီးသီးအနေနဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လက်ကိုင်ထားပြီး မှန်ကန်တဲ့ ဒုတိယကမ္ဘာစစ်သမိုင်းအမြင်ကို အတူတကွ မြှင့်တင်ဖို့၊ ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်း ရလဒ်တွေကို အခိုင်အမာ ကာကွယ်ထိန်းသိမ်းဖို့၊ တရုတ်ပြည်သူတွေရဲ့ ‘ထိုင်ဝမ်ခွဲထွက်ရေး’ ဆန့်ကျင်မှု၊ အမျိုးသားပြန်လည်ပေါင်းစည်းရေးအား ပြီးမြောက်အောင်လုပ်ဆောင်တဲ့ တရားမျှတရေးလုပ်ငန်းအပေါ် အားပေးထောက်ခံပေးဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)

………………
(Chinese Version)
外交部:中方设立台湾光复纪念日有力巩固世界上只有一个中国的国际共识
新华社北京10月27日电(记者许可)外交部发言人郭嘉昆27日表示,中方设立台湾光复纪念日,有力巩固了世界上只有一个中国、台湾是中国不可分割一部分的国际共识。
当日例行记者会上,有记者问:日前中方决定将10月25日设立为台湾光复纪念日,国际媒体高度关注。发言人能否进一步介绍情况?对此有何评论?
郭嘉昆说,1945年,中国人民经过14年不屈不挠的浴血奋战,赢得抗日战争暨世界反法西斯战争的伟大胜利。当年10月25日,中国战区台湾省受降仪式在台北举行,至此台湾、澎湖列岛重归中国主权管辖之下。台湾光复是抗战胜利的重要成果,是中国政府恢复对台湾行使主权的重要铁证,是台湾作为中国一部分的历史事实和法理链条的重要一环,是全体中华儿女共同的民族记忆。
他表示,在台湾光复80周年之际,中国全国人大常委会决定设立台湾光复纪念日,展示了全国各族人民坚持一个中国原则、捍卫国家主权和领土完整的坚定立场,反映了包括台湾同胞在内的海内外中华儿女的共同愿望,彰显了中国共产党坚定不移担当历史任务、矢志不渝实现祖国完全统一的坚强意志。
郭嘉昆说,台湾光复是二战胜利成果和战后国际秩序的重要组成部分。一个中国原则是国际社会普遍共识和国际关系基本准则。中方设立台湾光复纪念日,有力巩固了世界上只有一个中国、台湾是中国不可分割一部分的国际共识。
“我们希望各国坚持一个中国原则,共同弘扬正确二战史观,坚定维护二战胜利成果,支持中国人民反对‘台独’分裂活动、完成国家统一的正义事业。”郭嘉昆说。(完)