Connect with us

Social

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတရာကျေးရွာ၌ ဂိတ်ရင်းထားပြီး YBS ကားများပြေးဆွဲပေးရန်ညှိနှိုင်းဆောင်ရွက် ပေးသွားမည်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ် ၊စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်အားတွေ့ရစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ဝါးတရာကျေးရွာ၌ ဂိတ်ရင်းထားပြီး YBS ကားများပြေးဆွဲပေးရန် ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ် ၊စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ရွှေပြည် သာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်း(ခ) ဦးဂေးမောင် က YBS ယာဉ်လိုင်း များအား ဝါးတရာစက်မှုဇုန်၊ ဝါးတရာကျေးရွာအထိ ပြေးဆွဲနိုင်ခြင်း ရှိ၊မရှိ၊ ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် မရှိပါက အဘယ်အကြောင်းကြောင့် ပြေးဆွဲပေးနိုင်ခြင်း မရှိသည်ကို သိလိုကြောင်း ယနေ့ လွှတ်တော်အစည်းအဝေးတွင် မေးမြန်းရာ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ယာဉ်လိုင်းတွေပြေးဆွဲဖို့မှာ သစ်တင်ကားတွေနဲ့ ဂိတ်ရင်းထားဖို့ကိစ္စတွေမှာ နည်းနည်းအခက်အခဲလေး တွေရှိနေတဲ့အတွက် ကားဂိတ်ရင်းထားတယ်ဆိုရင် အဲဒီဂိတ်ရင်းမှာ ယာဉ်ရပ်နားကွင်းကို ဆောင်ရွက်ပေးရမှာဖြစ်ပါ တယ်။ အဲဒီယာဉ်ရပ်နားကွင်း ဆောင်ရွက်ပေးဖို့အတွက်ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် ဝါးတရာသို့ ပြေးဆွဲရေး ညှိနှိုင်းဆောင်ရွက်မှုကို ကျမတို့ YRTA နဲ့ အမှတ်(၄၀)ယာဉ်လိုင်းက အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီရယ် သက်ဆိုင်ရာ ဒေသအဖွဲ့အစည်းများ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့ ညှိနှိုင်းဆွေးနွေးပြီးတော့ ပြေးဆွဲနိုင်မှုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပိုမိုကောင်းမွန်သော အများသယ်ဆောင်မှု စနစ်ကို ဖော်ဆောင်ရေး၊ ပြည်သူလူထု သွားလာဖို့အတွက် အဆင်ပြေချေမွေ့စေရန် အဓိကပြေးဆွဲလမ်းကြောင်းများ ၊ အထောက်အကူပြု ဆက်စပ် လမ်းကြောင်းများ စသည်ဖြင့် လျာထားကာ ပြည်သူလူထု သွားလာရေး လွယ်ကူစေရန် စီမံဆောင်ရွက်ခဲ့ ကြောင်း ပြည်သူလူထု၏ လိုအပ်ချက်များကို ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်က ညှိနှိုင်းလာမှုများအ ပေါ်တွင် လေ့လာစိစစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း YBS အမှတ် (၄၀)ယာဉ်လိုင်းက ရွှေပြည်သာမြို့နယ် ဒေါ်ဖွားရှင်လမ်းမှ စတင်ပြေးဆွဲပေးလျက်ရှိကြောင်း ယင်း YBS (၄၀) ယာဉ်လိုင်းကို ခရီးသွားပြည်သူလူထုနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ညှိနှိုင်းမှုအရ ဂိတ်ရင်းကို သံတင်းရွာမှ လမ်းကြောင်းခွဲပြေးဆွဲရန် စီမံ ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.