Connect with us

Social

လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးရေးလုပ်ငန်းများကို ပြည်သူလူထုအတွင်းမှာ ပြန့်နှံ့သွားနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းပြောကြား

မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

လူကုန်ကူးသူများ၏အန္တရာယ်ကကင်းဝေးပြီး လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးရေး လုပ်ငန်းများကို ပြည်သူလူထုအတွင်းမှာ ပြန့်နှံ့သွားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ယနေ့နံနက် ၈နာရီက ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်တွင် ကျင်းပသည့် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် “ လူကုန်ကူးမှုတားဆီးရေး ဥပဒေပြဌာန်းတဲ့ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့နောက်ပိုင်းမှာ မြန်မာတစ်နိုင်ငံလုံး လူကုန်ကူးမှု တားဆီးရေးဥပဒေ ဖော်ထုတ်နိုင်ခဲ့တဲ့အမှုများက နှစ်စဉ် ၅၂.၁၇၃ မှုအထိရှိပြီး ၂၀၁၇ ခုနှစ်မှာ အမှုပေါင်း ၂၂၅ မှုအထိ ဖော်ထုတ်အရေးယူ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ အမှု ၆၀ အထိ၊ ရန်ကုန်တိုင်းနဲ့ အခြားပြည်နယ်တွေ ယှဉ်ထိုးပြီး လေ့လာကြည့်မယ်ဆိုရင် ရန်ကုန်တိုင်းဟာ လူကုန်ကူးမှုကျူးလွန်မှု အများဆုံး ဖြစ်ပေါ်နေရတယ်ဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းမှာ လူဦးရေ ၇.၄ သန်းကျော် နေထိုင်နေတာပဲဖြစ်ပါတယ်။ ရွှေ့ပြောင်းလုပ်သားများ များပြားခြင်းတွေနဲ့ လူဦးရေများပြားတဲ့တိုင်းဖြစ်တဲ့အတွက် လူသားအချင်းချင်း ကျူးလွန်နေတဲ့ လူကုန်ကူးမှုဖြစ်စဉ်တွေ လေ့လာတွေ့ရှိရမှာဖြစ်သလို စုံစမ်းဖော်ထုတ်ရေးနှင့် လူကုန်ကူးမှုများကို ဥပဒေနှင့်အညီ သတ်မှတ်တဲ့ပြစ်မှုပြစ်ဒဏ်များပေးနိုင်ရေး၊ လူသားချင်းစာနာထောက်ထားမှုကင်းမဲ့စွာ ခေါင်းပုံဖြတ်အမြတ်ထုတ်မှု၊ လူကုန်ကူးသူတွေရဲ့ အန္တရာယ်ကကင်းဝေးပြီး လူကုန်ကူးမှု ဆိုင်ရာ အသိပညာပေးရေးလုပ်ငန်းများကို ပြည်သူလူထုအတွင်းမှာ ပြန့်နှံ့သွားနိုင်ဖို့ ကြိုးပမ်းဆာင်ရွက်သွားကြရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ အချက်အလက်များအရ ၂၀၁၆ ခုနှစ်က ထုတ်ပြန်သည့် ထုတ်ပြန်ချက် သတင်းအချက်အလက်များအရ နှစ်စဉ်လူကုန်ကူးမှုသည် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံခန့် အမြတ်အစွန်းရရှိကြောင်း၊ လူကုန်ကူးမှု ပုံစံများအနေနှင့် လိင်ပိုင်းဆိုင်ရာေ ခါင်းပုံဖြတ်မှုသည် ၅၄ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ အဓမ္မခိုင်းစေမှုမှာ ၃၈ ရာခိုင်နှုန်းခန့်ရှိ၍ တခြားပုံစံများအနေဖြင့် ၈ ရာခိုင်နှုန်းခန့် ပါဝင်ကြောင်း၊ ကိုယ်အဂါၤထုတ်ပြီးရောင်းချသည့် လူကုန်ကူးမှုမှာ ကမ္ဘာ့နိုင်ငံ ၁၆ နိုင်ငံတွင် ဖြစ်ပွားနေကြောင်း၊ လူကုန်ကူးခံရသူများမှာ အမျိုးသမီးက ၅၁ ရာခိုင်နှုန်းရှိပြီး ကလေးသူငယ်နှင့် အမျိုးသမီးငယ်များမှာ ၂၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ကလေးနှင့် အမျိုးသားများ ၈ ရာခိုင်နှုန်းခန့် လူကုန်ကူးခံရကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ၂၀၁၈ခုနှစ် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး၊ကဗျာ၊ ကာတွန်းပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.