Connect with us

Africa & Middle East

“ဘာရိန်းနိုင်ငံက တရုတ်နိုင်ငံကို အရေးပါတဲ့ ခရီးသွားလုပ်ငန်းအရင်းအမြစ် ဈေးကွက်အဖြစ် ရှုမြင်သွားမယ်” – ဘာရိန်းနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီး Fatima bint Jaafar Al Sairafi နှင့် တွေ့ဆုံမေးမြန်းခြင်း

ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ်တွင် ဘာရိန်းနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီး Fatima bint Jaafar Al Sairafi ကို နိုဝင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယတ်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ဘာရိန်းနိုင်ငံက တရုတ်နိုင်ငံကို အရေးပါသည့် ခရီးသွားလုပ်ငန်းအရင်းအမြစ် ဈေးကွက်အဖြစ် ရှုမြင်သွားမည်ဖြစ်သလို တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုနီးကပ်စေပြီး “တရုတ်ခရီးသွားဧည့်သည်တွေကို အချိန်မရွေးကြိုဆိုဖို့ အသင့်ပြင်ဆင်ထားတဲ့နေရာဖြစ်အောင် ဘာရိန်းနိုင်ငံက ကြိုးစားသွားမယ်” ဟု ဘာရိန်းနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီး Fatima bint Jaafar Al Sairafi က မကြာသေးမီရက်က ဆင်ဟွာသတင်းဌာန သီးသန့်မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

၂၆ ကြိမ်မြောက် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ညီလာခံကို နိုဝင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့တွင် ကျင်းပခဲ့သည်။ Sairafi က ညီလာခံကျင်းပစဉ်ကာလအတွင်း သီးသန့်မေးမြန်းခန်းမှုကို ဖြေကြားရာတွင် ဘာရိန်းနိုင်ငံသည် ခရီးသွားလုပ်ငန်း အမျိုးစုံလင်စွာ ဖွံ့ဖြိုးတိုးတက်မှုကို ကြိုးစားမြှင့်တင်လျက်ရှိပြီး တရုတ်နိုင်ငံမှာ ဘာရိန်းခရီးသွားလုပ်ငန်း မဟာဗျူဟာအတွင်းရှိ အရေးပါသည့် ပစ်မှတ်ဈေးကွက်များထဲမှ တစ်ခုဖြစ်ကြောင်း၊ ဘာရိန်းနိုင်ငံ အမျိုးသားလေကြောင်းလိုင်း Gulf Air သည် ပြီးခဲ့သည့်နှစ် မေလတွင် တရုတ်နိုင်ငံ ကွမ်ကျိုးနှင့် ရှန်ဟိုင်းသို့ တိုက်ရိုက်ပျံသန်းသော လေယာဉ်ခရီးစဉ်များကို စတင်ခဲ့သည်။ ၂၀၂၅ ခုနှစ် ပထမ ၉ လ အတွင်း ဘာရိန်းသို့ လာရောက်လည်ပတ်သော တရုတ်ခရီးသွားဧည့်သည်အရေအတွက်သည် ယခင်နှစ်ကာလတူထက် ၄၀ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့သည်။

ဘာရိန်းသည် ပြီးခဲ့သည့်လက ကွမ်ကျိုးနှင့် ရှန်ဟိုင်းတို့တွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အခမ်းအနား ကျင်းပခဲ့ပြီး ပြည်တွင်းတွင် ဟိုတယ်လုပ်ငန်းဆိုင်ရာ မွမ်းမံသင်တန်းများစွာကိုလည်း စီစဉ်ပေးခဲ့ကြောင်း၊ ဘာရိန်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် တရုတ်ရင်းနှီးမြှုပ်နှံမှုများ၊ အထူးသဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် တက်ကြွစွာ ဆွဲဆောင်လျက်ရှိပြီး ယင်းမှာ နှစ်နိုင်ငံကြား ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ၎င်းက မိတ်ဆက်ပြောကြားခဲ့သည်။
လတ်တလောတွင် တရုတ်နိုင်ငံက ဘာရိန်းစသည့် ပင်လယ်ကွေ့နိုင်ငံများအပေါ် ဗီဇာကင်းလွတ်ခွင့်မူဝါဒ သက်တမ်းတိုးပေးရန် ဆုံးဖြတ်သည်နှင့်စပ်လျဉ်း၍ Sairafi က အထူးတန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။ ဗီဇာကင်းလွတ်ခွင့်မူဝါဒသည် ဘာရိန်းပြည်သူများ တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် အဆင်ပြေစေပြီး တရုတ်နိုင်ငံ၏ ကြွယ်ဝသော ယဉ်ကျေးမှု၊ ရှည်လျားသော သမိုင်းကြောင်းနှင့် ခေတ်သစ် တက်ကြွမှုများကို ပိုမိုကောင်းမွန်စွာ နားလည်သိရှိနိုင်သောကြောင့် နှစ်နိုင်ငံ ပြည်သူများ အပြန်အလှန် နားလည်မှုကို မြှင့်တင်ရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ဗီဇာကင်းလွတ်ခွင့်မူဝါဒသည် ဘာရိန်းကုမ္ပဏီလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအတွက်လည်း အဆင်ပြေလွယ်ကူစေပြီး ၎င်းတို့အား တရုတ်ဈေးကွက်တွင် အခွင့်အလမ်းအသစ်များ ရှာဖွေတွေ့ရှိရန် ကူညီပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဘာရိန်းနိုင်ငံက ခရီးသွားလုပ်ငန်းကို ချစ်ကြည်ရင်းနှီးမှုနဲ့ ဘုံကြွယ်ဝချမ်းသာမှုရဲ့ ပေါင်းကူးတံတားတစ်ခုအဖြစ် ရှုမြင်သွားမှာဖြစ်တယ်။ ဗီဇာကင်းလွတ်ခွင့်မူဝါဒက နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနီးကပ်စေတဲ့၊ ယဉ်ကျေးမှုအပြန်အလှန် လေ့လာသင်ယူမှုကို ပိုမိုနက်ရှိုင်းစေတဲ့၊ စီးပွားရေးတိုးတက်မှုကို ပိုမိုရေရှည်တည်တံ့စေတဲ့ အရေးပါတဲ့ တွန်းအားတစ်ခု ဖြစ်လာပြီး နှစ်နိုင်ငံပြည်သူတွေကို အကျိုးရှိစေလိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်” ဟု Sairafi က ပြောကြားခဲ့သည်။ (Xinhua)

……………………..
(Chinese Version)
专访|“巴林将中国视为重要旅游客源市场”——访巴林旅游大臣法蒂玛·赛义拉菲
新华社利雅得11月11日电 专访|“巴林将中国视为重要旅游客源市场”——访巴林旅游大臣法蒂玛·赛义拉菲   新华社记者罗晨 王海洲
巴林旅游大臣法蒂玛·赛义拉菲日前在接受新华社记者专访时表示,巴林将中国视为重要的旅游客源市场,愿与中方密切合作,“努力让巴林成为一个随时准备好迎接中国游客的目的地”。
第26届联合国旅游组织大会7日至11日在沙特利雅得举行。赛义拉菲在大会期间接受专访时表示,巴林正努力推动旅游业多元化发展,而“中国是巴林旅游战略中重点目标市场之一”。巴林国家航空公司海湾航空去年5月开通直飞中国广州和上海的航班。2025年前9个月,巴林接待的中国游客数量同比增长逾40%。
她介绍说,巴林上月在广州和上海举办旅游推介活动,并在国内组织多场针对酒店业的培训。巴林经济发展委员会正积极吸引中国投资,尤其在旅游领域,这是两国不断深化经贸合作的重要组成部分。
谈及中国近日决定延长对巴林等多个海湾国家的免签政策,赛义拉菲表示高度赞赏。她说,免签政策让巴林民众前往中国旅行更加便利,能够更好地领略中国丰富的文化、悠久的历史和现代化活力,这有助于促进两国人民相互理解。免签政策还为巴林企业家和投资者提供便利,帮助他们在中国市场寻找新机遇。
赛义拉菲说:“巴林将旅游视为友谊与共同繁荣的桥梁。我们相信,免签政策将成为推动双方合作更加紧密、文明互鉴更加深入、经济增长更加持久的重要催化剂,造福两国人民。”(完)
图说:这是11月8日在沙特阿拉伯首都利雅得拍摄的巴林旅游大臣法蒂玛·赛义拉菲。 新华社记者 王海洲 摄