Connect with us

International Organizations

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားအတွက် ပါရာဂွေးအသင်း ရည်မှန်းချက်ကြီးကြီးထား

မက္ကဆီကိုနိုင်ငံ၏ မြို့တော် မက္ကဆီကိုစီးတီးတွင်ပြုလုပ်ခဲ့သည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား စီစဉ်ကျင်းပရေးအစီအစဉ် မိတ်ဆက်ပွဲတွင် စကားပြောနေသည့် မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိုင်းဘောင်း ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

အဆန်စီယွန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ပါရာဂွေးအသင်းက ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေစဉ် အသင်းအနေဖြင့် ရည်မှန်းချက်မြင့်မြင့်မားမား ချမှတ်ထားကြောင်း ကွင်းလယ်ကစားသမား မာသီးယပ်စ်ဂါလာဇာက ပြောကြားခဲ့သည်။တောင်အမေရိကအသင်း ပါရာဂွေးသည် လာမည့်နှစ်တွင်ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုအဖြစ် လာမည့်သီတင်းပတ်အတွင်း အမေရိကန်၊ မက္ကဆီကိုအသင်းများနှင့် ခြေစမ်းပွဲများ ကစားရန် စီစဥ်ထားသည်။

ဂါလာဇာကမူ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက အိမ်ကွင်း၌ အာဂျင်တီးနားအသင်းကို ၂-၁ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့ခြင်းမှာ ပါရာဂွေးအသင်းအနေဖြင့် ဘာမဆိုစွမ်းဆောင်နိုင်သည်ကို သက်သေပြခဲ့ခြင်းဖြစ်ကြောင်း ထောက်ပြပြောဆိုထားသည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ချန်ပီယံဖြစ်ဖို့ပဲ အမြဲတမ်း ရည်မှန်းကစားပါတယ်။ လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံအသင်းကိုလည်း ပါရာဂွေးက အနိုင်ကစားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရင်ဆိုင်ကစားရမယ့် ဘယ်လိုအသင်းနဲ့မဆို ပါရာဂွေးက အဆင်သင့်ဖြစ်နေပါပြီ” ဟု ဂါလာဇာက သတင်းထောက်များကို ပြောကြားခဲ့သည်။

ပါရာဂွေးမှာ တောင်အာဖရိကနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်းမှစ၍ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ပါဝင်ကစားခွင့်မရခဲ့ပေ။ ၂၀၁၀ ပြည့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်မူ ပါရာဂွေးက ၎င်းတို့၏သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

ပါရာဂွေးမှာ ၁၀ သင်းပါ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုတွင် အဆင့် ၆ နေရာရခဲ့ပြီးနောက် လာမည့်နှစ်အတွင်း အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တစ်နေရာရရှိထားပြီးဖြစ်သည်။

ဂါလာဇာကမူ နိုဝင်ဘာ ၁၅ ရက်၌ ဖီလာဒဲလ်ဖီးယားတွင်ကစားမည့် အမေရိကန်၊ နိုဝင်ဘာ ၁၈ ရက်၌ တိုရီယွန်တွင် ကစားမည့် မက္ကဆီကိုနှင့်ပွဲစဥ်များအား ပါရာဂွေးက အပြည့်အဝ အာရုံစိုက်ကစားသွား မည်ဖြစ်ကြောင်း ပြောကြားထားသည်။ “နည်းပြ ဂူစတာဗို အဲလ်ဖာရိုကတော့ အမေရိကန်နဲ့ မက္ကဆီကို တို့နဲ့ကစားရမယ့် ခြေစမ်းပွဲတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကအသင်းတွေနဲ့ ကြိုတင်ပြင်ဆင်မှုလုပ်တဲ့ ပွဲစဥ်တွေလို့ ပြောထားပါတယ်။ ကျွန်တော်တို့ကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားတဲ့အတိုင်းပဲ ဒီပွဲစဥ်တွေကို ချဥ်းကပ်ကစားသွားမှာဖြစ်ပါတယ်”ဟု အသက် ၂၃ နှစ်အရွယ်ရှိ ဂါလာဇာက ပြောကြားခဲ့သည်။ (Xinhua)
——————————–
(English Version)
Paraguay sets bold tone for 2026 World Cup
ASUNCION, Nov. 12 (Xinhua)
Paraguay midfielder Matias Galarza says the Albirroja is setting high ambitions as it prepares for its first World Cup appearance since 2010.
The South American team will step up preparations for next year’s tournament with friendlies against the United States and Mexico over the next week.
Galarza pointed to his team’s home 2-1 victory over Argentina in November last year as proof that anything is possible.
“Our objective, always, is to be champions,” Galarza told reporters. “We beat the current world champions, so we are ready for any team that we have to come up against.”
Paraguay has not featured at the World Cup finals since the 2010 edition in South Africa, where it reached the quarterfinals for the first time.
It secured a place at next year’s tournament in the United States, Mexico and Canada by finishing sixth in the 10-team South American qualifying group.
Galarza said Paraguay would treat Saturday’s match against the United States in Philadelphia and next Tuesday’s game against Mexico in Torreon with full focus.
“As the manager [Gustavo Alfaro] said, these are preparatory matches against World Cup teams,” the 23-year-old said. “We will approach them as if it were the World Cup.”
Photo:
Mexican President Claudia Sheinbaum speaks during the presentation of the FIFA World Cup 2026 organization plan in Mexico City, capital of Mexico, on Nov. 10, 2025. (Xinhua/Francisco Canedo)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.