Environment, Disasters & Accidents
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၏ အနောက်ဘက် (၁၀) မိုင်ခန့်အကွာ တွင် အင်အား ရစ်ချ်တာစကေး (၄.၂) အဆင့်ရှိငလျင်တစ်ခုလှုပ်ရှား
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၏ အနောက်ဘက် (၁၀) မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၂၀.၅၈)၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၉)၊ အနက် (၈)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွား ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုှုဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက “ငလျင်က အနက်တိမ်တဲ့ အတွက် သက်ဆိုင်ရာမြို့နယ် ကို ပျက်စီးဆုံးရှုံးမှု မေးထားပါတယ်။ အခုချိန်အထိတော့ ပျက်စီးဆုံးရှုံးမှု မရှိဘူးလို့ သိရပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။
အဆိုပါငလျင်သည် ၂၀၁၈ ခုနှစ် ၊ အောက်တိုဘာလ (၄) ရက်နေ့ မြန်မာစံတော်ချိန် (၀၃) နာရီ (၀၃) မိနစ် (၅၉) စက္ကန့်အချိန်တွင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ (Xinhua)