Connect with us

Environment, Disasters & Accidents

ရန်ကုန်မြစ် ထူးကဲ ဒီရေ တက်မည့် အကြောင်း သတိပေး

ရန်ကုန်မြို့ ဝါးတန်းဆိပ်ကမ်းအနီးတွင် သြဂုတ်လ အတွင်း ထူးကဲဒီရေမြင့်တက်ပြီး ရေကြီးနေမှု အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

ရန်ကုန်မြစ် အတွင်း အောက်တိုဘာ ၈ ရက်မှ အောက်တိုဘာ ၁၂ ရက် အထိ အခြေခံ ရေစစ်မျဉ်း အထက် အမြင့်ပေ (၂၀.၂၁)ပေခန့်မှ (၂၀.၉၃)ပေခန့်အထိ သာမန်ထက် ထူးကဲဒီရေ တက်ဖွယ်ရှိကြောင်း မြန်မာ ဆိပ်ကမ်း အာဏာပိုင်မှ သတိပေးချက် အသိပေး ထုတ်ပြန်ထားသည်။

ယင်းထူးကဲဒီရေ နှင့် ပတ်သက်၍ ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် ရန်ကုန်မြစ်အတွင်း အခြေခံ ရေစစ်မျဉ်း အထက် အမြင့်ပေ (၂၂)ပေခန့်ထိ တက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ် မရှိကြောင်း သတိပေးချက်တွင် ဖော်ပြထားသည်။

ရန်ကုန်မြစ်၏ ခန့်မှန်း ဒီရေ အမြင့်သည် အခြေခံ ရေစစ်မျဉ်း အထက် အမြင့်(၂၀)ပေ ကျော်လွန်နိုင်သည့် အခါ မြစ်ကမ်း နား ဒေသများ အနီး နေထိုင်ကြသော လုပ်သား ပြည်သူများအား ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက် ထားနိုင်ရန် အလို့ဌာ ယခုကဲ့သို့သတိပေး သတင်း ထုတ်ပြန်ခြင်း ဖြစ်ကြောင်း မြန်မာ ဆိပ်ကမ်း အာဏာပိုင်မှ အသိပေး အကြောင်းကြား ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.