Connect with us

China

အနောက်ပိုင်း ကုန်းရေနှစ်သွယ်လမ်းကြောင်းသစ်၏ စုစုပေါင်း ပို့ဆောင်မှု ကုန်စည်ပမာဏ TEU ၅ သန်းကျော်ရှိလာ

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ ချင်းကျိုးမြို့ရှိ ချင်းကျိုးဆိပ်ကမ်းသို့ ခုတ်မောင်းလာသော ပင်လယ်ကုန်ကူးသင်္ဘောတစ်စင်းအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချင်းကျိုး (ကွမ်ရှီး)၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်ပိုင်း ကုန်းရေနှစ်သွယ်လမ်းကြောင်းသစ်ဖြင့် စုစုပေါင်းပို့ဆောင်သည့် ကုန်စည်ပမာဏသည် နိုဝင်ဘာ ၂၉ ရက်အထိ TEU ၅ သန်းကျော်ရှိလာကာ TEU ၅.၀၀၃ သန်း ရှိလာပြီဖြစ်ကြောင်း၊ ၎င်းအနက် ယခုနှစ်အတွင်းပို့ဆောင်မှုသည် TEU ၁.၃ သန်းကျော်ရှိလာပြီး ယမန်နှစ်ကာလတူထက် ၅၅.၃ ရာခိုင်နှုန်း မြင့်တက်လာကာ အားကောင်းစွာတိုးတက်မှုအလားအလာကို ထိန်းသိမ်းထားကြောင်း တရုတ်နိုင်ငံ ရထားလမ်း နန်နင်းအုပ်စု ကုမ္ပဏီလီမိတက်မှ သိရသည်။

လတ်တလောနှစ်ပိုင်းတွင် အနောက်ပိုင်း ကုန်းရေနှစ်သွယ်လမ်းကြောင်းသစ်၏ ပို့ဆောင်မှု အတိုင်းအတာသည် အဆက်မပြတ်တိုးချဲ့လာရာ သင်္ဘောကုမ္ပဏီများစွာ၊ ဆိပ်ကမ်းများစွာ၊ အမျိုးအစားများစွာ ဘက်စုံတိုးတက်မှုကို ဖော်ဆောင်ခဲ့ပြီး သတ်မှတ်ထားသောလမ်းကြောင်းသည် ၂၀၁၉ ခုနှစ်၏ ၂ ကြောင်းမှ ၂၀၂၅ ခုနှစ်တွင် ၂၆ ကြောင်းအထိ တိုးချဲ့လာခဲ့သည်။
ယခုနှစ် ပထမသုံးလပတ်သုံးခုတွင် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသ၌ အနောက်ပိုင်း ကုန်းရေနှစ်သွယ်လမ်းကြောင်းသစ်မှတစ်ဆင့် ပို့ကုန်သွင်းကုန် ပမာဏသည် ယွမ် ၆၁၁.၅ ဘီလီယံရှိပြီး အနောက်ပိုင်းဒေသ နိုင်ငံခြားကုန်သွယ်ရေးကို ရာခိုင်နှုန်းပွိုင့် ၃.၄ တိုးတက်လာစေခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ ချင်းကျိုးမြို့တွင် ကွန်တိန်နာများ အပြည့်တင်ဆောင်လာသော ရထားလမ်း-ပင်လယ်ရေကြောင်းလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေး ရထားတွဲအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
西部陆海新通道班列累计发送货物突破500万标箱
新华社照片,钦州(广西),2025年11月30日
记者11月30日从国铁南宁局获悉,截至11月29日,西部陆海新通道班列累计发送集装箱货物突破500万标箱、达500.3万标箱,其中今年以来发送突破130万标箱,同比增长55.3%,保持强劲增长势头。
近年来,西部陆海新通道班列辐射范围不断扩大,实现多船企、多港口、多品类全面发展,图定班列线路由2019年的2条增至2025年的26条。今年前三季度,西部地区经西部陆海新通道进出口6115亿元,拉动西部地区外贸增长3.4个百分点。
图说1:11月29日,一艘海轮驶向钦州港码头(无人机照片)。新华社记者 张爱林 摄
图说2:11月29日拍摄的满载集装箱的铁海联运班列(无人机照片)。新华社记者 张爱林