Connect with us

Asia

တရုတ်-ဗီယက်နမ် QR Code အပြန်အလှန်ချိတ်ဆက် ငွေပေးချေခြင်းစနစ်အား ဗီယက်နမ်နိုင်ငံ၌ စတင်အသုံးပြု

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပသည့် တရုတ်-ဗီယက်နမ် QR Code အပြန်အလှန်ချိတ်ဆက် ငွေပေးချေခြင်းစနစ် ပူးပေါင်းဆောင်ရွက်မှု စတင်ခြင်းအခမ်းအနားအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်-ဗီယက်နမ် QR Code အပြန်အလှန်ချိတ်ဆက် ငွေပေးချေခြင်းစနစ် ပူးပေါင်းဆောင်ရွက်မှု စတင်ခြင်းအခမ်းအနားအား ဒီဇင်ဘာ ၂ ရက်တွင် ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်း၌ ကျင်းပခဲ့ရာ အဆိုပါစနစ်ကို ဗီယက်နမ်နိုင်ငံဈေးကွက်၌ တရားဝင်စတင်အသုံးပြုခြင်းအား အမှတ်သင်္ကေတပြုလျက်ရှိသည်။

အဆိုပါစနစ်သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်သည့် တရုတ်စားသုံးသူများအတွက် ရှေးဦးစွာ ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။ တရုတ်စားသုံးသူများကလည်း UnionPay App ၊ တရုတ်နိုင်ငံ ICBC ဘဏ် မိုဘိုင်းဘဏ်နှင့် ဗီယက်နမ်ပြည်တွင်း၌ “UnionPay အွန်လိုင်းငွေပေးချေမှု ပလက်ဖောင်း” အား ပံ့ပိုးပေးနိုင်သည့် အခြားသော Wallet အက်ပလီကေးရှင်း စသည်တို့ကို အသုံးပြု၍ ဗီယက်နမ်နိုင်ငံ အမျိုးသား QR Code ဖြစ်သော VietQR အား လက်ခံနိုင်သည့် ရောင်းချသူများထံတွင် ကုတ်စကင်န်ဖတ်၍ ငွေပေးချေနိုင်သည်။
ဗီယက်နမ်နိုင်ငံ အမျိုးသားငွေပေးချေမှု ကော်ပိုရှေးရှင်း အမှုဆောင်အရာရှိချုပ် Nguyen Quang Minh က အခမ်းအနားတွင် အမှာစကား ပြောကြားရာ၌ QR Code ဖြင့် နှစ်ဖက်ငွေပေးချေမှုအား အကောင်အထည်ဖော်ခြင်းသည် သမိုင်းမှတ်ကျောက်တိုင် အနက်အဓိပ္ပာယ်ရှိကြောင်း၊ နှစ်နိုင်ငံ ဘဏ္ဍာရေးလုပ်ငန်း အပြန်အလှန်ချိတ်ဆက်မှုကို မြှင့်တင်ပေးကာ ဗီယက်နမ်-တရုတ် ကုန်သွယ်စီးပွားရေးနှင့် ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ICBC ဘဏ် ဟနွိုင်းဘဏ်ခွဲ ဥက္ကဋ္ဌ စွန်းဖုန်းလေက သတင်းထောက်မေးမြန်းမှုအား ဖြေကြားရာ၌ တရုတ်နိုင်ငံ ICBC ဘဏ်သည် တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှု၊ QR Code စနစ်၏ တရုတ်ဘက် စာရင်းရှင်းမှုဘဏ်လုပ်ဆောင်ချက်တို့အား တာဝန်ယူထားကြောင်း၊ ယခုအကြိမ်သည်လည်း ပထမဆုံးအကြိမ်အဖြစ် တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုကဏ္ဍတွင် တရုတ်ယွမ်နှင့် ဗီယက်နမ်ဒေါင်တို့ တိုက်ရိုက်လဲလှယ်မှုကို ဖော်ဆောင်ခြင်းဖြစ်ရာ ဆက်လက်ပြီး နှစ်နိုင်ငံအကြား ပိုမိုကျယ်ပြန့်နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုအတွက် စမ်းသပ်မှုအတွေ့အကြုံများ စုစည်းပေးလိုက်ကြောင်း၊ တစ်ချိန်တည်းတွင် တရုတ်-ဗီယက်နမ် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ပိုမိုများပြားသည့် ဘဏ္ဍာရေးဝန်ဆောင်မှုများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
UnionPay International အမှုဆောင်အရာရှိချုပ် ဝမ်လိရှင်းက ဗီယက်နမ်သည် တရုတ်ခရီးသွားဧည့်သည်များ အနှစ်သက်ဆုံး ခရီးသွားလည်ပတ်ရန် နေရာများအနက်တစ်ခု ဖြစ်လာပြီဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှု လိုအပ်ချက်များ တစ်နေ့တခြားတိုးပွားလာရာ ၎င်းစနစ်အားဖော်ဆောင်ခြင်းသည် ကုန်သည်များအား အကျိုးပြုသော၊ ပြည်သူများအား အကျိုးပြုသော ဘုံအကျိုးစီးပွားဖြစ်ထွန်းသည့် အခြေအနေကို ဖော်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ပြည်သူ့ဘဏ်နှင့် ဗီယက်နမ် အမျိုးသားဘဏ်တို့၏ လမ်းညွှန်မှုဖြင့် တရုတ်နိုင်ငံ ICBC ဘဏ်၊ UnionPay International ၊ ဗီယက်နမ် အမျိုးသားငွေပေးချေမှု ကော်ပိုရေးရှင်းနှင့် ဗီယက်နမ် Vietcom ဘဏ်တို့သည် ယခုနှစ် ဧပြီလတွင် “တရုတ်-ဗီယက်နမ် QR Code ဖြင့် လက်လီရောင်းချမှု ငွေပေးချေရေး အပြန်အလှန်ချိတ်ဆက်ခြင်းဆိုင်ရာ လေးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်” အား လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်-ဗီယက်နမ် QR Code အပြန်အလှန်ချိတ်ဆက် ငွေပေးချေခြင်းစနစ်အား စတင်ဖော်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

——————
(Chinese Version)
中越二维码互联互通项目在越南投入应用
新华社河内12月2日电(记者刘颍 邹学冕)中国-越南二维码互联互通合作发布活动2日在越南首都河内举行,标志着该项目正式在越南市场投入应用。
据悉,该项目将率先服务赴越南的中国消费者。中国消费者可使用云闪付APP、中国工商银行手机银行及境内支持“云闪付网络支付平台”的其他钱包等,在越南国家二维码VietQR受理商户扫码支付。
越南国家支付公司总经理阮光明在致辞中表示,二维码双边支付的落地具有里程碑意义,将加强两国金融互联互通,在促进越中经贸与旅游发展方面发挥积极作用。
中国工商银行河内分行行长孙风雷在接受记者采访时说,中国工商银行承担了中越跨境支付、二维码项目的中方清算行功能,这也是首次实现中越跨境支付领域人民币与越南盾的直接兑换,为接下来两国之间更为广泛和深入的合作积累了试点经验,同时将为中越贸易合作提供更多金融服务。
银联国际首席执行官王立新表示,越南已成为中国游客最喜爱的旅游目的地之一,跨境支付需求日益旺盛,项目的实施实现了惠商、惠民的双赢局面。
在中国人民银行与越南国家银行指导下,中国工商银行、银联国际、越南国家支付公司和越南外贸银行于今年4月签署《中越二维码零售支付互联互通的四方合作协议》,正式启动中越二维码互联互通合作项目。(完)
图说:这是12月2日在越南河内拍摄的中国-越南二维码互联互通合作发布仪式现场。新华社发(武忠坚摄)