Connect with us

China

တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ် အင်ဒိုနီးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်နှင့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုတို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားပြည်သူ့အတိုင်ပင်ခံလွှတ်တော် (MPR) ဥက္ကဋ္ဌ အာမက် မူဇာနီ၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာ ၃ ရက်မှ ၄ ရက်အထိ အင်ဒိုနီးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်စဉ်အတွင်း တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ် ဝမ်ဟုနင်က တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ချိန်ဆက်ဆောင်ရွက်ခြင်းကို အခိုင်အမာလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဝမ်က အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တို၊ အောက်လွှတ်တော်ဥက္ကဋ္ဌ ပူအန် မာဟာရာနီ၊ ဒေသဆိုင်ရာ ကိုယ်စားပြုကောင်စီအကြီးအကဲ ဘက်ချ်တီယာ နာဂျာမူဒင်တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီးနောက် မူဇာနီနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုနှင့် တွေ့ဆုံရာ၌ ဝမ်က တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးကြား ရရှိထားသော အရေးကြီးသဘောတူညီချက်များ အကောင်အထည်ဖော်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ လက်တွဲကြိုးပမ်းသွားရန် အသင့်ရှိသလို ကမ္ဘာကြီး၏ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုအတွက် ပိုမိုအကျိုးပြုနိုင်ရန်အလို့ငှာ မိမိတို့၏ ကိုယ်စီ နိုင်ငံရေးရာအခြေအနေများနှင့် ကိုက်ညီသော ခေတ်မီအသွင်ပြောင်းရေး လမ်းကြောင်းများအတိုင်း အတူတကွ ရှေ့ဆက်လျှောက်လှမ်းရန်လည်း အသင့်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အင်ဒိုနီးရှား၏ နိုင်ငံရေးနှင့် လူမှုရေးတည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းခြင်းနှင့် ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်ခြင်းအတွက် အင်ဒိုနီးရှားအစိုးရ၏ ကြိုးပမ်းမှုများကို တရုတ်နိုင်ငံက ခိုင်ခိုင်မာမာ ထောက်ခံအားပေးကြောင်း ဝမ်က ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက်ကိုင်စွဲကာ တရုတ်ပြည်သူများ၏ ထိုင်ဝမ်ခွဲထွက်ရေးဝါဒအပေါ် ဆန့်ကျင်မှု၊ တစ်မျိုးသားလုံး ပြန်လည်ပေါင်းစည်းရေးအတွက် ကြိုးပမ်းမှုလုပ်ငန်းစဉ်ကို ထောက်ခံအားပေးမည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပရာဘိုဝိုကလည်း အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အံ့မခန်း အောင်မြင်မှုများကို စိတ်ရင်းစေတနာမှန်ကန်စွာဖြင့် ချီးကျူးလေးစားမိကြောင်း၊ အင်ဒိုနီးရှားအနေဖြင့်လည်း မိမိတို့၏ ကိုယ်စီ နိုင်ငံရေးရာအခြေအနေများနှင့် ကိုက်ညီသည့် အမှီအခိုကင်းသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းနေသည့်အလျောက် တရုတ်နိုင်ငံ၏ အောင်မြင်သော အတွေ့အကြုံများအား လေ့လာအတုယူလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အင်ဒိုနီးရှားအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထပ်လောင်းကတိပြုသကဲ့သို့ ထိုင်ဝမ်သည်လည်း တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံဆက်ဆံရေး အလားအလာများအပေါ် ယုံကြည်မှုအပြည့်ရှိပြီး ဆက်ဆံရေးတိုးတက်ကောင်းမွန်မှု၏ ခိုင်မာသော အရှိန်အဟုန်များကို စုစည်းကာ ပိုမိုမြင့်မားသော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ မြှင့်တင်ရေးအတွက် ကြိုးပမ်းသွားရန် အသင့်ရှိကြောင်း ပရာဘိုဝိုက ပြောကြားခဲ့သည်။
မူဇာနီနှင့် တွေ့ဆုံဆွေးနွေးရာ၌ ဝမ်က နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ချိန်မှစ၍ ၇၅ နှစ်ကြာ ကာလအတွင်း ‌တရုတ်-အင်ဒိုနီးရှားဆက်ဆံရေးမှာ သိသိသာသာ တိုးတက်မှုများရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မယိမ်းမယိုင် ဆက်လက်မြှင့်တင်ကာ အဆင့်မြင့်မားသော တံခါးဖွင့်လှစ်မှုကို ချဲ့ထွင်သွားမည်ဖြစ်သကဲ့သို့ တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းမှု၏ တိုးတက်အောင်မြင်မှုအသစ်များဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့် အခြားသော မိတ်ဆွေနိုင်ငံများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးမည်ဟုလည်း ၎င်းက ဆိုသည်။
တရုတ်-အင်ဒိုနီးရှား အေးအတူပူအမျှအသိုက်အဝန်း ထူထောင်မှုနှင့် မိမိတို့နှစ်နိုင်ငံ၏ ကိုယ်စီ ခေတ်မီအသွင်ပြောင်းမှုအတွက် ကြိုးပမ်းအားထုတ်မှုများကို ပိုမိုအကျိုးပြုနိုင်ရေးအတွက် CPPCC အနေဖြင့် MPR နှင့် အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ကူးလူးဖလှယ်မှုများ နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ရန် အသင့်ရှိကြောင်းလည်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံအား ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20251205/e8a016354d4a439b842b8b23b05aafb3/c.html
……………
(English Version)
China’s top political advisor pays official visit to Indonesia
JAKARTA, Dec. 5 (Xinhua) — China’s top political advisor Wang Huning expressed China’s willingness to strengthen alignment of development strategies with Indonesia during his official visit to the country from Wednesday to Thursday at the invitation of Ahmad Muzani, chairman of the People’s Consultative Assembly (MPR) of Indonesia.
Wang, chairman of the National Committee of the Chinese People’s Political Consultative Conference (CPPCC), met separately in Jakarta with Indonesian President Prabowo Subianto, Speaker of the House of Representatives Puan Maharani, Speaker of the Regional Representative Council Sultan Bachtiar Najamudin, and held talks with Muzani.
During his meeting with Prabowo, Wang said that China is ready to work with Indonesia to implement the important consensus reached between the two heads of state, and jointly pursue modernization paths suited to their respective national conditions so as to contribute more to world peace, stability and prosperity.
Wang said China firmly supports the Indonesian government in safeguarding political and social stability and achieving greater development. He expressed the belief that Indonesia will uphold the one-China principle and support the Chinese people’s just cause of opposing “Taiwan independence” separatism and striving for national reunification.
Prabowo said that Indonesia sincerely admires China for its remarkable development achievements and is willing to learn from China’s successful experience as it pursues an independent development path suited to its own national conditions.
Noting that Indonesia reaffirms its commitment to the one-China principle and that Taiwan is part of China, he said Indonesia is confident about the prospects of bilateral relations and stands ready to consolidate the sound momentum of their development and work toward an even higher level of comprehensive strategic partnership.
During his talks with Muzani, Wang said that over the 75 years since the establishment of diplomatic ties, China-Indonesia relations have achieved substantial progress. China will unswervingly advance high-quality development and expand high-standard opening-up, bringing new opportunities to Indonesia and other friendly countries through the fresh achievements of Chinese modernization.
Wang noted that the CPPCC stands ready to deepen exchanges and mutual learning with the MPR, so as to better serve their respective modernization endeavors and the building of a China-Indonesia community with a shared future.
English Caption
Wang Huning, chairman of the National Committee of the Chinese People’s Political Consultative Conference (CPPCC), meets with Indonesian President Prabowo Subianto, in Jakarta, Indonesia, Dec. 4, 2025. (Xinhua/Gao Jie)