Politics
မြန်မာနိုင်ငံ မြဝတီဒေသတွင် ဆက်သွယ်ရေးလိမ်လည်မှု ကျူးလွန်သည့် သံသယရှိသူ ၁,၁၇၈ ဦးအား တရုတ်နိုင်ငံသို့ အသုတ်ခွဲ၍ ထိန်းသိမ်းခေါ်ဆောင်
ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)
ယခုရက်ပိုင်းများတွင် မြန်မာနိုင်ငံ မြဝတီဒေသရှိ တရုတ်နိုင်ငံသား ဆက်သွယ်ရေးလိမ်လည်မှု ကျူးလွန်သည့် သံသယရှိသူ ၁,၁၇၈ ဦးအား တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနက ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြန်လည်ထိန်းသိမ်းခေါ်ဆောင်ခဲ့ကြောင်း ဒီဇင်ဘာ ၈ ရက်က တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှတစ်ဆင့် သိရသည်။
နိုဝင်ဘာ ၁၄ ရက်တွင် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသည့်နိုင်ငံတို့သည် ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှု ပူးတွဲတိုက်ဖျက်ရေး ဝန်ကြီးအဆင့်အစည်းအဝေးကျင်းပခဲ့သည်။
တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ ရဲတပ်ဖွဲ့က ထပ်မံ၍ အတူပူးတွဲလှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဘက်က လိမ်လည်မှုဥယျာဉ်ဇုန်များကို အသုတ်လိုက်ရှင်းလင်းခဲ့ပြီး ဆက်သွယ်ရေးလိမ်လည်မှုနှင့် သက်ဆိုင်သူတစ်သုတ်ကို ဖမ်းဆီးရရှိခဲ့သည်။ ယခုအကြိမ်လှုပ်ရှားမှုမှာ ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး ခြောက်နိုင်ငံ ဝန်ကြီးအဆင့်အစည်းအဝေးစိတ်ဓာတ်ကို လက်တွေ့ဖော်ဆောင်ခြင်း၏ နောက်ထပ်အရေးကြီးသော အောင်မြင်မှုရလဒ်ဖြစ်သည်။
ဒီဇင်ဘာ ၁ ရက်မှစ၍ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသည် ကျန်းရှီးပြည်သူ့လုံခြုံရေးရဲတပ်ဖွဲ့ကို ထိုင်းနိုင်ငံ မဲဆောက်သို့ စေလွှတ်ပြီး လေယာဉ်စင်းလုံးဖြင့် ပြန်လည်ထိန်းသိမ်းခေါ်ဆောင်ရေးမစ်ရှင် ထမ်းဆောင်စေခဲ့ရာ ထိုင်းနိုင်ငံ၏ပူးပေါင်းကူညီမှုဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းသည့် ဆက်သွယ်ရေးလိမ်လည်မှု ကျူးလွန်သော သံသယရှိသူ တရုတ်နိုင်ငံသား ၁,၁၇၈ ဦးကို အသုတ်ခွဲ၍ တရုတ်နိုင်ငံသို့ ပြန်လည်ထိန်းသိမ်းခေါ်ဆောင်ခဲ့ကြောင်း သိရသည်။ ကျန်းရှီးပြည်သူ့လုံခြုံရေးဌာနသည် ဖြန့်ကြက်စီမံမှုများအရ သက်ဆိုင်ရာ အမှုစုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို တစ်ပြေးညီဆောင်ရွက်ခဲ့သည်။
ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ မြန်မာနိုင်ငံ မြဝတီဒေသရှိ ဆက်သွယ်ရေးလိမ်လည်မှု ကျူးလွန်သည့်သံသယရှိသူများကို ပြန်လည်ထိန်းသိမ်းပို့ဆောင်သည့် လုပ်ငန်းများအား တရုတ်-မြန်မာ-ထိုင်းက ပူးတွဲဆောင်ရွက်ခဲ့ရာတွင် တရုတ်နိုင်ငံသား ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်သည့်သံသယရှိသူ ၆,၆၀၀ ကျော်ကို တရုတ်နိုင်ငံသို့ ပြန်လည် ထိန်းသိမ်းခေါ်ဆောင်ခဲ့ပြီးဖြစ်ရာ ပြည်ပ ဆက်သွယ်ရေးလိမ်လည်မှု ရာဇဝတ်ဂိုဏ်းများအပေါ် အားကောင်းသည့် အဟန့်အတား ဖြစ်စေခဲ့ကြောင်း စာရင်းအချက်အလက်များအရ သိရသည်။
နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုများကို ပစ်မှတ်ထားသည့် နိုင်ငံစုံ ပူးတွဲတိုက်ဖျက်ရေးလှုပ်ရှားမှုများအား ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ရာ ပြည်သူ့လုံခြုံရေးဌာနအနေဖြင့် ပို၍ကြီးမားသော သန္နိဋ္ဌာန်နှင့် အင်အားဖြင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင် ဆောင်ရွက်မည်ဖြစ်သလို ပြစ်မှုကျူးလွန်သည့်စခန်းများကို ပြတ်ပြတ်သားသား ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ ပြစ်မှုသံသယရှိသူများကို အစွမ်းကုန် လိုက်လံဖမ်းဆီးသွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို အခိုင်အမာ ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန သက်ဆိုင်ရာ တာဝန်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
1178名缅甸妙瓦底地区的涉电诈犯罪嫌疑人被分批押解回国
新华社北京12月8日电(记者熊丰)记者12月8日从公安部获悉,近日又有1178名缅甸妙瓦底地区的中国籍涉电诈犯罪嫌疑人被我公安机关经泰国押解回国。 11月14日,中国、柬埔寨、老挝、缅甸、泰国、越南联合打击电信网络诈骗犯罪部级会议召开。中缅泰三国警方再次开展联合行动,缅方批量清剿诈骗园区,抓获一批涉电诈人员。此次行动是落实六国打击电信网络诈骗犯罪部级会议精神的又一重要成果。
自12月1日起,公安部组织江西公安民警赴泰国湄索执行包机押解任务,并在泰方协助下,分批次将缅甸遣返我方的1178名中国籍涉电诈犯罪嫌疑人押解回国。江西公安机关按照部署同步开展相关案件侦办工作。据统计,自2月20日中缅泰联合开展缅甸妙瓦底地区涉电诈犯罪嫌疑人遣返押解工作以来,已有6600余名中国籍涉电诈犯罪嫌疑人被押解回国,对境外电诈犯罪集团形成强大震慑。
公安部有关负责人表示,针对跨国电信网络诈骗犯罪的多国联合打击行动还在持续进行中,公安机关将以更大的决心和力度,深化国际执法合作,坚决铲除犯罪窝点,全力缉捕犯罪嫌疑人,切实维护人民群众生命财产安全。(完)
图说:2月20日,随着中国民航包机降落在江苏南京禄口国际机场,缅甸妙瓦底地区的200名中国籍涉诈犯罪嫌疑人,经泰国被我公安机关押解回国。新华社记者 殷刚 摄
