Connect with us

China

တရုတ်ကွန်မြူနစ်ပါတီက လုပ်ငန်းအဖွဲ့များဆိုင်ရာ ပြင်ဆင်ထားသော စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်

၂၀ ကြိမ်မြောက် CPC ပြည်လုံးဆိုင်ရာကွန်ဂရက်ကို တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၆ ရက်က ဖွင့်လှစ်စဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီက ပါတီ၏လုပ်ငန်းအဖွဲ့များဆိုင်ရာ ပြင်ဆင်ထားသော စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ထိုပြင်ဆင်ထားသော စည်းမျဉ်းစည်းကမ်းများက ၂၀ ကြိမ်မြောက် CPC ပြည်လုံးဆိုင်ရာကွန်ဂရက်နှင့် ၂၀ ကြိမ်မြောက် CPC ပြည်လုံးဆိုင်ရာ ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေး၏ လမ်းညွှန်ချက်မူများကို အပြည့်အဝအကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း CPC ဗဟိုကော်မတီက ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

အဆိုပါ စည်းမျဉ်းစည်းကမ်းများသည် တရုတ်နိုင်ငံ၏ ပါတီနှင့် နိုင်ငံအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲမှုအတွင်း အောင်မြင်မှုများကို တောင့်တင်းခိုင်မာစေကြောင်း၊ ပါတီ လုပ်ငန်းအဖွဲ့များအပေါ် နိုင်ငံရေးအရ ပိုမိုတင်းကျပ်သော တောင်းဆိုချက်များ သတ်မှတ်ပြဋ္ဌာန်းထားကာ ယင်းတို့၏ တည်ထောင်မှုနှင့် လည်ပတ်မှုကို စံနှုန်းပြည့်မီစေကြောင်း၊ ၎င်းတို့၏ လုပ်ငန်း လုပ်ဆောင်နိုင်စွမ်းများနှင့် စွမ်းဆောင်ရည်များ မြှင့်တင်ရာတွင် အထောက်အကူပြုကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် အလွှာအသီးသီးရှိ ပါတီကော်မတီများအနေဖြင့်လည်း စည်းမျဉ်းစည်းကမ်းများကို အကောင်အထည်ဖော်ရာတွင် ၎င်းတို့၏ ဦးဆောင်မှု ခိုင်မာအားကောင်းစေရေး၊ သတင်းပြန်ကြားခြင်း၊ အနက်ဖွင့်ဆိုခြင်း၊ ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်း စသည်တို့ကို ကောင်းမွန်စွာလုပ်ဆောင်ရေး၊ စည်းမျဉ်းစည်းကမ်းပါ ပြဋ္ဌာန်းချက်များအားလုံးကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်မှု သေချာစေရေးအတွက်လည်း ထုတ်ပြန်ချက်က တိုက်တွန်းထားသည်။ (Xinhua)

……………………………………..
(English Version)
CPC issues revised regulations on its working bodies
BEIJING, Dec. 7 (Xinhua) — The Central Committee of the Communist Party of China (CPC) has released the revised regulations on the Party’s working bodies.
The revised regulations fully implement the guiding principles of the 20th CPC National Congress and the plenary sessions of the 20th CPC Central Committee, according to a circular issued by the CPC Central Committee.
The regulations consolidate the achievements made during China’s reform of Party and state institutions, impose stricter political requirements on the Party’s working bodies, standardize their establishment and operation, and help to enhance their work capacities and performance, the circular reads.
The circular urges Party committees at all levels to strengthen their leadership over the implementation of the regulations, do a good job in publicity, interpretation, supervision and inspection, and ensure that all provisions of the regulations are effectively implemented.
Photo: The 20th National Congress of the Communist Party of China (CPC) opens at the Great Hall of the People in Beijing, capital of China, Oct. 16, 2022. (Xinhua/Yue Yuewei)