Connect with us

North America

မက္ကဆီကိုဘက်က ရေပေးဝေမှု မရှိပါက စည်းကြပ်ခွန် ထပ်တိုးကောက်ခံမည်ဟု ထရမ့်ခြိမ်းခြောက်

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာသော အမေရိကန် သမ္မတ ထရမ့်နှင့် ဇနီး မယ်လန်နီယာ တို့အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံသို့ ချက်ချင်းရေပေးဝေမှု မရှိပါက အမေရိကန်သည် မက္ကဆီကို ထုတ်ကုန်များအပေါ် စည်းကြပ်ခွန် ၅ ရာခိုင်နှုန်း ထပ်တိုးကောက်ခံမည်ဟု အမေရိကန် သမ္မတ ထရမ့်က ဒီဇင်ဘာ ၈ ရက်တွင် လူမှုကွန်ရက်၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။ မက္ကဆီကိုသည် နှစ်နိုင်ငံ၏ ရေအရင်းအမြစ် အတူမျှဝေရေးသဘောတူညီချက်အား ချိုးဖောက်သည်ဟုလည်း ၎င်းက ဆိုထားသည်။အမေရိကန်နှင့် မက္ကဆီကိုတို့ ၁၉၄၄ ခုနှစ်တွင် ချုပ်ဆိုထားသည့် သဘောတူညီချက်အရ မက္ကဆီကိုသည် ၅ နှစ်တစ်ကြိမ် Rio Grande မြစ်မှတစ်ဆင့် အမေရိကန်ထံသို့ ကုဗမီတာ ၂၁၅၈ သန်း ခန့်ရှိသည့် ရေပေးဝေမှု လုပ်ဆောင်ရမည်ဖြစ်သည်။ အမေရိကန်ကမူ Colorado မြစ်မှတစ်ဆင့် နှစ်စဉ် မက္ကဆီကိုထံသို့ ကုဗမီတာ ၁,၈၅၀ သန်း ပေးဝေရမည်ဖြစ်သည်။

မက္ကဆီကိုသည် လွန်ခဲ့သည့် ၅ နှစ်အတွင်း သဘောတူညီချက်အား စောင့်ထိန်းနိုင်ခြင်းမရှိကြောင်း၊ လက်ရှိတွင် အမေရိကန်ကို ရေပေးဝေရန် ကုဗမီတာ ၉၈၀ သန်း ခန့် အကြွေးတင်နေကြောင်း၊ အမေရိကန်အနေဖြင့် မက္ကဆီကိုအား ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ကုဗမီတာ ၂၄၇ သန်းခန့် ရေပေးဝေမှုလုပ်ဆောင်ရန် တောင်းဆိုကြောင်း ထရမ့်က ပြောကြားခဲ့သည်။

ရာသီဥတုခြောက်သွေ့မှုကြောင့် မက္ကဆီကိုသည် လတ်တလောနှစ်ပိုင်းအတွင်း သဘောတူညီချက် ဖော်ဆောင်မှုအပိုင်း၌ အခက်အခဲနှင့် ရင်ဆိုင်နေရပြီး မက္ကဆီကိုနိုင်ငံနေပြည်သူများ၏ ရေလိုအပ်ချက်အား ဦးစားပေးဖြည့်ဆည်းရန် လိုအပ်ကြောင်း အလေးထား ပြောကြားထားသည်။ ထရမ့်က ယခုနှစ် အစောပိုင်းတွင် အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ မက္ကဆီကိုထံ စည်းကြပ်ခွန် ထပ်တိုးကောက်ခံမည်ဟု ခြိမ်းခြောက်ခဲ့ပြီး နှစ်ဖက်က ဧပြီလလကုန်တွင် ရေပေးဝေမှု ပြဿနာ ဖြေရှင်းရန်နှင့်စပ်လျဉ်း၍ တိုးတက်မှုများ ရရှိထားသည်ဟု ကြေညာခဲ့သည်။ (Xinhua)

———————————
(Chinese Version)
特朗普威胁墨西哥不供水就加征关税
新华社纽约12月8日电(记者刘亚南)美国总统特朗普8日在社交媒体发帖称,如果墨西哥不立即向美国供水,美国将对墨西哥产品额外征收5%的关税。他声称墨西哥违反了两国的水资源共享条约。
根据美国与墨西哥1944年签订的条约,墨西哥每5年需要通过里奥格兰德河向美国供水约21.58亿立方米,美国则需通过科罗拉多河每年向墨西哥供水约18.5亿立方米。
特朗普称,墨西哥在过去5年未能遵守协议,现在欠美国超过约9.8亿立方米供水量,美国要求墨西哥在12月31日前释放约2.47亿立方米供水。
由于天气干旱,墨西哥近年来在履约方面面临困难,并强调需优先满足墨西哥居民用水需求。特朗普今年早些时候曾就此事向墨西哥发出加征关税的威胁,双方在4月底宣布就解决供水问题取得进展。(完)
图说:11月30日,在美国首都华盛顿白宫,美国总统特朗普和夫人梅拉尼娅返抵白宫。新华社记者 胡友松 摄