China
တရုတ်အာကာသစခန်းက ဂြိုဟ်ပတ်လမ်း အာကာသယာဉ်ပြင်ပသုံး ဝတ်စုံ D နှင့် E ဖြင့် အာကာသယာဉ်ပြင်ပမစ်ရှင် အောင်မြင်ရေးကို ပထမဆုံးအကြိမ် အာမခံပေးနိုင်ခဲ့
ပေကျင်း၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ရှန်ကျိုး-၂၁ အာကာသယာဉ်မှူးများ ဖြစ်ကြသော ကျန်းလု၊ ဝူဖေးတို့သည် ဒီဇင်ဘာ ၉ ရက်က အသစ်အဆင့်မြှင့်တင်ထားသည့် အာကာသယာဉ်ပြင်ပသုံး အာကာသဝတ်စုံကို ဝတ်ဆင်ကာ အဖွဲ့၏ ပထမဆုံးအကြိမ် အာကာသယာဉ်ပြင်ပလှုပ်ရှားမှု (EVAs) ကို အပြည့်အဝ အောင်မြင်အောင် ဆောင်ရွက်ခဲ့သည်။ ယင်းမှာ တရုတ်အာကာသစခန်းက ဂြိုဟ်ပတ်လမ်း အာကာသယာဉ်ပြင်ပသုံး ဝတ်စုံ D နှင့် E ဖြင့် အာကာသယာဉ်ပြင်ပမစ်ရှင်ကို ပထမဆုံးအကြိမ် အာမခံပံ့ပိုးလိုက်ခြင်း ဖြစ်သည်။
အသစ်စက်စက် အာကာသယာဉ်ပြင်ပသုံး အာကာသဝတ်စုံပေါ်တွင် ကျန်းလု၊ ဝူဖေးတို့၏ လက်မှတ်အသီးသီးကို ပေကျင်းအာကာသယာဉ်ပျံသန်းမှု ထိန်းချုပ်ရေးစင်တာ ခန်းမ ဖန်သားပြင်၌ ယင်းနေ့ညနေပိုင်းက တွေ့ရသည်။ အာကာသယာဉ်မှူးများသည် EVAs လုပ်ဆောင်မှုအတွင်း အာကာသယာဉ်ပြင်ပသုံး အာကာသဝတ်စုံသည် အာကာသယာဉ်မှူးများ၏ အသက်ဘေးကင်းလုံခြုံရေးနှင့် လုပ်ငန်းများ ထိရောက်မှုမြင့်မားစွာ လုပ်ဆောင်နိုင်ရေးကို သေချာစေသည့် အဓိကကိရိယာပစ္စည်းများဖြစ်သည်။
“ဒီတစ်ကြိမ် EVAs က အာကာသယာဉ်ပြင်ပမှာ လူလှုပ်ရှားနိုင်တဲ့အခန်းကဏ္ဍကို အပြည့်အဝ ဖော်ဆောင်ခဲ့ပါတယ်။ အာကာသယာဉ်ပြင်ပသုံး အာကာသဝတ်စုံဟာ အာကာသယာဉ်မှူးတွေအတွက် ဘေးကင်းလုံခြုံမှုအာမခံချက်ကို အလွန်ကောင်းမွန်စွာ ပံ့ပိုးခဲ့တယ်” ဟု တရုတ်အာကာသယာဉ်မှူး သိပ္ပံသုတေသနနှင့် လေ့ကျင့်ရေးစင်တာက ကျိုင်ကျစ်ဟုန်က မိတ်ဆက်ပြောကြားခဲ့သည်။
ယခုအကြိမ် EVAs တွင် အသုံးပြုသည့် အာကာသယာဉ်ပြင်ပသုံး အာကာသဝတ်စုံ နှစ်စုံသည် ဇူလိုင် ၁၅ ရက်တွင် ထျန်းကျိုး-၉ ကုန်တင်အာကာသယာဉ်နှင့်အတူ တရုတ်အာကာသစခန်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ယင်းမှာ တရုတ်နိုင်ငံ၏ ဒုတိယမျိုးဆက် “ဖေးထျန်း” အာကာသယာဉ်ပြင်ပသုံး အာကာသဝတ်စုံဖြစ်ပြီး သုတေသနပြုထုတ်လုပ်မှုအမှတ်စဉ်မှာ D နှင့် E ဖြစ်ရာ အာကာသစခန်းအဆင့်တွင် ဂြိုဟ်ပတ်လမ်း အာကာသယာဉ်ပြင်ပသုံး အာကာသဝတ်စုံများဖြစ်သည့် A ၊ B ၊ C ပြီးလျှင် ဒုတိယအသုတ် အာကာသယာဉ်ပြင်ပသုံး အာကာသဝတ်စုံများ ဖြစ်ပြီး အဓိကအရောင်မှာ အဖြူရောင်ကို ဆက်လက်အသုံးပြုထားပြီး အနီနှင့် အပြာရောင်များဖြင့် တွဲဖက်ထားသည်။
သက်တမ်းအကဲဖြတ်မှုနှင့် ဂြိုဟ်ပတ်လမ်းတွင် ကောင်းမွန်မှု စောင့်ကြည့်စမ်းသပ်မှုများ လုပ်ဆောင်ပြီးနောက် ထိုမတိုင်မီ ဂြိုဟ်ပတ်လမ်းရှိ အာကာသယာဉ်ပြင်ပသုံး အာကာသဝတ်စုံ B သည် “လေးနှစ်လျှင် EVAs အကြိမ် ၂၀ ” ဟူသော သက်တမ်းရည်မှန်းချက်ကို ဖော်ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ ဂြိုဟ်ပတ်လမ်း အာကာသယာဉ်ပြင်ပသုံး အာကာသဝတ်စုံ D နှင့် E ၏ လုပ်ငန်းသက်တမ်းကို မူလက “သုံးနှစ်လျှင် EVAs ၁၅ ကြိမ်” မှသည် “လေးနှစ်လျှင် EVAs အကြိမ် ၂၀” အဖြစ် အဆင့်မြှင့်တင်ထားသည်။ ဆိုလိုသည်မှာ ဂြိုဟ်ပတ်လမ်း၌ ၄ နှစ်ကြာ သိမ်းဆည်းထားကာ ၎င်းကာလအတွင်း အာကာသစခန်းပြင်ပသို့ ထွက်ရာတွင် အသုံးပြုမှုအကြိမ်ရေသည် အကြိမ် ၂၀ ထက်မနည်း ရှိပေသည်။
၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ရှန်ကျိုး-၇ အာကာသယာဉ်မှူး ကျိုင်ကျစ်ကန်းသည် ပထမမျိုးဆက် “ဖေးထျန်း” အာကာသယာဉ်ပြင်ပသုံး အာကာသဝတ်စုံကို ဝတ်ဆင်ကာ ကျယ်ပြောလှသော အာကာသထဲ၌ တရုတ်လူမျိုးတို့၏ ပထမဦးဆုံးသောခြေရာကို ထားရှိကာ တရုတ်လူမျိုးတို့၏ ပထမဆုံးအကြိမ် EVAs လှုပ်ရှားမှုကို အပြည့်အဝ ပြီးမြောက်အောင် ဖော်ဆောင်နိုင်ခဲ့သည်။
၂၀၂၁ ခုနှစ် ဇူလိုင် ၄ ရက်တွင် ရှန်ကျိုး-၁၂ အာကာသယာဉ်မှူးများသည် ဒုတိယမျိုးဆက် “ဖေးထျန်း” အာကာသယာဉ်ပြင်ပသုံး အာကာသဝတ်စုံကို ဝတ်ဆင်ကာ သတ်မှတ်ထားသော မစ်ရှင်အားလုံးကို EVAs လုပ်ဆောင်မှုကာလအတွင်း အပြည့်အဝ ပြီးမြောက်အောင် ဖော်ဆောင်ခဲ့သည်။ ယင်းမှာ တရုတ်အာကာသစခန်းအဆင့်၏ ပထမဦးဆုံးအကြိမ် EVAs ဖြစ်သလို အာကာသတွင် ဒုတိယမျိုးဆက် “ဖေးထျန်း” အာကာသယာဉ်ပြင်ပသုံး အာကာသဝတ်စုံကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်သည်။
လက်ရှိအချိန်အထိ ဒုတိယမျိုးဆက် “ဖေးထျန်း” အာကာသယာဉ်ပြင်ပသုံး အာကာသဝတ်စုံသည် တရုတ်အာကာသစခန်း တည်ဆောက်မှုကာလနှင့် လည်ပတ်မှုကာလ၏ EVAs မစ်ရှင် အကြိမ်များစွာ ဆောင်ရွက်မှုကို အပြည့်အဝ အာမခံပေးခဲ့ပြီး ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းအာကာသယာဉ်ပျံသန်းမှု ထိန်းချုပ်ရေးစင်တာ ဖန်သားပြင်တွင် ရှန်ကျိုး-၂၁ အဖွဲ့၏ အာကာသယာဉ်မှူး ဝူဖေး (အပေါ်) က ကျန်းလုအား စက်ပစ္စည်းကိရိယာ လက်ဆင့်ကမ်းပေးနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)



———————
(Chinese Version)
中国空间站在轨舱外航天服D、E首次成功保障出舱任务
新华社北京12月9日电(记者李国利、刘艺)神舟二十一号航天员张陆、武飞9日身着新上行的舱外航天服,圆满完成乘组第一次出舱活动。这是中国空间站在轨舱外航天服D、E首次保障太空出舱任务。
当日下午,记者在北京航天飞行控制中心大厅屏幕上看到,崭新的舱外航天服上,分别有张陆、武飞的签名。航天员在太空出舱活动过程中,舱外航天服是保障航天员在舱外活动中生命安全和高效作业的核心装备。
“这次出舱活动充分发挥了人在舱外的能动作用,舱外航天服很好地为航天员提供了安全保障。”中国航天员科研训练中心翟志宏介绍。
这次出舱活动使用的两套舱外航天服,于7月15日随天舟九号货运飞船上行至中国空间站,属于我国第二代“飞天”舱外航天服,研制编号分别为D、E,是空间站阶段继在轨舱外航天服A、B、C之后的第二批舱外航天服,主体颜色延续纯白,配色分别为红、蓝。
据中国航天员科研训练中心介绍,经过寿命评估及在轨健康监测,此前在轨舱外航天服B已实现了“4年20次”的延寿目标。在轨舱外航天服D、E的工作寿命由原来的“3年15次”提升为“4年20次”,即“在轨贮存4年,其间出舱使用次数不小于20次”。
2008年9月27日,神舟七号航天员翟志刚身穿第一代“飞天”舱外航天服在浩瀚太空留下中国人的第一个足印,圆满完成中国人首次太空出舱活动。
2021年7月4日,神舟十二号航天员身着第二代“飞天”舱外航天服,圆满完成出舱活动期间全部既定任务。这是中国空间站阶段首次太空出舱活动,也是第二代“飞天”舱外航天服首次“亮相”太空。
截至目前,第二代“飞天”舱外航天服已圆满保障了中国空间站建造期及运营期的历次出舱活动任务。(完)
1. 这是12月9日在北京航天飞行控制中心屏幕上拍摄的神舟二十一号乘组航天员张陆在舱外工作的画面。新华社记者 刘艺 摄
2. 这是12月9日在北京航天飞行控制中心屏幕上拍摄的神舟二十一号乘组航天员武飞(上)向张陆传递设备。新华社记者 刘艺 摄
