Connect with us

Africa & Middle East

မိုးခေါင်ရေရှားမှုဘေးဒဏ်သင့် ဆိုမာလီယာပြည်သူများကို ကူညီရန် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁ သန်း လှူဒါန်း

ဆိုမာလီယာနိုင်ငံ မြို့တော်မိုဂါဒစ်ရှူး၏ ဆင်ခြေဖုံးရှိ အယ်လ်-ဟိုင်ဒါယာစခန်း၌ ရေလာယူသူများကို ၂၀၂၅ ခုနှစ် ဧပြီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မိုဂါဒစ်ရှူး၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ဒီဇင်ဘာလအထိ လူပေါင်း ၄.၄ သန်းထက်မနည်း စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည့် ဆိုမာလီယာနိုင်ငံရှိ မိုးခေါင်ရေရှားမှု ဘေးဒဏ်သင့် ပြည်သူများအား ကူညီရန်အတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁ သန်း လှူဒါန်းလိုက်ကြောင်း သိရသည်။
အဆိုပါအလှူငွေအား ဒီဇင်ဘာ ၈ ရက်၌ လွှဲပြောင်းပေးအပ်ခဲ့သည့် ဆိုမာလီယာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဝမ်ယွိ က ထိုမိုးခေါင်ရေရှားမှုဘေးအား ဆိုမာလီယာအစိုးရ၏ တုံ့ပြန်ရေးကြိုးပမ်းမှုများကို ပံ့ပိုးကူညီရန် ကတိပြုခဲ့သည်။

ဆိုမာလီယာဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ (SoDMA) မှတစ်ဆင့် ပေးပို့ခဲ့သည့် အဆိုပါအလှူငွေမှာ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၏ ဒဿနိကဗေဒဆိုင်ရာ မူဘောင်တွင် အခြေခံထားကြောင်း Wang က ပြောကြားခဲ့သည်။
“မိုးခေါင်ရေရှားမှုကြောင့် နိုင်ငံအတွင်း အတိုင်းအတာကြီးမားများပြားလှတဲ့ နေရပ်စွန့်ခွာမှုနဲ့ ဒုက္ခတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
SoDMA ၏ ကော်မရှင်နာဖြစ်သူ မိုဟာမတ် မိုအာလင် အဗ္ဗဒူလီက အဆိုပါရန်ပုံငွေများကို နိုင်ငံတစ်ဝန်းရှိ မိုးခေါင်ရေရှားမှုတုံ့ပြန်ရေးကြိုးပမ်းမှုများကို ပံ့ပိုးရန်အတွက် အသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။

“ဒီထောက်ပံ့မှုက အစားအစာ၊ သန့်ရှင်းတဲ့ရေနဲ့ အထိခိုက်လွယ်ဆုံးလူမှုအသိုင်းအဝိုင်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အကူအညီတွေအပါအဝင် အရေးပေါ်ဝန်ဆောင်မှုတွေကို မြှင့်တင်ပေးမှာပါ။ ထိခိုက်ခံရတဲ့ မိသားစုတွေဆီ ထိရောက်တဲ့ အကူအညီတွေ အချိန်မီ ပေးပို့နိုင်ဖို့အတွက် SODMA က တရုတ်နိုင်ငံနဲ့ အခြားမိတ်ဖက်နိုင်ငံတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမှာဖြစ်ပါတယ်” ဟုလည်း မိုအာလင်က ပြောကြားခဲ့သည်။
ဆိုမာလီယာနိုင်ငံတွင် လူဦးရေ ၄.၄ သန်းမှာ ဒီဇင်ဘာလအထိ စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်ရဖွယ်ရှိပြီး အသက်ငါးနှစ်အောက် ကလေး ၁.၈၅ သန်းကလည်း အာဟာရချို့တဲ့မှုဒဏ်ကို ၂၀၂၆ ခုနှစ် နှစ်လယ်အထိ ခံစားရဖွယ်ရှိကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

……………….
(English Version)
China donates 1 mln USD to help drought-hit Somalis
MOGADISHU, Dec. 9 (Xinhua) — China has donated 1 million U.S. dollars to help drought-hit people in Somalia, where at least 4.4 million people are projected to face acute food insecurity through December.
Chinese Ambassador to Somalia Wang Yu, who handed over the donation on Monday, pledged support to the Somali government’s drought response efforts.
Wang said the contribution, which was channeled through the Somali Disaster Management Agency (SoDMA), is rooted in the philosophical framework of Chinese foreign policy.
“The drought has caused large-scale displacement and suffering in the country,” he said.
SoDMA Commissioner Mohamud Moallim Abdulle said the funds will be used to support drought response efforts across the country.
“The support will boost emergency services, including food, clean water, and essential aid for the most vulnerable communities. SODMA will strengthen cooperation with China and other partners to ensure timely and effective delivery of aid to affected families,” Moallim said.
At least 4.4 million Somalis are projected to face acute food insecurity through December, while 1.85 million children under five are expected to suffer acute malnutrition through mid-2026, according to the United Nations. ■
English Caption
People fetch water at Al-Hidaya camp on outskirts of Mogadishu, capital of Somalia, April 10, 2025. (Photo by Hassan Bashi/Xinhua)