Connect with us

China

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်က ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ခြင်းအခမ်းအနား ကျင်းပ၊ ရှီကျင့်ဖိန်က အမိန့်စာပေးအပ်၍ ရာထူးတိုး စစ်သည်အရာရှိများအား ဂုဏ်ပြုစကားပြောကြား

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် (CMC) က ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ခြင်းအခမ်းအနားကို ပေကျင်းမြို့ ပါးရီးအဆောက်အဦတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က ကျင်းပခဲ့ရာ ဗဟိုစစ်ကော်မရှင် (CMC) ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ရာထူးတိုးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ရှီကျင့်ဖိန် စသည့် ခေါင်းဆောင်ရဲဘော်များက ရာထူးတိုးမြှင့်ခံရသော ဗိုလ်ချုပ်ကြီးအဆင့် စစ်သည်အရာရှိများနှင့် စုပေါင်းဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် (CMC) က ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ခြင်းအခမ်းအနားကို ပေကျင်းမြို့ ပါးရီးအဆောက်အဦတွင် ဒီဇင်ဘာ ၂၂ ရက်က ကျင်းပခဲ့သည်။ ဗဟိုစစ်ကော်မရှင် (CMC) ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ရာထူးတိုးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ရာထူးတိုးမြှင့်ခြင်း အခမ်းအနားကို ခန့်ညားထည်ဝါ၍ တည်ကြည်လေးနက်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်သီချင်းနှင့်အတူ စတင်ခဲ့သည်။

ဗဟိုစစ်ကော်မရှင် (CMC) ဒုတိယ ဥက္ကဋ္ဌ ကျန်းရို့ရှာက ဗဟိုစစ်ကော်မရှင် (CMC) ဥက္ကဋ္ဌ ရှီကျင့်ဖိန် လက်မှတ်ရေးထိုးသော ဗိုလ်ချုပ်ကြီးရာထူးတိုးအမိန့်ကို ဖတ်ကြားခဲ့ပြီး ဗဟိုစစ်ကော်မရှင် (CMC) ဒုတိယ ဥက္ကဋ္ဌ ကျန်းစိန်းမင်က ရာထူးတိုးအခမ်းအနားကို ကြီးမှူးကျင်းပခဲ့သည်။

ရှီကျင့်ဖိန်က ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ခံရသည့် အရှေ့ပိုင်းစစ်ဒေသကြီး ကွပ်ကဲရေးမှူး ယန်ကျစ်ပင်း၊ အလယ်ပိုင်းစစ်ဒေသကြီး ကွပ်ကဲရေးမှူး ဟန်စိန့်ယန်ထံသို့ အမိန့်စာများ ပေးအပ်ကာ ဂုဏ်ပြုစကားပြောကြားခဲ့သည်။
ဗိုလ်ချုပ်ကြီးရာထူးအဆင့် ဝတ်ဆင်ထားသည့် အဆိုပါစစ်သည်အရာရှိနှစ်ဦးသည် ရှီကျင့်ဖိန်အား အလေးပြုခဲ့ပြီး အခမ်းအနားသို့တက်ရောက်သော ရဲဘော်အားလုံးကို အလေးပြုခဲ့ရာ အခမ်းအနားတစ်ခုလုံး လက်ခုပ်ဩဘာသံများ ပြည့်လျှံခဲ့သည်။

ရာထူးတိုးမြှင့်ခြင်းအခမ်းအနားသည် ကြည်လင်၍ ကျယ်လောင်သော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တေးသီချင်းနှင့်အတူ ကျင်းပပြီးစီးခဲ့သည်။ ထို့နောက် ရှီကျင့်ဖိန် စသည့် ခေါင်းဆောင်ရဲဘော်များက ရာထူးတိုးမြှင့်ခြင်းခံရသော စစ်သည်အရာရှိများနှင့် စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့သည်။
ဗဟိုစစ်ကော်မရှင် (CMC) အဖွဲ့ဝင် လျိုကျန့်လိ၊ စစ်ကော်မရှင်အဖွဲ့အစည်း ဌာနအသီးသီး၊ ပေကျင်းအခြေစိုက် တပ်မတော် သက်ဆိုင်ရာဌာနများမှ အဓိက တာဝန်ရှိရဲဘော်များ စသည်တို့လည်း ရာထူးတိုးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ (Xinhua)

———————
(Chinese Version)
中央军委举行晋升上将军衔仪式 习近平颁发命令状并向晋衔的军官表示祝贺
新华社北京12月22日电(记者梅常伟)中央军委晋升上将军衔仪式22日在北京八一大楼举行。中央军委主席习近平出席晋衔仪式。
上午10时30分许,晋衔仪式在庄严的中华人民共和国国歌声中开始。中央军委副主席张又侠宣读中央军委主席习近平签署的晋升上将军衔命令。中央军委副主席张升民主持晋衔仪式。
习近平向晋升上将军衔的东部战区司令员杨志斌、中部战区司令员韩胜延颁发命令状,表示祝贺。佩戴上将军衔的2位军官向习近平敬礼,向参加仪式的全体同志敬礼,全场响起热烈掌声。
晋衔仪式在嘹亮的中国人民解放军军歌声中结束。随后,习近平等领导同志同晋升上将军衔的军官合影。
中央军委委员刘振立,军委机关各部门、军队驻京有关单位主要负责同志等参加晋衔仪式。
1. 12月22日,中央军委晋升上将军衔仪式在北京八一大楼举行。中央军委主席习近平出席晋衔仪式。这是习近平等领导同志同晋升上将军衔的军官合影。新华社记者 李刚 摄