Connect with us

China

ချုံချင့်တိရစ္ဆာန်ဥယျာဉ်ရှိ ပန်ဒါများ နေအိမ်အသစ်သို့ ပြောင်းရွှေ့

လာရောက်နေထိုင်သော ပန်ဒါများက ပတ်ဝန်းကျင်အသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်နေသည်ကို ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချုံချင့်တိရစ္ဆာန်ဥယျာဉ် ပန်ဒါပြခန်းကို ယာယီပိတ်ထားပြီး ပြန်လည်ပြုပြင်မွမ်းမံခဲ့ရာ ဒီဇင်ဘာလ ၂၂ ရက်တွင် ပန်ဒါများအား တဖန်လက်ခံကြိုဆိုခဲ့သည်။
ယခုအကြိမ် ပြန်လည်ပြုပြင်မွမ်းမံရေးစီမံကိန်းသည် ပန်ဒါပြခန်းရှိ အတွင်းပိုင်း အဆောက်အအုံအချို့ အဆင့်မြှင့်တင်ခဲ့ပြီး နေထိုင်ရာအဆောင် လေဝင်လေထွက်ကောင်းမွန်စေကာ ပြင်ပလှုပ်ရှားလေ့ကျင့်ရာနေရာအတွက် ကောင်းမွန်ပြည့်စုံသော ပြုပြင်မွမ်းမံမှုများ ပြုလုပ်၍ ပိုမိုသဘာဝကျသော ဂေဟစနစ်ပတ်ဝန်းကျင်ကို အတုယူ မွမ်းမံထားသည်။ ဤပြန်လည်ပြုပြင်မွမ်းမံမှုသည် “နိုင်ငံ့ရတနာလေးများ” အတွက် ပိုမိုသက်သောင့်သက်သာရှိသော၊ ကျန်းမာသော နေထိုင်ရန်နေရာတစ်ခု ပေးစွမ်းသည့်တစ်ချိန်တည်းတွင်ပင် လာရောက်လည်ပတ်သူများအတွက် ပိုမိုကောင်းမွန်သော လည်ပတ်ကြည့်ရှုမှုအတွေ့အကြုံကိုလည်း ဖန်တီးပေးသည်။ (Xinhua)

လာရောက်နေထိုင်သော ပန်ဒါများက ပတ်ဝန်းကျင်အသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်နေသည်ကို ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(Chinese Version)
重庆动物园大熊猫搬新家
新华社照片,重庆,2025年12月22日
12月22日,重庆动物园大熊猫馆下馆完成馆舍改造并迎来大熊猫入住。
本次改造工程针对大熊猫馆下馆内舍更新了部分设施,改善了圈舍通风,针对外运动场进行了丰容改造,模拟更加自然的生态环境。此次改造为“国宝”提供了更舒适、健康的生活空间,同时也为游客创造了更佳的参观体验。
图说:12月22日,入住的大熊猫在适应新环境。 新华社记者 唐奕 摄