မြန်မာ-中文
ဖုန်လိယွမ်နှင့် တောင်ကိုရီးယားသမ္မတ၏ဇနီး ကင်ဟီဂျောင် လက်ဖက်ရည်စကားဝိုင်းဖြင့် စကားစမြည် ပြောဆိုဆွေးနွေး
ပေကျင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ၏ဇနီး ကင်ဟီဂျောင်တို့သည် ဇန်နဝါရီ ၅ ရက် ညနေပိုင်းက တရုတ်နိုင်ငံ ပေကျင်းမြို့တွင် လက်ဖက်ရည်စကားဝိုင်းဖြင့် စကားစမြည် ပြောဆိုဆွေးနွေးခဲ့သည်။
ဖုန်လိယွမ်က နှစ်သစ်ကူးအစတွင် ကင်ဟီဂျောင်အနေဖြင့် သမ္မတ လီဂျေမြောင်နှင့်အတူ တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်ခရီးစဉ်လာရောက်ခြင်းအား ကြိုဆိုခဲ့သည်။ ဖုန်လိယွမ်က နိုင်ငံများအကြား ဆက်ဆံရေးသည် ပြည်သူများရင်းနှီးမှုပင်ဖြစ်ကြောင်း၊ တရုတ်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အားလျော်စွာ နှစ်နိုင်ငံပြည်သူများအနေဖြင့် မကြာခဏ သွားလာဆက်ဆံပြီး အပြန်အလှန်နားလည်မှုကို မြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဖုန်လိယွမ်အနေဖြင့် ကင်ဟီဂျောင်က လူမှုရေးပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ကြိုးပမ်းလုပ်ဆောင်ကာ အမျိုးသမီးနှင့် ကလေးသူငယ်များ၏ အခွင့်အရေးနှင့် အကျိုးစီးပွားအား မြှင့်တင်မှုအတွက် လုပ်ငန်းများစွာ လုပ်ဆောင်ခဲ့ခြင်းကို တန်ဖိုးထားချီးကျူးကြောင်း၊ နှစ်ဖက်အနေဖြင့် အကျိုးဖြစ်ထွန်းသော အတွေ့အကြုံများ မျှဝေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ကင်ဟီဂျောင်က ဖုန်လိယွမ်၏ လှိုက်လှဲစွာဧည့်ခံမှုနှင့် ပြည့်စုံအောင် ဂရုတစိုက်စီစဉ်မှုများအား လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း၊ ဖုန်လိယွမ်က ကာလကြာရှည်စွာ အမျိုးသမီးနှင့် ကလေးသူငယ်ကဏ္ဍလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးဆောင်မှုများကို များစွာလေးစားမိကြောင်း၊ တောင်ကိုရီးယား-တရုတ် နှစ်နိုင်ငံပြည်သူများ သွားလာဆက်ဆံမှု တိုးမြှင့်ရေးကို တက်ကြွစွာ တွန်းအားပေးပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရန်အတွက် အကျိုးထမ်းဆောင်လိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
彭丽媛同韩国总统夫人金惠景茶叙
新华社北京1月5日电(记者温馨)1月5日下午,国家主席习近平夫人彭丽媛在北京同韩国总统夫人金惠景茶叙。
彭丽媛欢迎金惠景新年伊始陪同李在明总统首次对中国进行国事访问。彭丽媛表示,国之交在于民相亲,中韩两国是近邻,希望两国人民常来常往,增进相互了解。彭丽媛赞赏金惠景致力于社会公益事业,为促进妇女儿童权益保障做了很多工作,期待双方分享有益经验。
金惠景衷心感谢彭丽媛的热情接待和周到安排,对彭丽媛长期以来为妇女儿童事业发展所作贡献深表钦佩,表示愿积极推动韩中两国民众加强交流,为增进两国友好贡献力量。(完)
图说:1月5日下午,国家主席习近平夫人彭丽媛在北京同韩国总统夫人金惠景茶叙。 新华社记者 丁林 摄
